Jun 24, 2009

မြန်မာမိသားစုများနှင့် ရိုက်နှက်ခြင်းဓလေ့

"ဒီအရွယ်ကတည်းက ရိုက်ထားမှတော်ကာကျတာ"
"တုတ်ကိုကြောက်အောင်လုပ်ထားမှ.. "
စသဖြင့် ကျမတို့ပတ်ဝန်းကျင်မှာ နေ့စဉ်ကြားနေရသော စကားလုံးများ...

သူငယ်ချင်းတို့လဲကြားဘူးကြမယ်ထင်ပါတယ်...ဒီစကားများကို ငယ်စဉ်ကတည်းက
ကျမတို့နေ့စဉ် နားယဉ်ခဲ့ပေလိမ့်မည်...ကလေးများကိုဘာလို့ ရိုက်ကြတာလဲ...
ဘာကြောင့်ပါလဲ....ကလေးဆိုသည်မှာ အင်မတန်နုနယ်သော လိုရာပုံသွင်းနိုင်သော
ဖယောင်းလေးများဖြစ်ကြပါတယ်အတုမြင်အတတ်သင် လွယ်ကြတယ်..
့အရာရာကိုစူးးစမ်းချင်ကြတယ်..ကျမတိုမြန်မာမိသားစုအကြား ကလေးများကို
နားလည်ပေးခြင်းနည်းပါးပြီးးးရိုက်နှက်ခြင်းကို အလွယ်တကူ
ကျင့်သုံးလေ့ရှိတာတွေ့ရတယ်...ကျမအမြင်ပြောရရင်ရိုက်နှက်ခြင်းဖြင့်
ကလေးတစ်ယောက်ရဲ့ရင်ထဲကို ကြောက်စိတ်သွင်းပေးလိုက်သလိုဖြစ်လာပါတယ်
ကြောက်စိတ်ကြောင့် ကလေးတစ်ယောက်ရဲ့စူးစမ်းချင်စိတ်လေ့လာချင်စိတ်ကို
ရိုက်ချိုးလိုက်သလိုဖြစ်သွားနိုင်ပါတယ် ကလေးများကို ရိုက်နှက်မဲ့အစား သူတို့
သိချင်တဲ့အကြောင်းတရားရဲ့အကျိုးနဲ့အပြစ်ကို ပြောပြပေးရင် ပိုမကောင်းဘူးလားးးးးး
သူတို့ကိုစဉ်းစားတတ်လာအောင် အခွင့်အရေးပေးခြင်းဖြင့် သူတို့ရဲ့အသိတရား
လေးတွေတိုးတက်လာအောင် လေ့ကျင့်ပျိုးထောင်ပေးတာပိုမကောင်းဘူးလားးး
သူတို့ရင်ထဲမှာသိမ်ငယ်ကြောက်ရွံ့နေမယ့်အစား ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှူရှိ
တဲ့လန်းဆန်းတက်ကြွနေတဲ့ကလေးများဖြစ်နေပါစေ...။
ကြောက်ရွံခြင်းကင်းတဲ့ကလေးများဟာ အများအားဖြင့် လူကြီးဖြစ်လာတဲ့အခါ ကိုယ့်ကိုကိုယ်အားကိုးလာတတ်ကြတယ်။ တခါတလေဈေးသွားဝယ်ရင်
တချို့ကလေးတွေကလူမြင်ရင်မကြောက်ဘူးးးးအနားကပ်လာပြီး ဟိုင်းး ဆိုပြီး
နူတ်ဆက်တယ်..စကားပြောတယ်။ကျမတို့မြန်မာကလေးများကတော့ အများအားဖြင့်
လူကြားထဲခေါ်သွားတဲ့အခါ သူစိမ်းတွေ့ရင်အမေအဖေနောက်ပြေးကပ်ပြီးး
ပုန်းနေတတ်ပါတယ်။ စကားပြောရင်လဲ ရှက်သလိုကြောက်သလိုဖြစ်နေတတ်တယ်..။
အဲဒါဘာကြောင့်ပါလဲ...အဓိကကတော ကလေးဟူသောအမြင်ဖြင့်
သူတို့အားနေရာမပေး အလေးမထားဘဲရိုက်နှက်ခြင်းကြောင့်လို့ ကျမယူဆမိပါတယ်။
နောက်တခုက ကလေးများကအတုမြင် အတတ်သင်လွယ်တာကြောင့် သူတို့ရှေ့မှာ
ကြမ်းတမ်းတဲ့အမူအရာ မပြသင့်ပါ။ ထိုကလေးများဟာ့ လူကြီးဖြစ်လာတဲ့အခါ သူတို့
မသိစိတ်မှာ ကြမ်းတမ်းတဲ့အပြုအမှူများ ကပ်တွယ်လာပြီး သူတို့ကိုယ်တိုင် ကြမ်းတမ်း
လာတတ်ပါတယ်။ကျမတို့ကိုယ်တိုင်တောင် ကလေးများကိုစိတ်တိုလာတဲ့အခါ
အော်ပစ်လိုက်ချင်တာတို့ ရိုက်ပစ်လိုက်ချင်တဲ့စိတ်တို့ ပေါ်လာတတ်ပါတယ်၊
ဒါဘာကြောင့်လဲဆိုတော့ကျမတို့ကလေးဘ၀တုန်းက အဖေတွေအမေတွေကရိုက်နှက်
ခဲ့တာရယ်၊အော်ခဲ့ဟစ်ခဲ့တာတွေရယ်ကြောင့်ကျမတို့မသိစိတ်မှာစွဲကပ်နေတာတွေပါ။
ကျမတို့ကိုယ်တိုင် မကြိုက်တဲ့ဒီလိုရိုက်နှက်ခြင်းကို ကိုယ်တိုင်မကျင့်သုံးမိစေဖို့
အရေးကြီးပါတယ်။စကားဖြင့်ဆုံးမသောအလေ့အကျင့်ကိုကျင့်သုံးကြည့်ပါ။ ကလေး
တစ်ယောက်ကိုဆုံးမရာမှာစကားနှင့်သူတို့ နားလည်လာအောင် ပြောပြခြင်းဟာ
အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ အလွန်ဆိုးတဲ့ကလေးဖြစ်စေ သူ့ မျက်လုံးကို
တည့်တည့်ုကြည့်ပြီး ညင်သာသောအသုံးအနှူန်းများဖြင့်ဆုံးမကြည့်ပါ။
တစ်ခွန်းပြောမရလျှင် နှစ်ခွန်းထပ်ပြောပါ။
နှစ်ခွန်းနှင့်မရလျှင် သုံးခွန်း။ သင်စိတ်ရှည်ဆို့တော့လိုအပ်ပါတယ်။
အကျင့်ဗီဇကြောင့်မဟုတ်ပဲ ပတ်ဝန်းကျင်ကြောင့်ဆိုးသွမ်းနေသော ကလေးဆိုလျှင်
ဒီနည်းဖြင့်ပြုပြင်ဖို့လွယ်ပါတယ်။ တချို့မိဘများဟာ သားသမီးများရှေ့တွင်
ရန်ဖြစ်တတ်ကြသည်။အဲလိုရန်ဖြစ်ပြခြင်းဟာ ကလေးရဲ့စိတ်အတွင်းဝေဒနာ
ကိုဖြစ်ပေါ်စေပါတယ်။သူတို့ရှေ့မှာ အဖေကအမေကိုနာကျင်အောင် (ရိုက်ခြင်း)
ပြုမူမိရင်ပိုဆိုးပါတယ်။အဲလိုမိဘများအချင်းများတာကိုမြင်ရတဲ့ ကလေးဟာ သူ့စိတ်မှာအလိုလိုသိမ်ငယ်လာမယ်။ပတ်ဝန်းကျင်နဲ့အဆင်မပြေဘူး။
နောက်ပိုင်းစကားနည်းလာပြီး တယောက်တည်းခွဲထွက်နေတတ်တာမျိုး
တွေ ဖြစ်လာတတ်ပါတယ်။ သူတို့လေးတွေကို နားလည်ပေးဖို့လိုအပ်ပါတယ်။
အဓိကအားဖြင့် မိသားစုအတွင်း ရိုက်နှက်ခြင်းကိုဖယ်ရှားနိုင်ဖို့အတွက် တဦးအပေါ်တဦး
အပြန်အလှန်လေးစားမှူလိုအပ်ပါတယ်။တယောက်နဲ့ယောက် အပြန်အလှန်လေးစားမှူပေးရင်း
မကြာခဏ ဆွေးနွေးခြင်းများ ပြုလုပ်ပေးမယ်ဆိုရင် မိသားစုအတွင်းရိုက်နှက်ခြင်းဓလေ့
ပျောက်ဆုံးပြီး သာယာပျော်ရွှင်စရာမိသားစုဘ၀များ ရရှိလာနိုင်လိမ့်မယ်လို့ ယုံကြည်မိပါကြောင်းးးး။ ။

3 comments:

Anonymous said...

ထောက်ခံပါတယ်။

မျက်မှန်လေး said...

အရမ်းကောင်းတဲ့ပို့စ်လေးပါ။နည်းယူရဦးမယ်။
ယွန်းဆီကပြန်သင်ရဦးမယ်ယွန်းေ၇..
အခုတော့မဟုတ်ဘူး။နောက်နှစ်နှစ်လောက်နေမှ
း)))

မေလေး said...

မှန်လိုက်တာယွန်းရယ်။တကယ်ဆိုဆုပေးဒဏ်ပေးကျင့်သုံးတာပိုကောင်းတယ်နော်။

About me

Blogger templates