Sep 23, 2011

ဧရာဝတီ ကိုကယ်တင်ပါ




စာမရေးတာကြာပေမဲ့ အခုတော့ ကြားရတာ နားဝမှာ မသက်သာတာတွေများလာလို့ မနေနိုင်လို့ရေး
ရပါဦးမယ်။ အခုတလော ဧရာဝတီမြစ်ဆုံဆည် စီမံကိန်း ကိုသတင်းတော်တော်များများမှာ ဖတ်နေကြားနေရတယ် ။နေပြည်တော်က ကြပ်မပြည့်တဲ့ အစိုးရ၀န်ကြီးတွေကြောင့်
ကျမတို့  နိုင်ငံရဲ့  ယဉ်ကျေးမှူ အမွေဖြစ်တဲ့ ဧရာဝတီမြစ်ကြီးဟာ တိမ်ကောရတာ့မယ်။
ဧရာဝတီဆိုတာ မြန်မာပြည်ကြီးရဲ့  အသက်သွေးကြောမြစ်ကြီးဖြစ်ပါတယ် ။ မြစ်ကြောတလျောက်က
မြစ်နဲ့ လုပ်ကိုင်စားသောက်ရတဲ့ ပြည်သူတွေကလည်း  ဧရာဝတီမြစ်ကြီးကို အားထားနေရသလို
မိုးနည်း ဒေသတွေကလည်း ဧရာဝတီကိုပဲ အားကိုးပြီး စိုက်ပျိုးေ၇း လုပ်ကြပါတယ် ။
နက်နက်နဲနဲမတွေးပဲ ဒီလိုလေးတွေးကြည့်၇င်တောင်မှ လူပေါင်းများစွာ ဘ၀ပေါင်းများစွာ မိသားစုပေါင်းများစွာဟာ ဧရာဝတီကိုမှီခိုနေကြရတယ် ဆိုတာအသိသာကြီးပါ။

တဖက်ကကြည့်ရင်လဲ ဧရာဝတီဟာ တိုင်းပြည်ရဲ့  အသက်သွေးကြောဖြစ်တယ် ။
မြန်မာနိုင်ငံရဲ့  အလယ်ကိုဖြတ်သန်းစီးဆင်းပြီး မြန်မာပြည်မှာစ မြန်မာပြည်မှာပဲဆုံးတဲ့
မြန်မာပြည်ရဲ့  အထင်ကရ မြစ်ကြီးလဲဖြစ်တယ် ။ခေတ်အဆက်ဆက်၊ ရာဇ၀င်အဆက်ဆက်မှာ မင်းအဆက်ဆက်က တန်ဖိုးထားထိန်သိမ်းခဲ့ကြတဲ့ မြန်မာ့ယဉ်ကျေးမှူ အမွေအနှစ်လဲ ဖြစ်တယ် ။

အခုတော့ နေပြည်တော်က ကြပ်မပြည့်ကြတဲ့ အစိုးရ၀န်ကြီးတွေက ပြည်သူလူထု
ရဲ့ ဆန္ဒကို မျက်ကွယ်ပြုပြီး ဧရာဝတီမြစ်ဆုံမှာ  ဆည်ဆောက်မယ်ဆိုတာ လုံးဝမဖြစ်သင့်ဘူးလို့ပဲ
ယူဆပါတယ်။ဒီမြစ်ဆုံစီမံကိန်းကြီးကို ပြည်တွင်းပြည်ပ အတတ်ပညာရှင်များ၊ မီဒီယာလောကသားများ၊ စာပေအနုပညာရှင်များ၊ ပြည်သူများကဒီစီမံကိန်း ကြောင့် ပြည်သူအားလုံး ဘ၀ပျက်ကြမယ့် အခြေနေများ တင်ပြပြီး ဒီစီမံကိန်းကြီးကို ကန့်ကွက်ကြသော်လည်း ဂရုမစိုက်ပဲ လုပ်ချင်ရာ ဆက်လုပ်နေကြတာဟာ တော်တော်စိတ်ပျက်စရာကောင်းပါတယ်။

ပြီးတော့ စိတ်အပျက်ဆုံးကတော့ သတင်းစာရှင်းလင်းပွဲတွေမှာ ငါ့စကားနွားရ
ပြောချင်ရာလျောက်ပြောနေတဲ့လျှပ်စစ်ဝန်ကြီးကိုပဲ ။ပြည်သူလူထုရဲ့ အသံကိုနားမထောင်ပဲ
ဘယ်ကောင် ဘာပြောပြော ဆက်လုပ်မယ်...မန်မာနိုင်ငံမှာတော့
ရေအားလျှပ်စစ်နဲ့ပတ်သတ်ပြီးတော့ လက်ရှိအချိန်မှာ သူ့  ထက်ပိုပြီးတော့ အတွေ့ အကြုံရှိတဲ့လူ မရှိတော့ဘူးဆိုတာမျိုးပြောသွားတဲ့အတွက် တော်တော် စိတ်ပျက်မိတယ်။

အဲလိုဆည်ဆောက်ခြင်းကြောင့် မြစ်ကောသွားပြီး ကုန်းတွေအလိုလိုပေါ်လာမယ်။
သဘာဝပတ်ဝန်းကျင်ကိုလဲ ကျိန်းသေထိခိုက်နိုင်တယ်ဆိုတာ ပညာရှင်တွေမဆိုထားနဲ့  ကျမတို့  သာမန်လူတွေတောင် နားလည်တဲ့အချက်ပါပဲ။ပြီးတော့အဲ့ဒီဆည်ကြီးကြောင့် ကျေးရွာပေါင်း (၄၇) ရွာဟာလည်း ရေ လွှမ်းမိုးခံရကိန်းရှိနေပါတယ်။ နိုင်ငံတော် အစိုးရတွေ အကျိုးခံစားရမှာကနောက်
ပြည်သူလူထုတွေ အခက်အခဲကြုံတွေ့ ကြရမှာက အရင်ပါ။ တိုင်းပြည်ရဲ့ အမွေအနှစ်ကို မထိန်းသိမ်းတဲ့
အပြင် အစိုးရကိုယ်တိုင်က တိုင်းတပါးသားလက်ထဲရောင်းစားနေတာ သဘာဝတော့မကျလှဘူး။
ဘယ်သူသေသေ ငတေမာ၇င်ပြီးေ၇ာဆိုတဲ့ စိတ်တွေနဲ့  ပြည်သူတွေ ဒုက္ခ္ခ္ခ္ခ္ခတွေ့ မှာကို ထည့်မတွက်ပဲ
ကိုယ်ကျိုးစီးပွားတချက်တည်း ကြည့်မယ်ဆိုရင်  ဧရာဝတီကို ကျမတို့  ဆုံးရှူးံသွားရတော့မှာ အမှန်ပဲ ။ ကျမတို့ ရဲ့ မျိုးဆက်သစ်လေးတွေကို ယဉ်ကျေးမှူအမွေအနှစ်ဖြစ်တဲ့ ဧ၇ာဝတီကို လက်ဆင့်ကမ်းပေးနိုင်ပါ့မလား လို့ တွေးတောရင်း ရင်မောမိတာ အခါခါပါ  ။
အရင်က ကိုထူးအိမ်သင် ရဲ့  ရာဇ၀င်ထဲက သတို့ သမီးဆိုတဲ့ သီချင်းလေးကြားရင် ရင်ထဲမှာ ဧရာဝတီကိုချစ်တဲ့စိတ် အမိမြေကိုချစ်ခင်တဲ့စိတ်ကိုခံစားခဲ့ရပေမဲ့
အခုနေတော့ အဲဒိသီချင်းလေးနားထောင်မိ၇င် ဧရာဝတီကို ဆုံးရှူးံရတော့မယ်ဆိုတဲ့ ခံစားချက်
တစ်ခုနဲ့တင် ရင်ထဲမှာ ဆို့ နင့်လာသလိုပါပဲ ။
 
ဘာပဲဖြစ်ဖြစ်  မြန်မာပြည်သားတစ်ယောက်အနေနဲ့ ပြောရရင်

ဧရာဝတီမြစ်ကြီးကို ဒီအတိုင်းပဲမြင်ချင်တယ် ....

ဧရာဝတီရဲ့ အရှိန်မပျက် စီးဆင်းနေတဲ့  မြစ်ရေတွေကို ဒီအတိုင်းပဲ ရှိပါစေ..မတားဆီးကြပါနဲ့ ..

ဧရာဝတီ လွတ်လပ်စွာစီးဆင်းပါစေ....

ပိတ်ပင်တားဆီးမှူတွေ ကင်းဝေးပြီး လွတ်လပ်စွာ စီးဆင်းနိုင်စေဖို့  ကျမတို့ အားလုံး 
ဧရာဝတီကို တတ်နိုင်သလောက် ၀ိုင်းဝန်း ကာကွယ်ကြပါစို့ ....


ဧရာဝတီ မြစ်ဆုံဆည်  စီမံကိန်းကို လုံးဝ ကန့် ကွက်ပါသည်

စာဖတ်ပရိတ်သတ်များအား အစဉ်လေးစားလျှက်
ယွန်း

19 comments:

သက်တန့်ချို said...

အရင်က ကိုထူးအိမ်သင် ရဲ့  ရာဇ၀င်ထဲက သတို့ သမီးဆိုတဲ့ သီချင်းလေးကြားရင် ရင်ထဲမှာ ဧရာဝတီကိုချစ်တဲ့စိတ် အမိမြေကိုချစ်ခင်တဲ့စိတ်ကိုခံစားခဲ့ရပေမဲ့
အခုနေတော့ အဲဒိသီချင်းလေးနားထောင်မိ၇င် ဧရာဝတီကို ဆုံးရှူးံရတော့မယ်ဆိုတဲ့ ခံစားချက်
တစ်ခုနဲ့တင် ရင်ထဲမှာ ဆို့ နင့်လာသလိုပါပဲ ။အတူတူပါပဲဗျာ ကျွန်တော်လည်း ရင်ထဲ ဆို့နင့်နေတယ် ဟူးးး ဘာတွေဆက်ဖြစ်မှာပါလိမ့် ။

Candy said...

စာဖတ်သွားတယ် ယွန်း.... လင့်ခ်လည်း ယူသွားပါတယ်.. :D

seesein said...

ဧရာဝတီ လွတ်လပ်စွာ စီးဆင်းပါစေ

မြစ်ဆုံး ဆည် မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါသည်..

ခင်မင်တဲ့
seesein

မိုးယံ said...

အနော်လဲ ကန့်ကွက်တယ်.. မြစ်ဆုံစီမံကိန်းကို....

တစ်ဖက်က ချက်ကျလက်ကျ ထောက်ပြတာကို ပြေပြေလည်လည် ရှင်းပြနိုင်ရင်တောင် ယုံကြည်ပေးဖို့ စဉ်းစားမလို့ ကြံတုန်းမှာဗျာ....

မြတ်မွန် said...

သွေးကြောမကြီး ပျက်စီးမှတော့ သေဖို့ပဲ ရှိတော့တာပေါ့။

ဆက်မလုပ်ကြပါနဲ့တော့။

အဖြူရောင်နတ်သမီး said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါသည်..။

မြသွေးနီ said...

ဧရာဝတီကို လွတ်လပ်ခွင့်ပေးပါ...။
ဒီမြေမှာနေ ဒီရေကိုသောက်ပြီး
ဧရာဝတီကို ကျေးစွပ်နေကြတာ ရင်နာတယ်..။
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါတယ်..။

စံပယ်ချို said...

ယွန်ရဲ့ ကန့်ကွက်မှုကိုလဲ
ပြည့်ပြည့်၀၀ထောက်ခံပါတယ်နော်..
ခင်မင်တဲ့ jasmine

အင်ကြင်းသန့် said...

ယွန်းရေ....ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်။

mstint said...

ပြည်သူတို့ချစ်ခင်တွယ်တာတဲ့ မြစ်ဧရာ ထာဝရအေးချမ်းစွာစီးဆင်းနိုင်ပါစေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

SHWE ZIN U said...

ယွန်းရေ

ထပ်တူထပ်မျှ ပါ ကျေးဇူးနော် ညီမ

ခင်မင်စွာဖြင့်
အမရွှေစင်

ကိုအောင်(ပျူနိုင်ငံ) said...

မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...

ချော(အစိမ်းရောင်လွင်ပြင်) said...

ဧရာဝတီ ထာဝစဉ်တည်တံ့ဖို ပြည်သူပြည်သားတိုင်းမှာ တာဝန်ရှိတာပေါ့ယွန်းရေ
တာဝန်မဲ့နေသူတွေကြောင့် ခက်နေတာ။

blackroze said...

ဒီစီမံကိန်းကြီးကိုလုံးဝကန့်ကွက်ပါတယ်

ချယ်ရီမြေ said...

မြစ်ဆုံရေကာတာ စီမံကိန်းကို ထပ်တူထပ်မျှ လုံးဝလုံးဝ ကန့်ကွက်ပါတယ်...
ဧရာဝတီ ထာဝစဉ်စီးဆင်းနိုင်ပါစေ

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

လင်းခေတ်ဒီနို said...

ငါတို့ရဲ့ ဆန္ဒတွေ ဖြစ်မြောက်အောင်မြင်ပါစေ လို့ပဲ ဆုတောင်းမိတယ် ယွန်းရေ . . . .

အယ် မိယွန်း ဘယ်သူ တေတေ မဟုတ်ဘူးကွယ် ဘယ်သူ သေသေ ငတေမာရင်ပြီးရော လုပ်ပါး)))

ယွန်း said...

>> ဗညား ရေ..ပြန်ပြင်ပြီးပြီနော် ..
တင်ချင်ဇောနဲ့ သတ်ပုံပြန်မစစ်လိုက်မိဘူး လာပြပေးတဲ့အတွက် ကျေးဇူးသူငယ်ချင်း :D

မြစ်ကျိုးအင်း said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝ ကန့်ကွက်ပါတယ်။

nai said...

ကန့်ကွက်ပါတယ်.....ဗျာ...

About me

Blogger templates