Sep 4, 2009

စွဲလန်းခြင်း သံသရာ

ဒီအဖြစ်အပျက်လေးက တကယ်ဖြစ်ခဲ့တာလေးပါ...ဖြစ်ခဲ့တာလည်း မကြာသေးပါဘူး...

လွန်ခဲ့တဲ့ တစ်လလောက်က နံနက်စောစောပိုင်းလောက် ယွန်းမေမေဆီကဖုန်းဝင်လာတယ်...
မှတ်မိသေးတယ်... အဲနေ့ ကအင်္ဂါနေ့....


"သမီးရေ... စိတ်မကောင်းစရာသတင်းတော့ ပြောရဦးမယ်...
ညည်းဦးလေး ကိုတိုးလေ...မနက်၃နာ၇ီလောက်က ရန်ကုန် ဆေးရုံကြီးမှာ ဆုံးသွားပြီတဲ့....."

"ရှင်....ဖြစ်မှဖြစ်ရလေ.....ဘယ်လိုဖြစ်တာလဲ မေမေ...."

"အစာအိမ်ဖြစ်နေလို့  ဆေးရုံတင်ထားတာ ၂လလောက်ရှိပြီ....ဟိုတလောကတင် ဆေးကုဖို့
တတ်နိုင်သလောက်လေး ..အမေထောက်ပံ့လိုက်သေးတယ်.... အခုဆုံးရှာပြီတဲ့ သမီးးရယ်..."

မျက်ဝန်းထဲမှာ ဦးတိုးရဲ့ မျက်နှာကို မြင်ယောင်လာတယ်...ဖုံးထဲမှာ မေမေငိုနေတယ်...ယွန်းလဲ ဘာပြောရမှန်း
မသိဘူး....ပြုံးပြုံး ပြုံးပြုံးနဲ့ တူ..တူမတွေနဲ့ သူငယ်ချင်းလို ပေါင်းတတ်တဲ့ ..သိပ်သဘောကောင်းတဲ့..ယွန်းဦးလေး
မျက်နှာကို မျက်လုံးထဲ မြင်နေမိတယ်.... မြန်လိုက်တာ... အခုမှ ၄၂ နှစ်ပဲရှိသေးတယ်....
လွန်ခဲ့တဲ့ ၇နှစ်လောက်ကပဲ ဦးတိုးကြီး လက်မောင်းကို တူတွေတူမတွေ ရီးလေးခို စီးပြီးဆော့ခဲ့ကြသေးတယ်..
အဲဒိတုန်းက တို့ဦးလေးက ခုလို ငယ်ငယ်လေးနဲ့ လောကကြီးထဲက ထွက်သွားလိမ့်မယ်လို့ ယောင်ပြီးတော့တောင် မတွေးခဲ့ ကြပါဘူး......
တယောက်ဆင်း တယောက်တက်နဲ့ ခရီးသွားနေကြတဲ့ ဒီလောက
ကြီးထဲ ဘာမှမမြဲပါလား လို့ လူတောင် တရားကျချင်သလိုလို ဖြစ်သွားတယ်.....

"ပြီးတော့ ဒီနေ့မနက် ၂နာရီ၃နာရီလောက်က အမေအိမ်မက်မက်တယ်...အိပ်မက်ထဲမှာ
ကိုတိုးကြီးလေ..အမေ့ဆီကိုလာတယ်.....အမေကိုပြောတယ်....
အမရေ....ငါနင့်အကြွေးတွေ ပြန်ဆပ်မယ်.....ငါအခု အလုပ်လုပ်ဖို့ မလေးရှားကိုရောက်နေတယ်
ငါ အလုပ်လုပ်ပြီး နင့်ဆီကယူထားတဲ့ ပိုက်ဆံတွေ ပြန်ဆပ်မယ်နော်...လို့ပြောပြီး ပျောက်သွားတယ်
အမေလဲ အိပ်ရာကလန့်နိုးလာတော့ စိတ်ကထင့်သွားပြီး ရန်ကုန်ကို ဒီနေ့ည ဖုန်းဆက်မယ်လို့
တွေးထားတာ....မနက်ကျတော့ ဒီသတင်းကြားရတာပဲသမီးရေ.....အမေလဲ တော်တော်စိတ်မကောင်းဘူး
အမေ...သူ့ဆီက အကြွေးတွေလဲ ပြန်မလိုချင်ပါဘူးသမီးရယ်...."

"အမေ သူ့ အတွက် ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ် အမျှေဝေပေးလိုက်ပါလား အမေရယ်...
သမီးစိတ်ထင် သူဆုံးခါနီး အမေ့အကြွေးတွေကို စိတ်စွဲသွားတယ်ထင်တယ် အမေ..."

"အေး...သမီးရယ် ..မေမေလဲ အဲလိုပဲစဉ်းစားထားတယ်..စနေနေ့ လောက် ဘုန်းကြီးကျောင်း သွားပြီး
အလှူလုပ်မလားလို့....အေး..အေး...အမေတော့သမီးကို စိတ်မကောင်းအောင်လုပ် မိပြီ..
သမီးနားလိုက်ဦးနော်....အမေ ဖုန်းချလိုက်တော့မယ်...."

"ဟုတ်ကဲ့ မေမေ...."

စိတ်ထဲမှမကောင်းဘူး ...ခုတလော..ဦးတိုးအကြောင်းပဲ စဉ်းစားနေမိတယ်....သူဆုံးသွားတယ်ဆိုတာ
မေမေပြောလို့သာ ယုံလိုက်ရတယ်..စိတ်မှာချက်ချင်းကြီး လက်မခံနိုင်သေးဘူး....

ဒီလိုနဲ့ နောက်၂ရက်လောက်အကြာမှာ မေမေ့ဆီက ဖုန်းထပ်ဝင်လာတယ်...

"သမီးရေ..မေမေတော့ ကိုတိုးကို သည်းမခံနိုင်တော့ဘူး"

"ဘာဖြစ်လို့လဲမေမေ...."

"အမေ့ကို ညတိုင်း အိမ်မက်လာပေးနေတယ်....သူအကြွေးလာဆပ်ပါမယ်ဆိုတဲ့အကြောင်းကိုပေါ့...
အမေပြောလိုက်တယ်...နင်ငါ့အကြွေး ဆပ်စရာမလိုတော့ဘူးလို့..
ဒါပေမဲ့ မရဘူး....ညတိုင်း လာလာပြောနေတယ်..မေမေ ကောင်းကောင်းအိပ်လို့မရဘူး
သမီးရယ်....."
မေမေ့စကားကြောင့် ယွန်း တောင်ကျောထဲက စိမ့်ခနဲ ကြက်သီးထသွားတယ်....

"သူအစွဲအလန်း သိပ်ကြီးသွားလို့ထင်တယ် မေမေ...."

"မနေ့ကနေ့လည်ကဆို အမေ့ကို လူကောင်လိုက်ကြီး ပြပြီးလာပြောတာ..အမေအိမ်ရှေ့လေးမှာ
ခဏမှေးနေတုန်း ဘေးကနေပြီး အမေ့လက်ကို လာကိုင်ပြီး အစ်မရေ....နင့်ကိုငါအကြွေးပြန်ဆပ်မလို့
ငါအလုပ်ပြန်လာလုပ်တာ....လို့လာပြောတယ်....သူ့လက်ကအေးစက်နေတာပဲ...
အမေလန့်ပြီးနိုးလာတော့တာပဲ....နေ့လည်တောင်ကောင်းကောင်းမအိပ်ရဘူး..သမီးရယ်..."

အမေ့အသံကကြောက်တဲ့အသံမပါပဲ သူ့ မောင် ကိုစိတ်တို ဒေါသထွက်နေတဲ့အသံမျိုး။

"အဲဒါနဲ့ အမေလဲ စနေနေ့ထိမစောင့်တော့ပဲ ဒီနေ့မနက်ပဲ ဘုန်းကြီးကျောင်းပြေးပြီး သူ့အတွက် ကောင်းမှူကုသိုလ်လုပ်ရင်း အမျှဝေလိုက်တယ်....
ပြီးတော့ ဘုန်းဘုန်းကပြောပေးတယ် ..သူ့ အကြွေးတွေအတွက် အမေက ကြေပေးပါတယ် ဆိုတဲ့အကြောင်း ....ခုဘ၀ရော..နောင်ဘ၀ရော ဆပ်စရာမလိုဘူးဆိုတဲ့အကြောင်းကိုပေါ့.....
ဒီနေ့တော့စောင့်ကြည့်ရဦးမယ်.....သူရလား မရလားဆိုတာ..."

အဲဒိနေ့ပဲ...ယွန်းလဲ ဘုန်းကြီးကျောင်းပြေးပြီး ဦးတိုးကြီးအတွက် ဆွမ်းကပ် အမျှဝေလိုက်ပါတယ်...
နောင်ဘ၀ နောင်ဘ၀များမှာလဲ
ခုလို ပြင်းပြင်းထန်ထန် ဝေဒနာခံစားပြီး သေဆုံးရတဲ့ ဘ၀မျိုး မဖြစ်ပါစေနဲ့ လို့ ဆုတောင်းရင်း ရေစက်ချ
အမျှဝေခဲ့တယ်......

နောက်တရက်......
မေမေ့ဆီကဖုန်းဝင်လာတယ်.....

"သမီးရေ....အခုအားလုံး ငြိမ်သွားပြီ.....အိမ်မက်လဲလာမပေးတော့ဘူး.....
သူအမျှရတယ်ထင်တယ်....."

မေမေရော...ယွန်းရော....ရင်ထဲကလှိုက်လှိုက်လှဲလှဲ ၀မ်းသာနေခဲ့ကြတယ်....
အစွဲအလန်း အနှောင်အဖွဲ့ တွေကလွတ်ပြီး သွားမဲ့လမ်းကို ဖြောင့်ဖြောင့်သွားနိုင်အောင် ကူညီပေးခဲ့ရတဲ့အတွက်
ရင်ထဲမှာ ကြည်နူးပီတိဖြစ်ခဲ့ရတယ်.....ခလုတ်ကန်သင်းကင်းကင်းနဲ့ လိုရာ ခရီး ရောက်ပါစေလို့ ....
ဦးတိုးကြီးအတွက်....တူမလေး ဆုတောင်းပေးလျှက်ပါ.....
(ဦးကြီး ကောင်းရာသုဂတိ လားပါစေ...)

5 comments:

ဝက်ဝံလေး said...

aww အမျှ အမျှ အမျှ ပါ နော်
ကောင်းရာသုဂတိ လားပါစေ

ဝက်ဝံလေး said...

ယွန်းလေးရေ ဖတ်သွားပါတယ်နော် ကြောက်တယ် ကွယ် များက အခုမှ အိပ်တော့မလို့ဟာကို ဟွင်းးးးးးးးးးးးးးးးးး

Anonymous said...

ယွန်းရေ..............
ယွန်းဦးလေးကြီး ကောင်းရာသုဂတိလားပါစေ

Anonymous said...

ကြောက်စရာကြီးးးးသူများဆီက အကြွေးယူမိလို့
အသေမဖြောင့်ပုံက ယူတတ်ရင် သင်္ခန်းစာပါပဲ

အားပေးလျှက်
စင်ယော်

Anonymous said...

စိတ်မကောင်းစရာအဖြစ်အပျက်သင်ခန်းစာယူသင့်ပါတယ်

About me

Blogger templates