Apr 21, 2009

ခွင့်လွှတ်စိတ်

"ကျွန်ုပ်တို့ အပေါ်တွင်ကျူးလွန်သောသူတပါး၏အပြစ်တို့ ကိုကျွန်ုပ်တို့ ခွင့်လွှတ်သကဲ့သို့ ...
ကျွန်ုပ်တို့ ကျူးလွန်မိသော
အပြစ်တို့ ကိုဘုရားသခင်ခွင့်လွှတ်တော်မူပါ...."

ထိုဆုတောင်းစာကိုသူဘယ်တော့မှလိုက်မဆို။ 
အဘယ့်ကြောင့်ဆိုသော်သူ့ ဘ၀တွင်တစ်ယောက်သောသူကို ဘယ်တော့မှသူခွင့်လွှတ်မည် မဟုတ်သောကြောင့်ဖြစ်သည်။ခွင့်လွှတ်လို့ လဲမရ။သူ့ ဘ၀တွင်အနာကြည်းဆုံးဖြစ်သည်။
သူသည် အောင်မြင်သော တရားဟောဆရာ တစ်ယောက်ဖြစ်သည်။
ထို့ ပြင် သူသည်မျက်လုံးတဖက် အလင်းမရသော သူတစ်ယောက်လဲဖြစ်၏။

တရားပွဲပြီးသွားသောအခါ  ပါစတာကြီးကသူ့ အားခေါ်တွေ့ လေသည်။
"ဆရာကို  ကျနော်ကြည့်နေတာကြာပြီ..သတိထားမိတာလည်းကြာပြီ..ခွင့်လွှတ်ခြင်း 
ဆုတောင်းစာကိုဘာကြောင့်မဆိုတာပါလဲ...ကျနော်သိပါရစေ...."
ပါစတာကြီးအသံမှာ  အင်မတန်မှုကြည်လင်လေးနက်လှသည်။
"တပည့်တော်ဘ၀မှာနာကြည်းစရာတစ်ခုရှိခဲ့ပါတယ်...
လူတစ်ယောက်သည်ကျနော်၏မျက်လုံးအားထိုးဖောက်သွားခဲ့သည်။
မျက်စိအလင်းကွယ်ခဲ့ရပါသည်။ထိုလူကိုဘယ်တော့မှတပည့်တော်ခွင့်လွှတ်နိုင်လိမ့်မည်မဟုတ်။
အင်မတန်မှလဲနာကြည်းမိသည်။  ခွင့်လွှတ်လို့ လဲမရနိုင်ပါ...။
ထိုကြောင့်ခွင့်လွှတ်ခြင်း ဆုတောင်းအမူတွင်  တပည့်တော်နူတ်ဆိတ်နေခဲ့ပါသည်။"
"အို...သင်မှားယွင်းနေချေပြီ...ဘုရားသည် သင့်အား မျက်လုံးအစား အောင်မြင်သော
တရားဟောဆရာဘ၀ ကိုပြန်ပေးခဲံပြီးပြီ...သင်တရားဟောလျှင် လူပရိတ်သတ်များစွာလာကြသည်။
တရားဟောအင်မတန်ကောင်းသည်ဟုချီးကျုးကြသု။
သင်သည်အောင်မြင်သော တရားပြဆရာအဖြစ် ဘုရားသခင်ကောင်းချီးပေးခြင်းခံရ
သည်။ ထိုသူအား သင် ခွင့်လွှတ်ပေး သင့်ပါသည်။"
ထိုအခိုက်ပါစတာကြီးစကားကြောင့်သူတွေဝေခြင်းမှကင်းစွာအမှန်ကိုမြင်လေ၏။
သူသည်ညိုးသောစိတ်နှလုံးဖြင့်ငိုကြွေးကာ

"တပည့်တော်မှားခဲ့ပါပြီ။ နှစ်များစွာကြာအောင်မှားခဲ့ပြီ...။ကျေးဇူးတင်ပါတယ်...။
တပည့်တော်ထိုသူကိုယခုမှစပြီးခွင့်လွှတ်ပါ၏။
ထိုသူကျူးလွန်သောအပြစ်ကိုထာဝရခွင့်လွှတ်လိုက်ပါပြီ"

သူ၏စိတ်ထဲမှခွင့်လွှတ်ခြင်းဆုတောင်းစာကိုလေးနက်စွာရွတ်ဆိုလိုက်လေ၏။

ကျွန်ုပ်တို့ အပေါ်တွင်ကျူးလွန်သော သူတပါး၏အပြစ်တို့ ကိုကျွန်ုပ်တို့ ခွင့်လွှတ်သကဲ့သို့ ...
ကျွန်ုပ်တို့ ကျူးလွန်မိသောအပြစ်တို့ ကိုဘုရားသခင်ခွင့်လွှတ်တော်မူပါ....

No comments:

About me

Blogger templates