Nov 18, 2010

မောင်တို့  ယောက်ျားတွေမယ်...

အကြည်တစ်တစ်ယောက် အိမ်ရှေ့ ကုလားတိုင်ပေါ် ရောက်တတ်ရာရာ တွေးနေရင်းက စိတ်ဝယ်
ချစ်လင်ကိုညိုမောင်ထံသို့ သာ ရောက်နေလေတော့သည် ။ခုတလောကံမကောင်းဟု အကြည်ထင်၏ ။
ကံမကောင်းခြင်းအကြောင်းအရင်းကား ခဏခဏအလိမ် ခံနေရသောကြောင့်ပါပင် ။
သူလိမ်တိုင်းလဲ အကြည်မှာတနည်းမဟုတ်တနည်းဖြင့် ပြန်သိရမြဲ ။
တွေးရင်းမောရင်းက သက်ပြင်းတစ်ချက်ခိုးရှိုက်မိလေတော့သည် ။
 ကိုညိုမောင်တစ်ယောက် လိမ်တာမှ အကြည့်ကို ပတ်ပြီးတော့ လိမ်တော့သည်သာ ။ အကြည်ခဗျာ
အလိမ်ခံမှန်း သိနေပါလျှက်  အမှန်ကို ၀န်မခံပဲ ဘူးခံငြင်းတတ်သော ကိုညိုမောင်ကို စိတ်တိုရုံမှတပါး
ဘာမှမတတ်နိုင်အောင် ရှိနေလေတော့သည်။

Nov 14, 2010

အမေရိကန်မြန်မာကွန်မြူနီတီက ဒေါ်အောင်ဆန်းစုကြည်ထံ အရောက် ပြည်သူ့အသံ ပေးပို့ကြရန် တိုက်တွန်း

အမေရိကန်မြန်မာကွန်မြူနီတီက ဒေါ်အောင်ဆန်းစုကြည်ထံ အရောက် ပြည်သူ့အသံ ပေးပို့ကြရန် တိုက်တွန်း
မိုးမခအထောက်တော် ၀၀၂
နိုဝင်ဘာ ၁၄၊ ၂၀၁၀
ယနေ့ နေ့ခင်း ၁၂ နာရီခွဲမှာ ရန်ကုန်မြို့၊ ဗဟန်း၊ အင်န်အယ်ဒီပါတီ ဌာနချုပ်ရှေ့ ဧည့်ပရိသတ် သောင်းကျော်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်က သူလွတ်မြောက်လာအပြီး ပထမဦးဆုံး လူထုသို့ မိန့်ခွန်းပြောကြားလိုက်ပါတယ်။ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုရဲ့ အသံ၊ ဆန္ဒသဘောထားကို နားထောင်သွားမယ်။ လူထုနဲ့အတူ လက်တွဲပြီး အလုပ်လုပ်ကြမယ်လို့ ပြောလိုက်ပါတယ်။

Nov 7, 2010

ခေတ်ပျက်



ဒီနေ့ လည်း
ကိုယ့်ပတ်ဝန်းကျင်က..
အပြုံးတု............
စကားအတု.....

About me

Blogger templates