Sep 16, 2009

ကြိုက်နှစ်သက်တဲ့ ဘလော့ဂ် ၅ခုတဲ့....

ဝက်ဝံလေးရဲ့ နောက်ထပ်တဂ်တစ်ခု အကြွေးဆပ်လိုက်တယ်နော်..
ကြိုက်နှစ်သက်တဲ့ ဘလော့ဂ် ၅ခုတဲ့....
ကြိုက်တာကတော့ အများကြီးပဲ...ရောက်တဲ့ဘလော့တွေကလည်း အများကြီးး...
ရေးရရင်တော့ကုန်မှာ မဟုတ်ဘူးရယ်.........


(၁) ဘလော့ဂ်ရေးချင်စိတ်လေး ဖြစ်လာတာကိုမြစ်ကျိုးအင်း ရဲ့ဘလော့ဂ်လေးကြောင့်ပါ..
စာအရေးအသားကောင်းပြီး ရသအစုံကိုပေါ်လွင်အောင်ရေးတတ်တဲ့ ကိုမြစ်ကျိုးအင်း ဘလော့ဂ်ကိုဖတ်ရင်း
ဘလော့ဂ် လုပ်ချင်စိတ်လေးဖြစ် လာခဲ့တာပါ..ကလောင်သွားထက်လွန်းလို့ လေးစားအားကျရတဲ့ ဘလော့ဂ်ဂါတစ်ယောက်ပါပဲ..

(၂) နောက်တစ်ခုက နည်းပညာပိုင်း အသိပညာ ဗဟုသုတ ပေးနိုင်တဲ့ ကိုသံလုံငယ် ရဲ့ဘလော့လေးပါ...
ကိုသံလုံငယ်ရဲ့ ဘလော့ကိုရောက်ရင် မမြင်ဖူးတဲ့ မသုံးတတ်တဲ့ ဆော့ဖ်ဝဲ အသစ်တွေ သုံးတတ်လာတယ်..
ပြီးတော့ ကွန်ပြူတာနဲ့ ပတ်သတ်တဲ့ ဗဟုသုတလဲတိုးပွားပါတယ်..အဲဒါကြောင့် မတတ်ပေမဲ့ တချို့ တချို့ တွေ
နားလည်ထားအောင် ပို့စ် အသစ်တင်တိုင်း သွားဖတ်ဖြစ်ပါတယ်.........

(၃)ဘာသာပြန်စာပေပဲဖြစ်ဖြစ် ... ဘာပဲဖြစ်ဖြစ် သိပ်ပြီးဖတ်လို့ကောင်းတဲ့ မနိုင်းနိုင်းစနေ ရဲ့ဘလော့ကတော့
ဘယ်တော့မှ မရိုးမအီနိုင်အောင်ကြိုက်တယ်... မနိုင်းနိုင်းရေးတဲ့စာတွေထဲမှာ တချို့ စာလေးတွေက
တိုတိုလေးနဲ့ ထိမိပြီး အသိပညာပေးပါတယ် ...အဲဒါကြောင့် မနိုင်းနိုင်း ရဲ့ဘလော့ ကို အရမ်းကြိုက်တယ်....

(၄) အဟဲ...၀က်ဝံလေး ကတော့ သိပ်ချစ်စရာကောင်းပြီး ပျော်ပျော်နေတတ်တဲ့အတွက်....ကိုယ်
စိတ်ညစ်လာရင် ၀က်ဝံလေး ရဲ့ဘလော့ကိုရောက်တယ်....သူ့ စာတွေကိုဖတ်ရင်း ကိုယ်ပါရောပြီးရယ်မိသွားတော့ စိတ်ညစ်စရာရှိရင်တောင် ခဏတော့ မေ့နေသားးးးးး
ပေါက်ကရှစ်ဆယ်လေးတွေကို မရိုးနိုင်အောင် တင်ပေးတတ်တဲ့ ၀က်ဝံလေးရဲ့ဘလော့ကိုလဲ သိပ်သဘောကျပါတယ် တခါတလေ ကိုယ်မတွေးမိတဲ့ ရှုထောင့်က သူကမြင်တတ်လို့ပါ.........
(ကဲ.. ၀က်ဝံလေးရေ တဂ့် အကြွေးဆပ်ပြီးပြီနော်..)

(၅) နောက်တစ်ခုက ဟင်းချက်စရာ တနေ့တမျိုး မရိုးနိုင်အောင် ချက်တတ်တဲ့ မြုးသျှရီ ရဲ့ဘလော့ခ်ပါ။
ဟင်းသိပ်မချက်တတ်တဲ့ ယွန်းတို့လိုလူတွေအတွက် သိပ်ပညာရတဲ့ ဘလော့လေးပါ..
ပို့စ်အသစ်တင်တိုင်း သွားသွားသရေကျ မိတယ် ..... ( ပုံလေးတွေကြည့်ရုံနဲ့တင် တော်တော်စားကောင်းလိမ့်မယ်
လို့တော့ ထင်မိသားးးးဟိဟိ .... အိမ်ကိုလာလည်ရင် ဟင်းချက်ကျွေးရမှာစိုးလို့ ထင်တယ် ..တလောက
ယွန်းတို့ မြို့ ကိုရောက်တာတောင် ဖုံးမဆက်ဘူးးး တိတ်တိတ်လေးပြန်သွားတယ်.... :D)

တခြားကြိုက်တဲ့ ဘလော့လေးတွေရှိပါသေးတယ်....
မောင်ထားဝယ်
သလ္လာဝတီ
ဂျာမုန်းဒန်
ဦးဂင်ကြီး
သက်တန့်ချို
မေလေး(ဆုံနီုင်ခွင့်)
moe moe
ရှောက်သီး
နေဇင်လတ်
ကိုယုယကြီး
သယ်ရင်းလေးမေဇင်
အဲ........များသွားပြီဗျို့းးးးးးးးးးးးးးး (ဒါတောင် အကင်းလေးပဲရှိသေးတယ်....)
ရွာထဲကလူတွေတော့မကုန်သေးဘူးးးးးးးရေးရရင်တော့ ဒီစာမျက်နှာနဲ့ လောက်မှာမဟုတ်ဘူးထင်တယ်..
ကဲ ......လိမ့်စရာလေးရှိသေးလို့ ..... လိမ့်ပြီဗျို့ .....နောက်မှဆက်ရန်ပေါ့နော......................

3 comments:

Anonymous said...

ယွန်းးးးးးးးးးးးးးးးးးးးးးးးးးးးး

ဟီ ဟီး ပျော်တယ်သိလား
နောက်တခါရောက်ရင်လာမယ်သိလား
ပြီးမှ အကြာကြီးနေတယ်ဆိုပြီးမမောင်းထုတ်နဲ့သိလား

Yu Ya said...

မရွှေယွန်းရေ...ကိုယုယ ဆိုရင် ရပါပြီခင်ဗျ.. မကြီးသေးပါဘူးဗျာ.. အခုမှ ၁၅နှစ်ကို နှစ်ခါလည်ပဲ ရှိပါသေးတယ်.. :P

yu ya

ဝက်ဝံလေး said...

aww ကိုယုယလဲ တော်တော်ငယ်ချင်ရှာတယ် ဟက် ဟိဟိ

ယွန်းရေ ဖတ်သွားတယ်နော် သိလား ကျေးဇူးးးနော် ရေးပေးတဲ့အတွက် သိလား ဘိုင် တာ့တာ

About me

Blogger templates