Aug 26, 2010

ပစ္စုပန်ကို ပျော်ရွှင်စွာ ဖြတ်သန်းပါ

အိမ်အသစ်တစ်လုံး ပိုင်ဆိုင်ရ၇င်ပဲဖြစ်စေ ၊ အလုပ်သစ်တစ်ခုရရင်ပဲဖြစ်စေ ၊ သားဦး သမီးဦးမွေးဖွားပြီးရင်
ပဲဖြစ်စေ ၊ လက်ထပ်ပြီး၇င်ပဲဖြစ်စေ ဘ၀ဟာ ပိုပြီး ကောင်းမွန်လာတယ်လို့  ကျတော်တို့ ကိုယ့်ကိုယ်ကိုယ်
ယုံကြည်လာတတ်ကြပါတယ်။ ထို့ နောက် ကျတော်တို့ ဟာ ကလေးတွေ အရွယ်မရောက်သေးတဲ့အခါ
ကိုယ့်ကိုယ်ကိုယ် မချင့်မရဲ ဖြစ်တတ်ကြပေမဲ့ သူတို့ အ၇ွယ်ရောက် လာသောအခါ ကျတော်တို့ ကိုယ့်ကို
ကိုယ် အားရကျေနပ်မှူတွေ ခံစားလာတတ်ကြပါတယ်။


အဲဒါအမှန်ပါပဲ။ဒါပေမဲ့ အဲဒိအချိန်ဟာ အခုလက်ရှိအချိန်လောက်ကို ပျော်စရာကောင်းတဲ့အချိန်
မဟုတ်ဘူး။အခုမဟုတ်ရင်..ပျော်စရာကောင်းတဲ့ အချိန်ဟာ ဘယ်တော့လဲ....
သင်တို့ ရဲ့ ဘ၀ဟာ အမြဲ စိန်ခေါ်မှူတွေနဲ့ ပြည့်နှက်နေ တာ အမှန်ပါပဲ ။အဲဒိ စိန်ခေါ်မှူတွေကို
သင်ကိုယ်တိုင်ဖြေရှင်းရန်နှင့် ဆုံးဖြတ်ချက်  ချရန် အတွက် သင်ဟာ ပျော်ရွှင်နေဖို့ လိုပါတယ် ။
ပျော်ရွှင်ခြင်းဟာ နည်းလမ်းတစ်ခုပါပဲ ။


ဒါကြောင့် သင့်မှာ ဘယ်လို အခြေအနေပဲဖြစ်ဖြစ် ပျော်ရွှင်ခြင်းကို မွေးမြူပါ။ပျော်ရွှင်ခြင်းကို လူအများထံ
မျှဝေပါ ။အချိန်ရလျှင်  လူမှူရေး ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ပါ။
ထိုသို့ သင်နေထိုင်ခြင်းအားဖြင့် သင့်ဘ၀ရဲ့  ပြသနာ ၇၀%ကိုဖြေရှင်းဖို့ သင့်မှာ လုံလောက်နေပါပြီ။
ထို့ ကြောင့် ပြသနာများရင်ဆိုင်ရန် တစုံတစ်ခုကို စောင့်ဆိုင်းနေခြင်းအား ရပ်လိုက်ပါ။


သင် ကျောင်းပြန်မတက်မခြင်း.....................
သင်  ရဲ့ ကျောင်းမပြီးမခြင်း..............
သင်၏် လက်ထပ်ချိန်မတိုင်မီထိ..........
သင် ကလေးရချိန်မတိုင်မီထိ.............
သင့်ကလေးတွေ အိမ်မှထွက် လက်ထပ်သွားချိန် မတိုင်မီထိ.........
သင် အငြိမ်းစား မယူခင်အထိ.........
နွေရာသီ မတိုင်မီအထိ.
ဆောင်းမတိုင်မီအထိ...............
သစ်ရွက်တွေမကြွေခင်အထိ.......
နောက်ဆုံးးးး
သင် မသေခင်အချိန်လေးအထိ.........................
စသော သင့်ရဲ့ စောင့်ဆိုင်းခြင်း တွေကိုရပ်လိုက်ပါ။


အဲဒိအချိန်တွေက လက်ရှိ ပစ္စုပန် အချိန်တွေလောက် ပျော်စရာကောင်းမည်မဟုတ်ပါ ။
ထိုကြောင့် ယခုပစ္စုပန် တွင်  ပျော်ရွှင်ခြင်းကိုရွေးချယ်ပါ ။ ပစ္စုပန်တွင် ပျော်ရွှင်ခြင်းကို ဆုပ်ကိုင်ထားနိုင်ကြပါစေ ။




Anonymous ၏  Be Happy Right Now ကိုဘာသာပြန်ဆိုပါသည်။


ချစ်ခင်လေးစားစွာဖြင့် 
ယွန်း 

7 comments:

Anonymous said...

ဟုတ်..ပျော်ရွှင်စွာ ဖြတ်သန်းပါ့မယ်
စကားမစပ်
တန်းပလိတ်လေး လှလိုက်တာ..
မနာလိုဖြစ်သွားတယ်:P

ညိမ်းနိုင် said...

ဟင့်အင်း..ကျွန်တော်တော့ အဲလိုမထင်ဘူး...
အရွယ်ရောက်လာလေ....ကိုယ်မလုပ်နိုင်တာတွေကို သိလာပြီး...အားရမှုမရှိလေ
ပဲ..ဗျ....။တကယ်ပဲ လက်ရှိအချိန်ဟာ ပျော်စရာကောင်းတဲ့ အချိန်လား...။

နိုးအိမ်ရှင် said...

မင်္ဂလာပါ... ရောက်လာပါတယ်... စာတွေဖတ်သွားပါတယ်... အမေ့ဆီလဲ ဖုန်းဆက်တယ်... ပျော်ရွင်အောင်လဲ နေပါတယ်... ပျော်ရွင်အောင် နေနိုင်ပါစေလို့လဲ ဆုတောင်းပေးပါတယ်...

ယွန်း said...

ကိုမောင်လေး@>>>>
လူတိုင်းမှာ ကိုယ်မလုပ်နိုင်ဘူးလို့  ထင်ထားတဲ့အရာတွေ အများကြီးပါပဲ
အဲလို မလုပ်နိုင်တာကို စိတ်ပျက်နေမဲ့အစား ပျော်ပျော်ရွှင်ရွှင်နဲ့  ကိုယ်လုပ်နိုင်တာလေးတွေကို လူတွေအတွက် တတ်သလောက်လုပ်
ပေးနိုင်တယ်ဆိုရင် လက်ရှိအချိန်မှာ ပျော်အောင်နေတာနဲ့  အတူတူပဲပေါ့... မဟုတ်ဘူးလား

ရွှေရတုမှတ်တမ်း said...

ယွန်းရေ..ခုမှပဲရောက်ရတော့တယ်..ဘာသာပြန်ကောင်းလေးတွေ မကြာမကြာတင်ပါနော်...နယူးရော့ခ် မှာ အေးစပြုပြီလား..

sosegado said...

အကူအညီပေးနိုင်သမျှပေးတာ အကောင်းဆုံးပါပဲ

အင်ကြင်းသန့် said...

အိုကေ....တူနယ်ဂျင်း...အခုအချိန်ကစပီး နင်ကြောထားသလို (အဲလေ...နင်ဘာသာပြန်ထားသလို)မျိုး နာနေတော့မယ်နော်....နော်...နော်ရို့.... :P

About me

Blogger templates