Jul 26, 2010

အဟောင်းဆိုင် သို့ တခေါက်

ဒီတပတ် အားလပ်ရက်မှာ  American  Thrift Store ကို ရောက်သွားခဲ့တယ်။
အဟောင်းပစ္စည်း ရောင်းတဲ့ဆိုင်ပါ။ အစိုးရက ပြည်သူတွေအတွက် စရိတ်သက်သာရာ
သက်သာကြောင်း ဖွင့်ပေးထားတာပါ။အဟောင်းဆိုင်ဆိုပေမဲ့ အသစ်ဆိုင်လိုပါပဲ :P
ဒီမှာ  အမေရိကန်လူမျိုးတွေက အစ အဟောင်းထည်ကိုဝတ်ဆင်ကြပါတယ် ။
ကောလိပ်တက်နေတဲ့ ကျောင်းသူကျောင်းသားတွေ အတွက် 70% discount
ရသလို ပင်စင်စား သက်ကြီးရွယ်အိုတွေအတွက် 50% discount ပေးပါတယ် ။
အဲလို အဟောင်းဆိုင်လေးတွေမှာ အ၀တ်အစား ကအစ အိမ်ပစ္စည်းတိုလီမိုလီ အကုန်ရပါတယ်။
အလုပ်သမားတွေက အလုပ်အတွက် အကြမ်းထည် ဂျင်းဘောင်းဘီတို့  ဘာတို့  ၀ယ်ဖို့ 
အလွန်အသုံးဝင်သလို အိမ်အတွက် တိုလီမိုလီသုံးစရာ အရမ်းဝယ်လို့ ကောင်းပါတယ် ။
ဂျင်း တစ်ထည်ကို ၄ဒေါ်လာ ၅ဒေါ်လာပဲပေးရတယ်။ Mall မှာဝယ်မယ်ဆို အသစ်တစ်ထည်ကို
ဒေါ်လာ ၃၀ ကအနည်းဆုံးပါပဲ ။အဟောင်းထည်ဆိုပေမဲ့ တော်တော်ကောင်းတယ်ပြောရမယ်။
လျှော်ဖွတ် ပိုးသတ်ထားပြီး မှ ဆိုင်တင်ပြီးရောင်းကြပါတယ်။
(အဲဒိဆိုင်ကြီးရဲ့  အနောက်ဘက်ဝန်းမှာ လာလှူတဲ့ အ၀တ်တွေကို လျှော်ဖွတ်ပိုးသတ်တဲ့
စက်ရုံ တစ်ရုံရိုပါတယ် )






မိုက်တယ်နော် ... အဟောင်းဆိုပေမဲ့ အသစ်နီးပါးကို လှပါတယ်


ဈေးသိပ်တန်တဲ့ ဖန်စီလေးတွေနဲ့ ...အိမ်သုံးပစ္စည်းလေးတွေ.......


အပြင်မှာ အသစ်ကို ၀ယ်မယ်ဆို ဒေါ်လာ ၁၀၀၀ အောက်မရ နိုင်တဲ့ ပရိဘောဂအချို့ ...



ဒီကြားထဲ ဆိုင်မန်နေဂျာက သိပ်သဘောကောင်းပြီ ခန့်ညားလွန်းလို့  အတင်းခွင့်တောင်းပြီး ဓာတ်ပုံရိုက်လာခဲ့တယ် ... ဘရက်ပစ်လိုလို ..တွမ်ခရု လိုလိုဆိုတော့.....

စိတ်ဝင်စားရင်ပြောနော် မိတ်ဆက်ပေးမယ်... :D

ချစ်ခင်လေးစားစွာဖြင့်
ယွန်း

13 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ဝင်စားပါတယ်ဗျို့
စောစောစီးစီး စာရင်းလာပေးသွားတား)

thawzin said...

ဟဟ သဘောကျမိတယ် အဲဒီလူကြီး။ တော်တော် လန်းတာပဲ။ လန်းလွန်းလို့ထင်တယ် ပန်းတွေတောင် နှုတ်ခမ်းမွေးကပ်ပေါက်နေတာနော်။ နှုတ်ခမ်မွှေးခွပန်း ဆိုပြီး မူပိုင်တင်သင့်တယ်။ အဲဒီဆိုင်က မြန်မာလိုပြောရရင် ဘေထုတ်ဆိုင်ကြီးပဲလိုပြောရမယ်ထင်တယ်နော်။
ခင်မယ်စွာဖြင့်ပါ။

ညိမ်းနိုင် said...

ဘေထုပ်ဆိုင်ကြီးက မိုက်တယ်ဗျာ....
ဂျင်း တစ်ထည်ကို ငါးကျပ်နဲ့ဆိုတော့ ဝယ်ချင်တယ်..
တကယ်.....
ဦးနှုတ်ခမ်းမွှေးကြီးက လည်း တကယ်လန်းတယ်...ဟီး
ဘယ်ကများရှာထားပါလိမ့်ဗျာ...

မြတ်မွန် said...

ကဲ ယွန်းလေးရေ..
ဒီကိုမလာခင် အာသာပြေ သွားပါတ်နေတာလားဟင်..

အလုပ်မအားလို့ ယွန်းရေ..
အွန်လိုင်းတောင် မတက်ဖြစ်ဘူး..
သတိရတယ်နော်..။

ချိုကျ said...

အဟောင်းဆိုင်ဆိုတဲ့ အသစ်လေးကို လာမွှေသွားတယ်ဗျို့ :)

ခင်တဲ့(ချိုကျ)

khin oo may said...

လှပါ့။

ယွန်း said...
This comment has been removed by the author.
နေ၀သန် said...

ဘာဝယ်ခဲ့လည်းဗျ...း))))

ခင်မင်တဲ့
နေ၀သန်

သဒ္ဓါလှိုင်း said...

မချောကဦးသွားပြီ..။ စာရင်းမပေးခဲ့တော့ဘူးနော်..။

ခင်မင်စွာ
သဒ္ဓါ

ခိုင်နုငယ် said...

ဖန်စီလေးတွေသဘောကျသွားတယ်။
မန်နေဂျာဆိုလို့မြင်ဖူးအောင်ကလစ်လိုက်တာ။
နုတ်ခမ်းမွေးကြီးနဲ့။း))))

ခင်မင်စွာဖြင့်
ခိုင်နုငယ

အင်ကြင်းသန့် said...

ယွန်းရေ....

ဘယ်သူမှမသိအောင် တိတ်တိတ်လေးပြောသွားမယ်။ ဆိုင်မန်နေဂျာကြီးနဲ့ မိတ်ဆက်ပေးနော် :D

ဂျင်း

သူကြီးမင်း (တုံးဖလား) said...

အသစ်တွေ ဘယ်လိုပြောင်းပြောင်း အဟောင်းကိုတော့ တစ်လည်လည်ဆိုသလိုပါဘဲလား။ လတ်နေတုန်းဘဲ။ ဘယ်သူက အဟောင်းမှန်း မသိလောက်ဘူး။

ဟိုဂျာကြီးကိုတော့ ယွန်းဘဲ ခပ်မြန်မြန်မူပိုင်ဆွဲထားလိုက်တော့။ တော်ကြာ ဟိုလူဆွဲ ဒီလူဆွဲနဲ့ နှုတ်ခမ်းမွေးတွေ ပြတ်တောက်ကုန်ဦးမယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

စနိုးငယ် said...

ဖန်စီလေးတွေသဘောကျတယ်. မမယွန်းရေ..
ဆိုင်ရှင်ဦးလေးကြီးကိုလည်း သဘောကျလို့ စာရင်းပေးသွားတယ်.. မမေ့ပါနဲ့နော်..

About me

Blogger templates