Nov 29, 2011
ပရဟိတရယ်လို့  မဆိုခင်..
ပြတင်းပေါက်ကနေ  ခပ်လှမ်းလှမ်း ဆီမှ မြင်ကွင်းကို ကျမစိတ်ဝင်တစားငေးမောနေမိတယ် ။
အသက်ကြီးတဲ့ လူကြီးတစ်ယောက်ရယ်  .. မြေပေါ်ပြန့် ကျဲနေတဲ့ ထမင်းလုံးစေ့လေးတွေရယ် ..စာကလေးတစ်အုပ်ရယ် ...။ ထမင်းလုံးစေ့လေးတွေကို စာကလေး အကောင်၂၀ လောက်က
တိုးဝှေ့ စားသောက်နေကြသည် ။ ဘေးနားမလှမ်းမကမ်းမှ လူကြီးတစ်ယောက်က ပန်းကန်ထဲက
ထမင်းစေ့လေးတွေကို ဟိုနားတစ်စု ဒီနားတစ်စု ကျဲချပေးနေသည် ။အဲဒိ အသက်ကြီးကြီးဦးကြီးကို
ကျမသတိထားမိတာကြာပြီ ။ သူက မကြာခဏ နေမကောင်းဖြစ်တတ်သူုဖြစ်တယ် ။
စိတ်ဝေဒနာ ကြောင့် အလုပ်မလုပ်နိုင်ပဲ အိမ်မှာပဲ အနားယူနေရသူလို့ သိရတယ် ။သို့ ပေမဲ့ သူက
အချိန်ကိုတန်ဖိုးရှိရှိ အသုံးချလေ့ရှိတယ် ။သားသမီးတွေ အလုပ်သွားတဲ့အချိန်မှာ အိမ်မှာ ထမင်းဟင်းချက်  ထားတတ်တယ် ။ ပြီးရင် တရားခွေလေးဖွင့်ပြီး တ၇ားနာသည် ။ အိမ်သန့် ရှင်းေ၇းတွေဘာတွေလုပ်ပြီး
အချိန်တန်ရင် စာကလေးတွေကို ထမင်းသွားကျွေးလေ့ရှိတယ် ။ စာကလေးတွေကလည်း  သူလာကျွေးမဲ့
အချိန်ဆို အစာစားနေကျနေ၇ာမှာ အုံးအုံးကြွက်ကြွက်နဲ့ အစာတောင်းနေလေ့ရှိတယ် ။
ဦးကြီးက စာကလေးတွေကို အမြဲ အစာကျွေးနေကျမို့  စာကလေးတွေက သူ့ ကို ကြောက်ဟန်မပေါ်ဘူး ။
ဦးကြီးက သူတို့ အနားကပ်သွားလည်း သူတို့ က စားမြဲအတိုင်း စားတာပဲ ။ ဦးကြီးနဲ့ စာကလေးငှက်လေးတွေရဲ့  ရင်းနှီးမူအတိုင်းအတာဟာလည်း  တနေ့ တခြားတိုးပွားလာခဲ့ပြီး နေ့ တိုင်း
ကျမမှာလည်း ဦးကြီး နဲ့ စာကလေးငှက်လေးတွေရဲ့  မြင်ကွင်းကို မသိမသာလေး ငေးမောကြည့်လာမိတယ် ။
ဦးကြီးက စာကလေးတွေအစာကျွေးတာအပြင် ခြံအနီးတစ် ၀ိုက်မှာ အရိပ်ရတဲ့ အပင်လေးတွေစိုက်သည် ။
အမှိုက်များရှိလျှင်လိုက် ကောက်ရှင်းနေတတ်သေးသည် ။
တခါတရံ ဦးကြီး စာကလေးတွေကို အစာလာမကျွေးတဲ့နေ့ ဆို ကျမစိတ်မှာ ဦးကြီးများ
နေမကောင်းပြန်ဖြစ်နေလားရယ်လို့ တွေးနေမိပြန်ေ၇ာ ...။ ထိုအချိန်ဆို စာကလေးတွေလည်း ဦးကြီး
လာမဲ့ လမ်းမှာ ခေါင်းတပြူပြူနဲ့ ဦးကြီးကို မျှော်နေသလားရယ်လို့ တောင် အောက်မေ့မိပါတယ် ။
တစ်နေ့ မှာ ကျမ အဲဒိဦးကြီးနဲ့ စကားပြောချင်စိတ်နဲ့  ဦးကြီးအစာကျွေးနေတဲ့အနား ခြေသံဖွဖွနင်းကာ တိုးကပ်သွားမိတယ်  ။ ကျမခြေသံကြားတော့ တချို့ ငှက်လေးတွေ ထပျံကုန်ကြတယ် ။
တချို့ ငှက်လေးတွေကတော့ မလှမ်းမကမ်းက သစ်ကိုင်းလေးပေါ်မှာနားရင်း အကဲခတ်နေကြတယ် ။
ခပ်၀၀ အသားညိုညို ဆံပင်တွေက တခေါင်းလုံးနီးပါး ဖြူလျှော်နေကြပေမဲ့
မျက်လုံးအရောင်တွေကခြောက်ကပ်ကပ် ..သို့ ပေမဲ့ ကြည်လင်နေတယ် ။
သူ့ အနားမှာရပ်လိုက်တော့ ကျမကိုလှည့်ကြည့်ပြီး
ပြုံးပြတယ် ။သူ့ အပြုံးက ကျမကို မသိပဲ ပြုံးပြတဲ့ ကြောင်တောင်တောင်အပြုံးး မျိုး ။
“ ဦးကြီး ဘာလုပ်နေတာလဲ ..“
“ငှက်ကလေးတွေကို အစာကျွေးနေတာလေ ကလေးမရဲ့  .. “
““ဦးကြီးကနေ့ တိုင်း ကိုလာကျွေးတာပဲနော်““
 “ အင်းး ..ကိုယ်ကျွေးမှ သူတို့ လေးတွေ စားရမှာ.. အင်းလေ.. ကိုယ်လဲ သားသမီးတွေ ကျွေးတာလေးစားနေရတာဆိုတော့ .. အင်းးး သားသမီးတွေ ကုသိုလ်ရအောင် ဒါနပြုပေးတဲ့ သဘောပါ..“
“သြော်..ဒါနဲ့  ဦးကြီး သားသမီးတွေ အလုပ်သွားရင် ဦးကြီးတစ်ယောက်တည်းနေခဲ့ရတာပေါ့...မပျင်းဘူးလားး “
“ မပျင်းပါဘူး ... ရုပ်ရှင် တစ်နေကုန် ထိုင်ကြည့်ပစ်လိုက်တာပဲ... ဦးကြီးက နေမကောင်းလို့ ဆေးကုနေရတယ်ကလေးမရဲ့  ..ဆေးတွေလည်း အများကြီးသောက်နေရတယ် ...“
“ဟုတ်လားဦးကြီးး“
ဦးကြီးကို ကြည့်ရတာ စကားပြောဖော် လိုချင်နေပုံရသည် ။ သားသမီးများက သူ့ အလုပ်နှင့်သူ ဆိုတော့ ဦးကြီးခမျာ တစ်ယောက်တည်းပျင်းရှာသည် ထင်ပါ၏ ။ကျမစကားလာပြောသောအခါ ကျမကို ရင်းရင်းနှီးနှီးနှင့် သူ့ အကြောင်းတွေ ပြောပြနေ၏ ။ကျမလည်း သူ့ စကားကိုသေချာစူးစိုက်နားထောင်ပေးရင်း
စကားပြန်ပြောရင်း အဖော်လုပ်ပေးနေမိသည်။ ဦးကြီးကို ဝေဒနာသည်တစ်ယောက်လို မဆက်ဆံရက်ပါ ။
အခုစကားပြောနေတာ ကြည်ကြည်လင်လင် ရှိနေသားပဲ။ ဦးကြီးပုံစံက ဝေဒနာသည်တစ်ယောက်ပုံစံမပေါက်ပါ ..တကယ့်အေးအေးဆေးဆေး ။
လေအဝှေ့ မှာ စာကလေးတသိုက် ၀ုန်းခနဲ ထပြန်သွားကြသည် ။လေနှင့်အတူပါလာသော သတင်းစာစက္ကူက
ထမင်းလုံးလေးများအပေါ် သွားအုပ်မိနေသောအခါ ဦးကြီးကကောက်ယူဖယ်ရှားပေးနေသည်။
သြော်..လေနတ်မင်းကလဲ သူများတကာ စားသောက်နေတဲ့ဟာကို ...ဦးကြီး၏ ဟုရေရွတ်သံကြောင့် ကျမပြုံးလိုက်မိသေးသည် ။ မိုးနတ်မင်း ဟုသာကြားဘူးပါသည် ။ဦးကြီးကျမှလေနတ်မင်းရယ်လို့  ..။
“  ဦးကြီးက ဘာလို့ သစ်ပင်တွေ စိုက်တာလဲဟင် ..ပြီးတော့ တခါတလေ အမှိုက်တွေ လိုက်ကောက်နေတာတွေ့ တယ် ...““
““ အင်း ..အိမ်မှာအဲအကြောင်းပြောရင်တော့ ဦးကြီးကအရူးမို့ လျောက်ပြောတယ်လို့ ပြောတယ် ..
တူမကြီးကေ၇ာ ဦးကြီးပြောပြရင် ဦးကြီးကို အရူးလို့ ပြောမှာလားး ““
““ အာ..ဦးကြီးကလဲ...ဘာလို့ ပြောရမှာလဲ......မပြောပါဘူးး ဦးကြီးရဲ့ ..““
““ တူမကြီးမသိပါဘူး ..တခါတလေ အရူးဖြစ်ရတာသာကောင်းပါတယ် ...ဒီလိုကလေးမရဲ့ လူရယ်လို့ ဖြစ်လာရင်
ပထမဆုံး ကိုယ့်ပတ်ဝန်းကျင် ကိုတစ်ခုခု အကျိုးပြုရတယ် ..ကိုယ့်ပတ်ဝန်းကျင်ပြီးတော့ ကိုယ့် အသိုင်းအ၀န်းထဲ.. အဒါမှတဆင့် ကိုယ့်လူမျိုး ..ပြီးတော့ ကိုယ့်နိုင်ငံ...အဲလို တဆင့်ပြီးတဆင့်ပေါ့ ...
ကိုယ်ဟာသူများကို အကျိုးပြုနိုင်တဲ့သူ ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်တဲ့သူ ဖြစ်ရမယ် ..
သစ်ပင်တွေ ဘာလို့ စိုက်လဲဆိုတော့ နောင်လာနောင်သားတွေ အရိပ်ရအောင်လို့  ...အမှိုက်တွေဘာလို့ ရှင်းလဲဆိုတော့ လမ်းသွားလမ်းလာတွေ ခလုတ်ကသင်းကင်းအောင်လို့  တူမကြီးရဲ့  ..
ဦးကြီး က အခု ကိုယ့်ပတ်ဝန်းကျင်ကို အကျိုးပြုတဲ့ လူတစ်ယောက် မဟုတ်ဘူးလားး ကဲ..ပြော..“ “
ဦးကြီးရဲ့ အတွေးအခေါ် ကိုကျမဖျားသွားပါသည် ။
 “ “ ဟုတ်တာပေါ့ ဦးကြီးရဲ့  မှန်တာပေါ့ ...““
“ “ အခုငှက်ကလေးတွေကို အစာကျွေးတော့ သူတို့ အကောင်လေးတွေပိုပေါက်လာမယ် ..အကောင်ပေါက်တာများတော့ မကောင်းဘူးလား ..ဦကြီးရဲ့ အပင်လေးတွေ ကြီးလာရင်
ငှက်ကလေးတွေလည်း အများကြီးနဲ့  ဘယ်လောက်ကောင်းလိုက်သလဲ ...ဦးကြီးကတော့
စာကလေးတွေ လိုက်ပစ်တဲ့ကောင်တွေကို ခဲနဲ့ လိုက်ဆော် ပစ်လိုက်တယ် ။ ဦးကြီးအစာကျွေးနေတာ
သူတို့  စာကလေးကြော် လုပ်ေ၇ာင်းဖို့ မှမဟုတ်တာ တူမကြီးရယ် ..““
ကျမဦးကြီးစကားကို ပြုံးရင်း ထောက်ခံမိပါသည် ။
ထိုစဉ် ကောင်မလေးတစ်ယောက် ကျမတို့ နားကို အ ပြေးတပိုင်းနှင့် ရောက်ချလာပြီး 
 ““.အဖေ.. အစ်မကို ဘာတွေလျောက်ပြောနေတာလဲ အဖေရဲ့ ...“ “
အားနာစိုးရိမ်နေသည့် မျက်နှာထားနှင့် ..ဦးကြီးရဲ့ သမီးပဲဖြစ်ပါလိမ့်မည် ။
““ အစ်မရယ် ..ညီမကအဖေပျောက်လို့ လိုက်ရှာနေတာ ...အဖေကဒီမှာကိုးး.. အစ်မကို ဘာတွေပြောလိုက်သေးလဲမသိဘူး အားနာလိုက်တာအစ်မရယ် ..“ “
““ ရပါတယ်ညီမရဲ့ ..အစ်မကိုဘာမှမပြောပါဘူး ... ဦးကြီးက ငှက်ကလေးတွေကို အစာကျွေးနေတာကို
မြင်တာနဲ့  စကားလာပြောတာပါ ...အစ်မက ဒီအရှေ့က အိမ်ကလေ.. ညီမ.. ပြောင်းလာတာ မကြာသေးဘူး“ “
 ““ ဟုတ်ကဲ့အစ်မ ညီမမြင်ဘူးနေတာ တော့ကြာပါပြီ . ဒါကညီမအဖေလေ..နေသိပ်မကောင်းဘူး အစ်မရဲ့ ..အခုဆေးသောက်ရမဲ့အချိန်မို့  အဖေ့ကို လာခေါ်တာ  ..အဲဒါ ..ပြီးတော့
အစ်မကိုတစ်ခုခု လျောက်ပြောလိုက်ရင် အားနာစ၇ာမို့  စိုးရိမ်သွားလို့ ပါ ... ““
 ““ ရပါတယ်ညီမရဲ့ ..အားရင်အိမ်လာလည်ဦးလေညီမ ..ဦးကြီးပါခေါ်လာခဲ့လေနော် .. ““
 ““ ဟုတ်ကဲ့အစ်မ ..ခွင့်ပြုပါဦးး.. ““
 ““ ကောင်းပါပြီကွယ် .. ““
ဖခင်ကို ကြင်နာယုယစွာ တွဲခေါ်သွားသော ထိုညီမတို့ သားအဖကို ကျမငေးမောနေမိရင်း ဦကြီး၏စကားများကို ပြန်သုံးသပ်နေမိသည် ။
လူရယ်လို့ ဖြစ်လာရင်
ပထမဆုံး ကိုယ့်ပတ်ဝန်းကျင် ကိုတစ်ခုခု အကျိုးပြုရတယ် ..ကိုယ့်ပတ်ဝန်းကျင်ပြီးတော့ ကိုယ့် အသိုင်းအ၀န်းထဲ.. အဒါမှတဆင့် ကိုယ့်လူမျိုး ..ပြီးတော့ ကိုယ့်နိုင်ငံ...အဲလို တဆင့်ပြီးတဆင့်ပေါ့ ...
ကိုယ်ဟာသူများကို အကျိုးပြုနိုင်တဲ့သူ ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်တဲ့သူ ဖြစ်ရမယ် ..
သစ်ပင်တွေ ဘာလို့ စိုက်လဲဆိုတော့ နောင်လာနောင်သားတွေ အရိပ်ရအောင်လို့  ...အမှိုက်တွေဘာလို့ ရှင်းလဲဆိုတော့ လမ်းသွားလမ်းလာတွေ ခလုတ်ကသင်းကင်းအောင်လို့   
ဦးကြီး၏ စကားများကို အထပ်ထပ်အခါခါ စဉ်းစားရင်း အဖြေရှာနေမိပါသည် ။
 စားဝတ်နေရေးကြောင့်၊ ရုန်းကန်လှုပ်ရှားနေရတာတွေကြောင့်၊ ပညာရေးအတွက်
ကြိုးစားနေရတာတွေကြောင့် ရယ်လို့  ခေါင်းစဉ်အမျိုးမျိုးတပ်ကာ တချို့ ကိစ္စတွေမှာ လစ်လျှူရူမေ့လျော့
နေတတ်ကြပါသည် ။မသိစိတ်မှာ အချိန်လည်း မပေးနိုင်ခဲ့ကြသလို
ကြံဖန်ပြီးတော့လည်း ရှောင်ရှားခဲ့ကြဘူးပါလိမ့်မည် ။
ကျမတို့  အသက်ရှင်နေစဉ် လူ့ ဘ၀ရဲ့  တိုတောင်းလှတဲ့ အချိန်ကာလလေးတွေကို
ဘယ်လိုတန်ဖိုးရှိစွာ အသုံးချကြမလဲ ။
ကျမတို့ အသက်ရှင်နေထိုင်ခြင်းဟာ ဘယ်သူ့ အတွက်လဲ ဘာအတွက်လဲ ..ဘာတွေလုပ်သင့်သလဲ ဆိုတာ  သေချာစဉ်းစားဖို့ အမှန်တကယ်ကို လိုအပ်လာပါပြီ  ။
ချစ်ခင်လေးစားစွာဖြင့်
ယွန်း
There was an error in this gadget
About me
Blogger templates