Sep 20, 2011

မိုးထဲကအလွမ်း

raining Pictures, Images and Photos
Image from photobucket

မိုးနံ့ လေနံ့ လေးရတာနဲ့ 
အလွမ်းတွေ ရောက်ရောက်လာတယ်
ဘယ်နေရာကို ကြည့်လိုက် ကြည့်လိုက်
တစ်ယောက်တည်းဆိုတဲ့အသိက
အလွမ်းတွေကို ပိုထန်စေတယ်.........

ချစ်သူရေ.....
ငါ့အလွမ်းတွေ
နင့်ဆီမှာ အသံမြည်စေဖို့ 
ဘယ်ကြိုးကိုဆွဲရပါ့မလဲ
တိတ်တိတ်လေး ရောက်လာမလားလို့ 
မိုးရဲ့ ခြေသံနဲ့အတူ
နင့်ခြေသံကိုနားစွင့်နေမိတယ်
ဒီလိုနဲ့ပဲ....
ဟောဒိရင်မှာ
နင်မြတ်နိုးတဲ့ စံပယ်လေးတွေ
နောက်တခါ ပွင့်ရပြန်ပြီပေါ့...............။ 

 ချစ်ခင်လေးစားစွာဖြင့်
ယွန်း

9 comments:

blackroze said...

မယွန်းရေပျောက်ချက်သားကောင်းနေလိုက်တာ
ခုမှဘဲအလွမ်းကဗျာလေးနဲ့တူတူ
ပေါ်လာတော့တယ်နော်..
သတိရနေတာ..အမကို

အလွမ်းတွေအသံမြည်စေဖို့
သံယောဇဉ်ကြိုးလေးကိုသာ
အသာလေးဆွဲလိုက်နော်..မယွန်း

ခင်တဲ့ blackroze

ယွန်း said...

အစ်မလဲသတိရတာပေါ့ .. အားလုံးကိုသတိရနေတာ..
အခုစာပြန်ရေးဖို့ ကြိုးစားနေတယ် .. ဘလော့လေးနဲ့  ဘလော့ဂါသူငယ်ချင်းတွေကို သံယောဇဉ်မဖြတ်နိုင်သေးလို့  စာပြန်ရေးမလို့ လေ။

ခင်တဲ့
မယွန်း

SHWE ZIN U said...

ယွန်း ရဲ့ ကဗျာလေး ကိုဖတ်သွားပါတယ်

ယွန်း ရဲ့ ဧရာဝတီ ကိုလည်း မျှော်နေမယ်နော်

ညိမ်းနိုင် said...

ဝိုး.....အစ်မယွန်း....ဝဲလ်ကမ်းဘက် ပါဗျနော်.....:)))
အလွမ်းကဗျာလေးနဲ့ပြန်လာပြီပေါ့လေ....။
ကဗျာလေးလည်းသဘောကျတယ်ဗျိုးးးးးးးးး

Anonymous said...

ကဲ ယွန်းရေ....ကြိုက်တဲ့ကြိုးကိုသာဆွဲလိုက်တော့...း)


ဂျင်း

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘယ်တွေပျောက်နေတာလဲ
ကဗျာလေးနဲ့ ပေါ်လာပြန်ပြီ
စာတွေ ပြန်ရေးမယ်ဆိုလို့ ဝမ်းသာတယ် တကယ်။
အများကြီးရေးနော်။
ပျော်ရွှင်ကျန်းမာပါစေလို့

ခင်တဲ့
မချော

စံပယ်ချို said...

ချစ်သူမြတ်နိုးတဲ့စံပယ်တွေလဲ
အမြဲပွင့်နေပါစေ
အသံမြည်တဲ့အလွမ်းလေးကိုခံစားတတ်တဲ့
jasmine

သူကြီးမင်း (တုံးဖလား) said...

မိရွှေယွန်း ပျောက်လှချည်လား။

ဘယ်ကြိုးမှ မဆွဲနဲ့ အရှည်ဆုံးကြိုးကိုသာ ဆွဲလိုက်။ အဲဒါဆို သူ့ဆီ သွားမြည်လိမ့်မယ်။း))

ခင်မင်လျှက်

ယွန်း said...

တကယ် အ၇ှည်ဆုံးကြိုးကို ဆွဲလိုက်မှာနော် ..
အဆွဲမတော်လို့  တခုခုဆို၇င် သူဂျီးတရားခံနော်..
သူဂျီးမြှောက်ပေးလို့ ပဲ.. ဒါဗြဲ .. :)

About me

Blogger templates