Sep 8, 2012

SERUM


7 Sep 12, 11:00 AM
သဲအိစံ:   မရေ. serum ဆိုတာ ဘာလဲဟင်. ဘယ်လိုသုံးရတာလဲ. toner ပြီးရင် လိမ်းရမှာလား.    moist.ပြီးမှလိမ်းတာလား. ( Cbox မှာမေးထားတဲ့ ညီမလေး သဲအိစံ အတွက် SERUM အကြောင်းကို ကျမသိသလောက် ပြန်လည်မျှဝေပါတယ်ရှင်  .. လိုအပ်နေတာရှိရင်လည်း သိသူများ ကွန်မန့် မှာ အချက်လက်လေးတွေ ထပ်ဖြည့်ပေးသွားလို့ ရပါတယ် ရှင် ..)

SERUM ဆိုတာ အသားအရည်အတွက် ကောင်းမွန်စေတဲ့ အပြင်းစား skin care တစ်မျိုးဖြစ်ပါတယ် ။
ပျက်စီးနေတဲ့ အသားအရေကို နက်နက်ရှိုင်းရှိုင်း ထွင်းဖောက် စိမ့်ဝင်ပြီး  ပြန်လည် ကောင်းမွန်လာအောင်
ပြုပြင်ပေးပါတယ် ။ SERUM ကို  oily skin  /sensitive skin /sun damaged skin /dry skin / dry sensitive skin အတွက်ဆိုပြီး အမျိုးမျိုးထုတ်ပါတယ် ။ ကိုယ့်အသားအရေနဲ့  လိုက်ဖက်တဲ့ SERUM ကို ရွေးချယ်အသုံးပြုနိုင်ပါတယ် ။

ဂျယ် အဖြစ် ၀ယ်လို့ ရသလို creamအဖြစ်နဲ့လည်းဝယ်ယူနိုင်ပြီး SERUM ကို Moisturizer ရဲ့အောက်ခံအဖြစ် သို့ မဟုတ်  Mask ရဲ့ အောက်ခံအဖြစ် အသုံးပြုနိုင်ပါတယ် ။Cleanser, toner  နဲ့ moisturizer ကို ဘယ်လို skin အမျိုးအစားမဆို အသုံးပြုနိုင်ပြီး SERUM ကိုတော့ သင့်အသားအရည်ဟာ ကြမ်းနေတာမျိုး သို့ မဟုတ် လူအများ သုံးလေ့သုံးထရှိတဲ့ skin care တွေနဲ့  သင့်အသားအရေ အဆင်မပြေဖြစ်နေတာမျိုးဆိုရင်တော့ SERUMကို အသုံးပြုနိုင်ပါတယ် ။

 အသားအရေ ခြောက်သူများအတွက် SERUM ကိုအသုံးပြုမယ်ဆိုရင်
SD Alcohol 40 ဒါမှမဟုတ်  Denatured Alcohol  ပါဝင်တဲ့ ခရင်က dry skin အတွက် ပိုသင့်တော်ပါတယ် ။

SERUM အသုံးပြုနည်း

ပထမဆုံး မျက်နှာကိုစင်ကြယ်အောင်  cleaning လုပ်ပါ
။ပြီးလျှင်SERUM ကို အသုံးမပြုမီ alcohol-free toner ကို အသုံးပြုပါ ။
 ပြီးလျှင် သင့်အသားအရေက အစိုဓာတ်ရအောင် ၅မိနစ်မျှထားပါ ။
အဲလို toner ကို ကြာကြာ ထားပေးခြင်းဖြင့်  SERUM ကိုအသုံးပြုသောအခါ သင့်အသားအလွှာထဲကို  SERUM နက်နက်ရှိုင်းရှုင်း စိမ့်ဝင်စေနိုင်တဲ့အတွက် သင့်အသားအရေအတွက်
လုံလောက်ပြီး ပိုကောင်းတဲ့ result ဖြစ်စေပါတယ် ။
 ဒီနေရာမှာ moisturizer သုံးချင်ရင် တော့ SERUM သုံးပြီး ၅မိနစ်လောက်ထားရပါတယ် ။
 ပြီးမှ moisturizerဆက်လက်အသုံးပြုနိုင်ပါတယ် ။

ပမာဏ ဘယ်လောက်များများအသုံးပြုရမလဲ ၊၊၊
 
SERUMကို အနည်းငယ်ဆို အသုံးပြုဖို့ လုံလောက်ပါတယ် ။မျက်နှာတပြင်
ခပ်စိုစိုလေးဖြစ်ရုံဆို လုံလောက်ပါပြီ ။ အများကြီးသုံးစရာမလိုပါ ။ လူအများစုက များများသုံးလေ ပိုကောင်းလေဆိုပြီး တချိန်တည်းမှာ  အများကြီးတွေ အသုံးပြုတတ်ကြပါတယ် ။လုံလောက်တဲ့ ပမာဏ
ထက်များလျှင်လဲ သင့်အသားအရေကို ထိခိုက်စေနိုင်ပါသည်။


စာဖတ်သူများကိုချစ်ခင်လေးစားစွာဖြင့်

ယွန်း


1 comment:

စံပယ်ချို said...

အမျိုးသမီးများအားလုံးကိုယ်စားကျေးဇူးတင်ပါတယ်
အမတို့ဆိုရင် ကိုယ်ကမန်းမဖြစ်ပြီးမသိတာတွေ သိလိုက်တယ် ..........ကျန်းမာရေးအရလဲအသုံးဝင်တယ်လေ.....လင့်ပါ.ူသွားတယ်နော်

About me

Blogger templates