" ဖေဖေ ၊ သားကျောင်းစာကို ကူပါဦး။ " နိုင်ငံရေးဆိုတာ ဘာလဲတဲ့"
မောင်ဖြူစင်ကသူ့ဖခင်အား အကူအညီတောင်းလိုက်သည်။ဖခင်က…
" အေး သားသား သဘောက်ပေါက်အောင် အတိုချုပ်ရှင်းပြမယ်၊ ဖေဖေက
ပိုက်ဆံရှာပြီး အိမ်ယူလာတယ်၊ ဖေဖေ့ကို အရင်းရှင်လို့ ခေါ်နိုင်တယ်။
သားမေမေ က ဒီပိုက်ဆံ တွေကို စနစ်တကျ စီမံခန့်ခွဲပြီးသုံးစွဲတယ်။
ဒါ့ကြောင့် သားမေမေကို အစိုးရ လို့ခေါ်နိုင်တယ်။ ဖေဖေတို့က
သားကိုပြုစုစောင့်ရှောက်တယ်၊ ဒါ့ကြောင့် သားကို ပြည်သူလို့ခေါ်ရမယ်။
သားရဲ့ ညီလေး ကိုကျတော့ အနာဂတ်လို့ခေါ်ရမယ်။ ရှင်းရဲ့လားသား။
ဒါဟာနိုင်ငံရေးပဲ"

အဲဒီလိုနဲ့ ညလယ်သန်းခေါင်းယံ အချိန်တွင် မောင်ဖြူစင်လေးသည်ကလေးငိုသံကြားသဖြင့်
သွားကြည့်ရာ သူ၏ညီလေးမှာ အနှီးထဲတွင်အညစ်အကြေးများ(ချီး) ပေကျံနေသည်ကို
တွေ့ရသည်။ အဲဒါနဲ့ သူဟာ သူ့အဖေ နဲ့အမေအိမ်ခန်းသို့ တခါးဖွင့်ဝင်ကြည့်ရာမိခင်
တစ်ယောက်တည်း အိပ်မောကျနေသည်ကို တွေ့လိုက်ရတယ်။ဒါနဲ့ မောင်ဖြူစင်လေးဟာ
မိခင်ကို လှုပ်နှိုးသော်လည်း မနိုးသဖြင့်အိမ်ဖော်မလေးရဲ့ အခန်းကိုဝင်ကြည့်ရာ
အိမ်ဖော်နှင့်အတူ ဖက်လျက်အိပ်နေသောဖခင်ကိုတွေ့လိုက်ရတယ်။
ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ ဒေါသထွက်ပြီးအိပ်ခန်းသို့ ပြန်သွားလေသည်။

နောက်တစ်နေ့ နံနက်ကျောင်းသို့ရောက်သည့်အခါမှာ….
" ဆရာမ ကျနော် နိုင်ငံရေးအကြောင်း နားလည်ပြီလို့ ထင်ပါတယ်"
" မောင်ဖြူစင်ရယ် ၊ တော်လိုက်တဲ့ကလေးလေးကွယ်၊ တစ်တန်းလုံးသိအောင် ရှင်းပြပါကွယ်
" မောင်ဖြူစင်ရယ် ၊ တော်လိုက်တဲ့ကလေးလေးကွယ်၊ တစ်တန်းလုံးသိအောင် ရှင်းပြပါကွယ်
ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ နိုင်ငံရေးအကြောင်းကို ဆရာမနှင့် သူ့အခန်းဖော်
သူငယ်ချင်းစာသင်သား တွေကို ပြောပြလိုက်တာက…
" အလုပ်သမားလူတန်းစားဟာ အရင်းရှင်နဲ့ ဖောက်ပြန်နေတယ်၊ အစိုးရကတော့ အိပ်နေ
တာပဲ၊ ပြည်သူကို လုံးဝ ပစ်ထားတယ်၊ အနာဂါတ်ဟာလဲ ညစ်ပတ်နံစော်နေတာပဲ"
တာပဲ၊ ပြည်သူကို လုံးဝ ပစ်ထားတယ်၊ အနာဂါတ်ဟာလဲ ညစ်ပတ်နံစော်နေတာပဲ"
13 comments:
ကလေးပြောတဲ့စကားတွေကဖြူစင်တဲ့မှန်ကန်တဲ့
စကားလုံးတွေပါပဲနော် ယွန်း...
ခင်တဲ့
သဒ္ဓါ
ဟားဟားးးးးးး ဖတ်လို့ကောင်းလိုက်တာ
ကျေးဇူး
ရွှေစင်ဦး
ခိခိ ရယ်သွားတယ် မယွန်းရေ ဟိဟိ
ကလေးပြောတော့ နိုင်ငံရေးပြီးတော့ လူကြီးပြောတဲ့ နိုင်ငံရေးများ လာဦးမလားဘဲ။း))))
ဟုတ်၏ မှန်၏
ကွက်တိပဲဟေ့ ဂွတ်တယ်
ရယ်သွားတယ်နော်..
ဒီလို နိုင်ငံရေးမျိုးတော့ မရချင်ဘူး ဟွန့်
အင်း... ပွင့်လင်းတဲ့ နိုင်ငံရေးပေါ့...
ဟားဟား ဟုတ်ပ ဟုတ်ပ ကောင်းတယ်။
ဟဟ ဟုတ်ပ ဘယ်လိုနိုင်ငံရေးပါလိမ့် :)
ခင်တဲ့(ချိုကျ)
သဘောကျလွန်းစွာနဲ့ရီသွားတယ် ယွန်းရေ.... :)))
ကလေးပြောတဲ့နိုင်ငံရေးဟာ
အမှန်ဆုံးပါဘဲယွန်းရေ..
ယွန်းရေ..ဖတ်ဖူးတယ်..
အရမ်းမှန်တယ် သိလား..။
Post a Comment