Nov 14, 2010

အမေရိကန်မြန်မာကွန်မြူနီတီက ဒေါ်အောင်ဆန်းစုကြည်ထံ အရောက် ပြည်သူ့အသံ ပေးပို့ကြရန် တိုက်တွန်း

အမေရိကန်မြန်မာကွန်မြူနီတီက ဒေါ်အောင်ဆန်းစုကြည်ထံ အရောက် ပြည်သူ့အသံ ပေးပို့ကြရန် တိုက်တွန်း
မိုးမခအထောက်တော် ၀၀၂
နိုဝင်ဘာ ၁၄၊ ၂၀၁၀
ယနေ့ နေ့ခင်း ၁၂ နာရီခွဲမှာ ရန်ကုန်မြို့၊ ဗဟန်း၊ အင်န်အယ်ဒီပါတီ ဌာနချုပ်ရှေ့ ဧည့်ပရိသတ် သောင်းကျော်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်က သူလွတ်မြောက်လာအပြီး ပထမဦးဆုံး လူထုသို့ မိန့်ခွန်းပြောကြားလိုက်ပါတယ်။ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုရဲ့ အသံ၊ ဆန္ဒသဘောထားကို နားထောင်သွားမယ်။ လူထုနဲ့အတူ လက်တွဲပြီး အလုပ်လုပ်ကြမယ်လို့ ပြောလိုက်ပါတယ်။

ထိုအချိန်နဲ့ တပြိုင်နက်တည်းမှာပဲ အမေရိကန်ပြည်ထောင်စုရောက် မြန်မာကွန်မြူနီတီ မိသားစုများကိုယ်စား ၀ါရှင်တန်မက်ထရိုဒေသရောက် မြန်မာမိသားစုက မေတ္တာရပ်ခံလိုက်တာကတော့ - အမေရိကန်နဲ့ နိုင်ငံတကာက မြန်မာမိသားစုတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ထံကို မိမိတို့ရဲ့ နှုတ်ခွန်းဆက် စကားများကို ပို့စကဒ်များ၊ မှတ်စုကဒ်ကလေးများနဲ့ ရေးသားပြီး စာတိုက်ကနေ ပေးပို့ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နေအိမ်လိပ်စာနဲ့ ပေးပို့နိုင်တဲ့အပြင် အမေရိကန်နေ မြန်မာမိသားစုများအနေနဲ့ ရန်ကုန်ကအမေရိကန်သံရုံးကို ကိုယ်စားပြုတဲ့ အမေရိကန်ပြည်တွင်းရှိ စာတိုက်သေတ္တာကိုလည်း လိပ်မူနိုင်တယ်လို့ သိရပါတယ်။
ဝါရှင်တန်မက်ထရို၊ နယူးယောက်မြို့တော်၊ နယူးယောက်ပြည်နယ်တွင်းက အယ်ဘနီ၊ ဘတ်ဖဲလိုး၊ ယူတီကာ၊ ၀ါရှင်တန်ပြည်နယ်က ဆီယက်တဲ၊ ထရိုင်စီးတီး၊ အိုရီဂွန်ပြည်နယ်က ပို့လန်း၊ ကော်ရိုလာဒိုပြည်နယ်က ဒင်းဗား၊ ကယ်လီဖိုးနီးယားက အယ်လ်အေ၊ ဆန်ဖရန်စစ္စကိုဘေး၊ အင်ဒီယာနာပြည်နယ်က ဖို့ဝိန်း၊ မြောက်ကာရိုလိုင်းနားပြည်နယ်၊ နီဗားဒါးပြည်နယ်က လပ်စ်ဗေးဂတ်စ် စတဲ့ မိတ်ဆွေ မြို့နယ် ၁၄ မြို့နယ်အတွင်း တိုက်တွန်းတဲ့စာ ဖြစ်ပေမယ့် အမေရိကန်ပြည်တွင်းနဲ့ နိုင်ငံတကာက မြန်မာမိသားစုတွေကိုပါ အလေးအနက်ထား မေတ္တာရပ်ခံလိုက်တယ်လို့ ဆိုပါတယ်။
အဲသည်လိုမျိုး လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ သတင်းတွေကို ပြန်ကြားပေးဖို့ကိုလည်း မိုးမခကို တောင်းဆိုထားတာကြောင့် မိုးမခမီဒီယာကလည်း ဒေါ်စုထံသို့ အရောက် ပြည်သူ့အသံ လှုပ်ရှားမှုကို သတင်းကြားသိသမျှ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။
ဝါရှင်တန်မက်ထရို မြန်မာကွန်မြူနီတီက တိုက်တွန်းတဲ့ပေးစာကို ဖော်ပြလိုက်ပါတယ်

မိတ်ဆွေများခင်ဗျာ..
အမေရိကန်နိုင်ငံ ၁၄ မြို့နယ်က မြန်မာကွန်မြူနီတီတွေအနေနဲ့ ဒေါ်စု လွတ်မြောက်တဲ့ အပေါ် ကြိုဆိုတာနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်မှာ ကျနော်တို့ အဝေးရောက် တိုင်းရင်းသားပြည်သူအားလုံး အတူတကွရှိနေတယ် ဆိုတာ ပြသရန်အတွက် ပို့စကဒ်တွေ ပေးပို့တဲ့ လှုပ်ရှားမှုလေးတခုလုပ်ရန်  တိုက်တွန်းလိုက်ပါတယ်။
ကိုယ်နှစ်သက်ရာ ပို့စကဒ်ပေါ်မှာ တဦးချင်းစီရဲ့ ခံစားမှုပဲဖြစ်ဖြစ် အကြံပေးမှုပဲ ဖြစ်ဖြစ် အတိုချုပ်ရေးသားပြီးတော့ …
ဒေါ်အောင်ဆန်းစုကြည်
၅၄ တက္ကသိုလ်ရိပ်သာလမ်း
ရန်ကုန်မြို့
မြန်မာပြည်
သို့ ပို့ပေးကြပါမည်။
အမေရိကန်မှာရှိသူများကတော့ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်လိပ်စာအပြင် အမေရိကန်သံရုံးကို local postage ဖြင့် ဒီအောက်ပါလိပ်စာကိုပါ ပို့ကြပါမည်။
ဒေါ်အောင်ဆန်းစုကြည်
c/o
Box B, APO AP 96546
            သို့ဖြစ်ပါသဖြင့် မိမိတို့ရဲ့ Blog, Facebook, Twitter Account များမှတဆင့် တကမ္ဘာလုံးသို့ တပြိုင်နက် သတင်းပါးပေးပါရန် လေးစားစွာဖြင့်တိုက်တွန်းအပ်ပါသည်။
ကျနော်တို့အားလုံးရဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချစ်ခင်မြတ်နိုးမှု့ကို ပြသကြရအောင်လားခင်ဗျာ။
ဝါရှင်တန်မက်ထရိုကွန်မြူနတီ
..........................................................................................................................................
(မိုးမခ မှ ကူးယူ တင်ပြပါသည် ။)
အမေစုကို ချစ်ခင်ကြသူတိုင်း  ပို့ စကဒ်လေးတွေ ပေးပို့ ရင်း အဝေးေ၇ာက် မြန်မာတွေအားလုံး သူနဲ့အတူုရှိနေကြောင်းကို ပြသကြရအောင်....။

4 comments:

ရွှေရတုမှတ်တမ်း said...

ဝယ်ပြီးပြီ

SHWE ZIN U said...

ကိုကြီးကျောက် ကြီးကတော့ ဝရိယ ကောင်းတယ်ဗျ ထိပ်ဆုံးက

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

အမရေ....လှုပ်ရှားလိုက်တော့မယ်။ :)
...ခင်မင်လျှက်...ခင်မာလာအောင်...:)

ချော(အစိမ်းရောင်လွင်ပြင်) said...

ယွန်းရေ
ခုလို ဖော်ပြပေးတာကျေးဇူးပါနော်...
အခွင့်ရတာနဲ့ တို့လဲ ပိုစ့်စကဒ်လှလှလေးတစ်ခုနဲ့အတူ ရင်ထဲက စကားလုံးလေးတွေ အမေစုဆီ ပို့ချင်ပါသေးတယ်

About me

Blogger templates