Dec 10, 2009

ကြွေခဲ့တဲ့ ခရေ


(ခရေပန်းပုံအား မနိုင်းနိုင်းစနေ ဘလော့ဂ်မှ ကူးယူပါသည်)


အခန်း(၁)

သူစောင့်နေတာကြာခဲ့ပြီ..။ ကွန်ပြူတာရှေ့တွင် ကျောက်ရုပ်ဖြစ်တော့မည်။
ပုံမှန် ညနေ၆နာ၇ီဆို သူမလိုင်းပေါ်တက်လာနေကျ။ ခု ည ၇နာရီခွဲနေပြီ။
ဘာကြောင့်များ နောက်ကျနေတာပါလိမ့်။သူ့ ရင်ထဲ ပူပန်တတ်လာ၏ ။


နေများမကောင်းရော့သလား ။ ကျတော့် စိတ်ကူးနှင့်ကျတော် ဒီနေ့ သိပ်ပျော်နေခဲ့သည်။
ဘ၀မှာ ပထမဆုံး မိန်းကလေးတစ်ယောက်ကို ချစ်စကားပြောမည့်နေ့ ဖြစ်တာကြောင့်
ကျတော်ရင်ခုန်နေခြင်း ဖြစ်ပါလိမ့်မည်။ခနနေတော့ ဂျီတော့မှ မီးစိမ်းလေးလင်းလာသည်။
ကျတော့်ရင်ထဲရင်ခုန်နှုန်းကဆောင့်တိုးသွားသလို ပျော်လဲပျော်သွား၏။
ကျတော် ခပ်သွက်သွက်လေးစာရိုက်ပို့ လိုက်သည်။

ကျတော် ။ ။ ငါစောင့်နေတာကြာပြီ..ခရေ......နင်ဒီနေ့ နောက်ကျတယ်နော်.....
ခရေပန်း ။ ။ အေး.....နဲနဲနောက်ကျသွားတယ်.....

ခရေကဒီလိုပါပဲ ..စကားပြောရင်မပွင့်တပွင့် ။ တိုရင်းလိုရှင်းပြောတတ်သည်..။
ကျတော်နှင့် အွန်လိုင်းမှာခင်နေတာကြာပြီ.....တခါမှစကားမပြောဖူးသေး။ဓာက်ပုံလေးတော့
တခါမြင်ဘူးသည်။ တော်တော်ချစ်စရာကောင်းပါသည်..။အသက်က ကျတော်တို့ နှင့်ရွယ်တူ တဲ့။
တခြားမိန်းကလေးတွေလို ကျူချင်ပုံလဲမရ။ ကျတော်နှစ်သက်တာ အဲဒိအချက်သာဖြစ်သည်။

ကျတော် ။ ။ နင့်ကို ငါပြောစရာရှိလို့ ......စကားပြောလို့ ရမလားခရေ.........

ခရေပန်း ။ ။စာရိုက်လို့ လဲရနေတာပဲ.....စာနဲ့ပဲပြောဟာ......

ကျတော် ။ ။ ခုပြောမှကအရေးကြီးတယ်....စကားပြောချင်တယ်...
..
ခရေပန်း ။ ။ငါမှမပြောချင်တာ......

ကျတော် ။ ။ အမ်........

ကျတော်စိတ်ဓာတ်တော်တော်ကျသွားပါသည် ။အပြောအဆိုလေးက ညင်သာပေစွ..။
ကျတော်ထပ်မကြိုးစားတော့ ..တော်ကြာလိုရင်းမရောက်ပဲ...sing out သွားမှာကြောက်ရသေးသည် ။

ကျတော် ။ ။ ဒါဆိုလဲ ဒီလိုပဲပြောတော့မယ်......
ခရေပန်း ။ ။ပြော....

ကျတော်အချိန်မဆွဲတော့ပါ......တခါတည်းအရဲစွန့် ပစ်လိုက်သည်။

ကျတော် ။ ။ နင့်ကိုငါချစ်လို့ .....

ခရေပန်း ။ ။ဘာရယ်.....

ကျတော် ။ ။ နင့်ကိုငါချစ်လို့  လို့ ပြောတာ.........

ခရေပန်း ။ ။ha ha ha ha ha hha..............

ကျတော်နဲနဲတင်းသွားပါသည်.......ကျတော်ကအလေးအနက်ပြောသောစကားကို သူလှောင်ရက်လေခြင်း။

ကျတော် ။ ။ မရယ်နဲ့ခရေ.......ငါနောက်နေတာမဟုတ်ဘူး.........တကယ်ပြောနေတာ.....

ခရေပန်း ။ ။နင်က ငါ့ကိုချစ်တယ်ဆိုတော့ ငါ့အကြောင်းနင် ဘယ်လောက်သိလို့ လဲ.........

ကျတော် ။ ။ ငါသိတာပေါ့........နင်က မောင်နှမတွေထဲမှာ အကြီးဆုံး... ခုနင်ကရုံးတခုမှာ မန်နေဂျာ..
အီကိုနဲ့ ကျောင်းပြီးတယ်....နင့်မိသားစုက နင့်ကိုမှီခိုနေရတယ်...
ဟုတ်တယ်မှတ်လားးးးးး

ခရေပန်း ။ ။နင်နဲ့ သက်တူရွယ်တူဆိုပေမဲ့ နင်လောကကြီးအကြောင်း မသိသေးပါဘူးဟာ..
နင်ကခုမှ ကျောင်းမပြီးသေးတဲ့ ကျောင်းသားလေးပဲရှိသေးတာ.........
ငါ့အကြောင်းဒိထက်ပိုပြီး ဘာသိသေးလဲ.....

ကျတော် ။ ။ ဒါပဲလေ...ငါသိတာဒါအကုန်ပဲ...........

ခရေပန်း ။ ။တခုကျန်သေးတယ်.............ငါက အိမ်ထောင်ကျဘူးတယ်ဆိုတာပဲ.............

ကျတော် ။ ။ ဘာ..........

ကျတော့်နားကိုကျတော် မယုံနိုင်အောင်ဖြစ်သွားပါသည်..။

ကျတော် ။ ။ နင်ကလဲ..တော်တော်နောက်တာပဲ..........နင်ခုမှ၂၄ပဲရှိသေးတာ.....

ခရေပန်း ။ ။ဟားဟား..နင်လန့်သွားပြီမဟုတ်လား.........
နင်ပြောခဲ့တဲ့စကားတွေနင် အခုပြန်ရုပ်သိမ်းနိုင်တယ်နော်...ငါစိတ်မဆိုးဘူး............

ကျတော် ။ ။ အမှန်အတိုင်းပြောရရင် ငါအံ့သြမိတာတော့ အမှန်ပဲ.........

ခရေပန်း ။ ။ငါတို့ မိသားစုကဆင်းရဲတယ်......ရုန်းကန်ခဲ့ရတယ်..........ကျောင်းတက်တာတောင်မှ
ကိုယ့်စရိတ်နဲ့ကိုယ် တက်ခဲ့ရတယ်...........ငါဘွဲ့ ရပြီးတော့ အမေသဘောတူတဲ့ သူနဲ့ ယူခဲ့ရတယ်
သူကအရမ်းချမ်းသာတယ်..........အမေတို့ တင်နေတဲ့အကြွေးတွေကို ဒီလိုနည်းနဲ့ ရှင်းခဲ့ရတယ်...
ပြီးတော့ အိမ်တောင်ရေးအဆင်မပြေမှု သူ့ ဖောက်ပြန်မှူတွေကြောင့်
အိမ်တောင်သက် ၃နှစ်ပဲခံတယ်
သူနဲ့ကွာရှင်းခဲ့တယ်.ပြီးတော့ငါ ရုံးတခုမှာ အလုပ်ရပြီး မန်နေဂျာဖြစ်လာတယ်.....

ကျတော် ။ ။ ငါနင့်ဘ၀အကြောင်း ကြားရတာ စိတ်မကောင်းပါဘူး တကယ်ပါ..........


ခရေပန်း ။ ။ကျေးဇူးပါပဲ.....ငါကတော့ နင့်ကိုတခု သတိပေးချင်တာက
အွန်လိုင်းမှာတွေ့ တဲ့ ကောင်မလေးတိုင်းကို
ရီးစားစကား ပြောတတ်တဲ့အကျင့်ကမကောင်းဘူး.....မိန်းမပဲ ဖြစ်ဖြစ် ယောကျာ်းပဲဖြစ်ဖြစ်
ကောင်းတဲ့သူရှိသလို မကောင်းတဲ့သူလဲရှိမှာပဲ...ငါတို့ မိန်းကလေးတွေအတွက်ဆို
ကိုယ့်ရန်ကိုယ်ကြည့်ရှောင်ရမှာပဲ .....မိန်းကလေးဆိုတာအယုံလွယ်တယ်လေ...
ကဲ.....အချိန်ကြာသွားပြီ.....ငါ သွားတော့မယ်နော်..........

ကျတော် ။ ။ ခဏ....ငါပြောစရာရှိလို့ ....

ခရေပန်း ။ ။ပြော.........

ကျတော် ။ ။ ငါကတွေတဲ့ မိန်းကလေးတိုင်းကို ရီးစားစကားပြောတတ်တဲ့ ကောင်မဟုတ်ဘူးဆိုတာပဲ.....

သူမsing out လုပ်သွားသည်...သူမအပြုံးတခုပြုံးသွားလိမ့်မည်ဟု ကျတော်ခန့် မှန်းမိပါသည်။


အခန်း(၂)

ကျတော် ခရေနှင့်ပတ်သတ်ပြီး တော်တော်ခံစားလိုက်ရပါသည်။ကျတော်ခရေ့ ကို အရမ်းသတိရမိသည်။
ကွန်ပြူတာရှေ့ ထိုင်ပြီး စောင့်သည်။ သူမလာတော့တာ၁ပတ်လောက်ကျတော့ ကျတော်မနေနိုင်တော့။
ကျတော်အီးမေလ်တစောင်ပို့ လိုက်သည်..။

"ခရေ..........
ငါနင့်ကိုအရမ်းသတိရတယ်....
နင့်ကိုငါစောင့်နေတယ်နင်လာခဲ့နော်.....

နင်နဲ့ပတ်သတ်ပြီး ငါဘာမဆိုရင်ဆိုင်ဖို့  ငါအသင့်ပြင်ထားတယ်.

ငါနောက်မဆုတ်တော့ဘူး...ခရေ.........
နင်ဘာပဲဖြစ်ဖြစ် ငါခွင့်လွတ်နိုင်တယ်..........
နင့်ကို ငါသိပ်ချစ်တယ်.........


sky
"

.........................................................
နောက် ၂ရက်ကြာတော့ ခရေထံမှ အီးမေလ်ပြန်ရောက်လာသည်
.........................................................


"sky
ငါ့ကိုခွင်လွှတ်ပါ........

နင့်ဘ၀ကိုအမည်းစက် စွန်းအောင်ငါမလုပ်ရက်ဘူး....

နင်က ဖြူစင်တဲ့ လူတစ်ယောက်..ငါကကြွေပြီးသား ခရေတပွင့်လေ.........
မတန်ပါဘူးဟာ........နင်င့ါကိုစောင့်မနေနဲ့ နော်
ငါဘယ်တော့မှပြန်လာမှာ မဟုတ်တော့ဘူး........

တခါတည်း နုတ်ဆက်ခဲ့တယ်နော်...


ခရေ
"
.........................................................................
အဲဒိနေ့ က ကွန်ပြူတာရှေ့တွင် ကျတော် ဘယ်လောက်ကြာသွားမှန်းမသိ...။
ခရေက ကျတော့်ဘ၀မှအပြီးတိုင် ထွက်သွားခဲ့လေပြီ.........သူဘယ်တော့မှ ကျတော့်ဆီ ပြန်လာတော့မှာမဟုတ်ပါ.....။
ကျတော့်နှလုံးသားတစ်ခုလုံး ဖျတ်ခနဲ ကွဲကြေသွားခဲ့ပြီ......
တကယ့်ကို ခဏလေးပါပဲ....................။
..............................................................................................


(စိတ်ကူးသက်သက်များကို ဖန်တီးထားခြင်းဖြစ်ပါသည် တိုက်ဆိုင်မှူရှိလျှင် ခွင့်လွှတ်ပါ)
ယွန်းလေး

2 comments:

Unknown said...

ယွန်းရယ်ကြွေခဲ့တဲ့ ခရေ ကိုဖတ်လိုက်ရတာရင်ထဲမကောင်းဘူး တကယ်ပါနောက်ပြီးဒိုကခရေပန်းကိုချစ်တယ်

ချိုကျ said...

အား....ကောင်းလိုက်တဲ့ဇာတ်လမ်းလေး တကယ်ပဲစိတ်ကူး သက်သက်ပဲလားဟင် အသက်ပါလွန်းလို့ :)

ခင်တဲ့(ချိုကျ)

About me

Blogger templates