Apr 16, 2009

အလွမ်းသင်္ကြန်












သင်္ကြန်နဲ့ ဝေးခဲ့တာ၅နှစ်နီးပါးရှိခဲ့ပြီ။သင်္ကြန်ရေမစိုတာတော်တော်ကိုကြာခဲ့ပြီ။
အင်တာနက်စာမျက်နှာပေါ်ကပိတောက်တွေ..သင်္ကြန်တွေနဲ့ ပဲစိတ်ကူးနဲ့ ပျော်ခဲ့ရတယ်။
တူးပို့ တူးပို့ သံကြားရင်စိတ်ကလွမ်းချင်သလိုလိုနဲ့ ..သင်္ကြန်ဆိုတာကိုယ်နဲ့ ဘာမှမဆိုင်ပဲပြီးသွားလိုက်တာ
ဘာမှန်းကိုမသိလိုက်ပါဘူး။ငယ်ငယ်တုန်းကများသင်္ကြန်တွင်းရောက်ရင်မိုးလင်းက
နေမိုးချုပ် ဆော့လိုက်တာ ဆိုတာအဘွားက တုတ်ကိုင်ပြီးခေါ်တော့မှ အိမ်ပေါ်ပြန်ရောက်တယ်။
အတက်နေ့ ဆိုဘယ်လိုခေါ်ခေါ်မတက်တော့တာ..။
ရေထဲမှာချမ်းပြီးတဆတ်ဆတ်တုန်နေတာတောင်မှမတက်ချင်သေးဘူး။
သင်္ကြန်ရေဆော့ရမယ်ဆိုရင်ဂျွမ်းထိုးကောင်များလိုလန်းလန်းလန်းလန်းနဲ့ .။
နဲနဲလေးကြီးလာတော့တဆင့်တက်ပြီးသူများတွေလိုကားနဲ့ လည်ချင်သေးတာ။
စိတ်ပူတတ်တဲ့လူကြီးတွေကလုံးဝပေးမလည်ဘူး..။အိမ်ကလူကြီးပါမှလည်ရတယ်။
အပျိုပေါက်အရွယ်ရောက်လာတော့အိမ်ကအဘွားကကင်္ကြန်တွင်း ဆိုရိပ်သာ
ဝင်ရမယ်ဆို
တာနဲ့ သူများတွေပျော်နေတဲ့အချိန်မှာယောဂီဝတ်လေးဝတ်ပြီးစိပ်ပုတီးနဲ့ ရိပ်ကြီးခိုခဲ့ ရသေးတယ်။

ခုများတော့လဲသင်္ကြန်ကကိုယ်နဲ့ မဆိုင်သလိုကုန်ဆုံးသွားလိုက်တာ။
သြော်...သင်္ကြန်..သင်္ကြန်..။
သင်္ကြန်ရေလေးတော့စိုချင်ပါသေးတယ်...။ဘာမှမဟုတ်ဘဲနှစ်သစ်ရောက်ခဲ့ပြန်ပြီ။
အသက်တစ်နှစ်ကြီးသွားရပြန်ပြီပေါ့။

No comments:

About me

Blogger templates