Jun 12, 2009

Blogger ပြဇာတ်

ရန်ကုန်မြို့ မြောက်ပိုင်းခရိုင်မှ Blogger ယောက်ျား ထွက်ဆိုခန်း
စကား။ ။အော်…လူ့ဘုံခန်းဝါ၊ရန်ကုန်ရွာမှာ၊ connection ခဲခက်၊ gtalk နှင့် chatting ၊
connection ကဆိုးလွန်းလို့၊အသက်ရှိစဉ်၊ မသေခင်ကို၊ gtalk sign in ၊ gmail settingနှင့်…

တို့ကိုသာ၊ တစ်ခေါက်ကယ်၀၀၊ ၀င်လိုက်ရလျှင်ဖြင့်၊ အာဂBlogger ၊ လူဖြစ်ရကြိုးနပ်လေဟဲ့၊
မရပ်မနား၊ Internet ကိုသုံးဖို့၊ ဆိုင်သွားပါကငြားကပဲ၊ connection ကောင်းသည့်နေ့၊ တစ်
လလုံးတွင်မှ၊ သုံးရက်လောက်ကယ်သာတွေ့ရတယ်။ gmail setting နှယ်၊ ဘဟာ့နှယ်များ
ကို၊ ကွယ်လေငဲ့ပိတ်ပိတ်ပျောက်၊ အနှေးတကာ့ ထွတ်ခေါင်၊ ပတ်ကျိမင်းနောင်မှာ၊ပြာတောင်
ကြီးခံနေကရော့၊ ပြောင်မြောက်အောင်နှေးနိုင်တဲ့ connection နော်။…..။

ဟယ်…သို့သော်လည်း ယောက်က်ျား၊ကံရှေ့သွား၊ကံထားရာဟဲ့၊မနုံနဲ့ပါဘူး၊ အလှဲ့သင့် ချက်ပိုင်၊ ကြက်ကန်းခွပ်လို့၊ ပွဲကျွတ်အောင်နိုင်သေးသပ၊ ကံဆိုင်လို့တကယ်၊ connection
ကောင်းကိုတွယ်မိလျှင်၊ Blogger မောင်မောင်၊လူနေလှလို့၊ ရွှေချသလိုပြောင်လိမ့်မယ်၊
အဆောင်တော် memory stick နှင့်၊USB ကြိုးအစုံအလင်၊ Blog ရေးရအောင်၊
Online သို့ဝင်ပါတော့မယ်၊ ဆိုင်ပိုင်ရှင်တော်သုံးဖို့၊ USB ကြိုးဆက်။…..။
..................................

သူငယ်ချင်းများ ရယ်မောခြင်းဖြင့် ဘ၀အမောပြေနိုင်ကြပါစေ

No comments:

About me

Blogger templates