Aug 25, 2012
ကျန်းမာရေးနှင့် ညီညွှတ်သော အသားအရည် ထိန်းသိမ်းနည်းများ
 စာမရေးတာကြာတော့ စာကိုဘယ်ကစရေးရမှန်းမသိ ဖြစ်နေတယ် ။ စကားလုံးတွေက ပျောက်လိုက်ပေါ်လိုက်နဲ့  ဖြစ်နေမိပြန်တယ် ။
အဲဒါနဲ့  ရေးပြီးသားအဟောင်းလေးတွေ ပြန်ရှာဖတ်မိတော့ ကိုယ့်ကိုယ်ကိုယ် တကယ် ရီရမှန်းသိလာတယ်။
တချို့ စာလေးတွေက ရင့်ကျက်သယောင်ယောင်ရှိပေမဲ့ တချို့ စာလေးတွေက ကလေးကလားနဲ့
ကျမတော်တော် လိုနေသေးတာပဲလို့  ကိုယ့်ကိုယ်ကိုယ် ရယ်လိုက်မိပါသေးတယ် ။တချို့ ကဗျာလေးတွေ
ပြန်ဖတ်မိရင် ခံစားချက်တွေ မကွယ်ဝှက်တမ်း ပေါက်ကွဲထားသေးတယ် ..သြော်..ကျမတော်တော်
ညံ့တာပဲလို့  .. ။ပြီးတော့ စာမရေးဖြစ်တဲ့ ၁နှစ်အတွင်းမှာ  follower အဖြစ် ရှိနေသေးတဲ့ သူငယ်ချင်း မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ် ။ အခုလဲ အလှအပရေးရာလေးတွေ တတ်သလောက် မှတ်သလောက်လေးတွေ ပြန်ဖွပါဦးမယ် ။
လိုနေသေးတာလေးတွေအတွက်လည်း သည်းခံ ရှူစားတော်မူကြပါ ။
ကျမတို့ အသားအရည်ဟာ နေ့ စဉ်နေဒဏ်  .လေဒဏ်  ၊ ရာသီဥတုဒဏ် များကြောင့် အလွယ်တကူ
ခြောက်သွေ့ခြင်း ၊ စိုပြေမှူမရှိခြင်း  စတဲ့ အခြေနေအမျိုးမျိုး ဖြစ်ပေါ်နေလေ့ ရှိပါတယ် ။
သူငယ်ချင်းတွေ အတွက် နေ့ စဉ် အသားအရည်ထိန်းသိမ်းနည်းလေးတွေ ကို ကျမသိသလောက် ပြန်လည်
ဝေမျှထားခြင်းဖြစ်ပါတယ် ။
၁ )  အသီးအရွက် များများစားပေးခြင်း
အသီးအရွက် စားပေးခြင်းဖြင့် ကျန်းမာရေးအတွက်ကောင်းသလို အသားအရည်ကို ကြည်လင်စေပါတယ် ။
များသောအားဖြင့် Vitamin C  နဲ့  E ပါဝင်တဲ့ အသီးအရွက်များဟာ အသားအရည်လှပအောင် အထောက် အကူပြုပါတယ် ။ အသီးအရွက်ကို များသောအားဖြင့် soup ပြုလုပ် သောက်သုံးခြင်းဟာ အသားအရည်ကို
လှပစေတဲ့အပြင် အဆီချရာမှာလည်း အသုံးဝင်စေပြီး  ဘော်ဒီကိုလည်း သွယ်လျှ လှပစေတယ် ။
၂) အိပ်ရေးဝအောင်အိပ်ခြင်း
အိပ်ရေးဝအောင်အိပ်ခြင်းဖြင့် အသင့်အသားအရည်စိုပြေမှူအတွက် အထောက်အကူဖြစ်စေတဲ့အပြင်
၃)  ရေချိုးပြီးချိန် နှင့် နေပူထဲထွက်ခါနီး Moisturizer  ပါသော Lotion လိမ်းပါ 
  ရေချိုးချိန်တွင်  Moisturizing Body Wash ကို အသုံးပြုပါ ။ ပြီးလျှင် Moisturizer  ပါဝင်သော lotion ကို အသုံးပြုခြင်းဖြင့်သင့်  အသားအရေကို စိုပြေစေပါသည် ။ တကယ်လို့ သင့် အသားအရည်က အဆီပြန်သော အသားအရည်ဖြစ်ခဲ့မယ်ဆိုရင် oil free moisturizer ကို အသုံးပြုပေးပါ ။( ကျမကတော့ Aveeno  Body Lotion ကိုသုံးပါတယ် .. တပတ်အတွင်း အသားကို သိသိသာသာ ကြည်လင်လာစေပါတယ် )
၎) ဆေးလိပ်သောက်ခြင်း မှ ရှောင်ကြဉ်ပါ
ဆေးလိပ်သောက်ခြင်းဖြင့် အဆုတ်ကင်ဆာ ဖြစ်နိုင်သလို သင့်အသားအရည်ကို အလွန်အိုမင်းစေသည် ။ 
ဆေးလိပ်သောက်သူနှင့် ဆေးလိပ်မသောက်သူတို့ အသားအရည်ကွာခြားပုံကို သင် နိုင်းယှဉ်ကြည့်နိုင်ပါသည် ။ ဥပမာ နုတ်ခမ်းများက်ုကြည့်ပါ ။ဆေးလိပ်သောက်သူ၏ နုတ်ခမ်းမှာ ပြာခြင်း (သို့ ) မဲခြင်း များဖြစ်ပေါ်သည်ကိုတွေ့ နိုင်ပါသည် ။ ဆေးလိပ်သည် သင့်အသားအရည်ကို မွဲခြောက်စေသော အကြောင်းအရာများထဲမှတစ်ခုဖြစ်ပါသည် ။
၅ ) ရေများများသောက်ပါ
နေ့ စဉ် ၆ခွက်မှ ၈ခွက်အထိသောက်ပေးပါ ။ ရေသောက်ခြင်းဟာလည်း  အသားခြောက်ခြင်း ၊ အသားအရည် အက်ကွဲခြင်းတို့ မှကာကွယ် ပေးပြီး  သင့်အသားအရည်ကို ကြည်လင်စေတဲ့အချက်တစ်ခုဖြစ်ပါတယ် ။
၆)နေ့ စဉ် လေ့ကျင့်ခန်းလုပ်ပါ 
နေ့ စဉ်လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေးခြင်းအားဖြင့်  သွေးလည်ပတ်မှူအတွက်ကောင်းသလို အသားအရည်ကိုလည်း ကျစ်လစ်လှပစေတယ် ။ လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ကိုယ်ခန္ဒာထဲက 
အဆီစုတွေကို ဖယ်ရှားပေးတဲ့အတွက် ကျန်းမာရေးအတွက် အတွက်ကောင်းစေတဲ့ အချက်တစ်ခုဖြစ်တယ် ။
ဒီနည်းတွေက အသားဖြူစေတဲ့နည်းတွေတော့ မဟုတ်ဘူး ။ဒါပေမဲ့ အသားအရည်ကို ကြည်လင် စိုပြေစေပါလိမ့်မယ် ။ပျိုပျိုမေတို့  လှသထက်လှနိုင်ကြပါစေ ။
ချစ်ခင်လေးစားစွာဖြင့် 
ယွန်း
2 comments:
seesein said...
ကျေးဖူးပါ
ခင်မင်တဲ့
seesein
ချော(အစိမ်းရောင်လွင်ပြင်) said...
အသိသာရှိပြီး လိုက်မလုပ်ဖြစ်ဘူး ယွန်းရေ....
လိုက်လုပ်ဖို့ ကြိုးစားဦးမှပါဘဲ
စာတွေ ပြန်ရေးပါဦးလို့..
About me
Blogger templates