Dec 5, 2011
ယောက်ျားလေးဝတ် ရှပ်အကျီ င်္ကို ချစ်စရာ ဖက်ရှင် Dress အဖြစ် ထွင်ပြီးဝတ်ကြမယ်
ကဲ..မမတို့ အားမကျကြဘူးးလားး လှမှလှနော် ...:D
စမ်းကြည့်ချင်တယ်ဆိုရင် အိမ်က အစ်ကိုတွေ မောင်တွေ ရဲ့ ရှပ်အင်္ကျှီတွေနဲ့သာ
စမ်းသပ်ကြည့်ကြပေတော့  :)  :P
Nov 29, 2011
ပရဟိတရယ်လို့  မဆိုခင်..
ပြတင်းပေါက်ကနေ  ခပ်လှမ်းလှမ်း ဆီမှ မြင်ကွင်းကို ကျမစိတ်ဝင်တစားငေးမောနေမိတယ် ။
အသက်ကြီးတဲ့ လူကြီးတစ်ယောက်ရယ်  .. မြေပေါ်ပြန့် ကျဲနေတဲ့ ထမင်းလုံးစေ့လေးတွေရယ် ..စာကလေးတစ်အုပ်ရယ် ...။ ထမင်းလုံးစေ့လေးတွေကို စာကလေး အကောင်၂၀ လောက်က
တိုးဝှေ့ စားသောက်နေကြသည် ။ ဘေးနားမလှမ်းမကမ်းမှ လူကြီးတစ်ယောက်က ပန်းကန်ထဲက
ထမင်းစေ့လေးတွေကို ဟိုနားတစ်စု ဒီနားတစ်စု ကျဲချပေးနေသည် ။အဲဒိ အသက်ကြီးကြီးဦးကြီးကို
ကျမသတိထားမိတာကြာပြီ ။ သူက မကြာခဏ နေမကောင်းဖြစ်တတ်သူုဖြစ်တယ် ။
စိတ်ဝေဒနာ ကြောင့် အလုပ်မလုပ်နိုင်ပဲ အိမ်မှာပဲ အနားယူနေရသူလို့ သိရတယ် ။သို့ ပေမဲ့ သူက
အချိန်ကိုတန်ဖိုးရှိရှိ အသုံးချလေ့ရှိတယ် ။သားသမီးတွေ အလုပ်သွားတဲ့အချိန်မှာ အိမ်မှာ ထမင်းဟင်းချက်  ထားတတ်တယ် ။ ပြီးရင် တရားခွေလေးဖွင့်ပြီး တ၇ားနာသည် ။ အိမ်သန့် ရှင်းေ၇းတွေဘာတွေလုပ်ပြီး
အချိန်တန်ရင် စာကလေးတွေကို ထမင်းသွားကျွေးလေ့ရှိတယ် ။ စာကလေးတွေကလည်း  သူလာကျွေးမဲ့
အချိန်ဆို အစာစားနေကျနေ၇ာမှာ အုံးအုံးကြွက်ကြွက်နဲ့ အစာတောင်းနေလေ့ရှိတယ် ။
ဦးကြီးက စာကလေးတွေကို အမြဲ အစာကျွေးနေကျမို့  စာကလေးတွေက သူ့ ကို ကြောက်ဟန်မပေါ်ဘူး ။
ဦးကြီးက သူတို့ အနားကပ်သွားလည်း သူတို့ က စားမြဲအတိုင်း စားတာပဲ ။ ဦးကြီးနဲ့ စာကလေးငှက်လေးတွေရဲ့  ရင်းနှီးမူအတိုင်းအတာဟာလည်း  တနေ့ တခြားတိုးပွားလာခဲ့ပြီး နေ့ တိုင်း
ကျမမှာလည်း ဦးကြီး နဲ့ စာကလေးငှက်လေးတွေရဲ့  မြင်ကွင်းကို မသိမသာလေး ငေးမောကြည့်လာမိတယ် ။
ဦးကြီးက စာကလေးတွေအစာကျွေးတာအပြင် ခြံအနီးတစ် ၀ိုက်မှာ အရိပ်ရတဲ့ အပင်လေးတွေစိုက်သည် ။
အမှိုက်များရှိလျှင်လိုက် ကောက်ရှင်းနေတတ်သေးသည် ။
တခါတရံ ဦးကြီး စာကလေးတွေကို အစာလာမကျွေးတဲ့နေ့ ဆို ကျမစိတ်မှာ ဦးကြီးများ
နေမကောင်းပြန်ဖြစ်နေလားရယ်လို့ တွေးနေမိပြန်ေ၇ာ ...။ ထိုအချိန်ဆို စာကလေးတွေလည်း ဦးကြီး
လာမဲ့ လမ်းမှာ ခေါင်းတပြူပြူနဲ့ ဦးကြီးကို မျှော်နေသလားရယ်လို့ တောင် အောက်မေ့မိပါတယ် ။
တစ်နေ့ မှာ ကျမ အဲဒိဦးကြီးနဲ့ စကားပြောချင်စိတ်နဲ့  ဦးကြီးအစာကျွေးနေတဲ့အနား ခြေသံဖွဖွနင်းကာ တိုးကပ်သွားမိတယ်  ။ ကျမခြေသံကြားတော့ တချို့ ငှက်လေးတွေ ထပျံကုန်ကြတယ် ။
တချို့ ငှက်လေးတွေကတော့ မလှမ်းမကမ်းက သစ်ကိုင်းလေးပေါ်မှာနားရင်း အကဲခတ်နေကြတယ် ။
ခပ်၀၀ အသားညိုညို ဆံပင်တွေက တခေါင်းလုံးနီးပါး ဖြူလျှော်နေကြပေမဲ့
မျက်လုံးအရောင်တွေကခြောက်ကပ်ကပ် ..သို့ ပေမဲ့ ကြည်လင်နေတယ် ။
သူ့ အနားမှာရပ်လိုက်တော့ ကျမကိုလှည့်ကြည့်ပြီး
ပြုံးပြတယ် ။သူ့ အပြုံးက ကျမကို မသိပဲ ပြုံးပြတဲ့ ကြောင်တောင်တောင်အပြုံးး မျိုး ။
“ ဦးကြီး ဘာလုပ်နေတာလဲ ..“
“ငှက်ကလေးတွေကို အစာကျွေးနေတာလေ ကလေးမရဲ့  .. “
““ဦးကြီးကနေ့ တိုင်း ကိုလာကျွေးတာပဲနော်““
 “ အင်းး ..ကိုယ်ကျွေးမှ သူတို့ လေးတွေ စားရမှာ.. အင်းလေ.. ကိုယ်လဲ သားသမီးတွေ ကျွေးတာလေးစားနေရတာဆိုတော့ .. အင်းးး သားသမီးတွေ ကုသိုလ်ရအောင် ဒါနပြုပေးတဲ့ သဘောပါ..“
“သြော်..ဒါနဲ့  ဦးကြီး သားသမီးတွေ အလုပ်သွားရင် ဦးကြီးတစ်ယောက်တည်းနေခဲ့ရတာပေါ့...မပျင်းဘူးလားး “
“ မပျင်းပါဘူး ... ရုပ်ရှင် တစ်နေကုန် ထိုင်ကြည့်ပစ်လိုက်တာပဲ... ဦးကြီးက နေမကောင်းလို့ ဆေးကုနေရတယ်ကလေးမရဲ့  ..ဆေးတွေလည်း အများကြီးသောက်နေရတယ် ...“
“ဟုတ်လားဦးကြီးး“
ဦးကြီးကို ကြည့်ရတာ စကားပြောဖော် လိုချင်နေပုံရသည် ။ သားသမီးများက သူ့ အလုပ်နှင့်သူ ဆိုတော့ ဦးကြီးခမျာ တစ်ယောက်တည်းပျင်းရှာသည် ထင်ပါ၏ ။ကျမစကားလာပြောသောအခါ ကျမကို ရင်းရင်းနှီးနှီးနှင့် သူ့ အကြောင်းတွေ ပြောပြနေ၏ ။ကျမလည်း သူ့ စကားကိုသေချာစူးစိုက်နားထောင်ပေးရင်း
စကားပြန်ပြောရင်း အဖော်လုပ်ပေးနေမိသည်။ ဦးကြီးကို ဝေဒနာသည်တစ်ယောက်လို မဆက်ဆံရက်ပါ ။
အခုစကားပြောနေတာ ကြည်ကြည်လင်လင် ရှိနေသားပဲ။ ဦးကြီးပုံစံက ဝေဒနာသည်တစ်ယောက်ပုံစံမပေါက်ပါ ..တကယ့်အေးအေးဆေးဆေး ။
လေအဝှေ့ မှာ စာကလေးတသိုက် ၀ုန်းခနဲ ထပြန်သွားကြသည် ။လေနှင့်အတူပါလာသော သတင်းစာစက္ကူက
ထမင်းလုံးလေးများအပေါ် သွားအုပ်မိနေသောအခါ ဦးကြီးကကောက်ယူဖယ်ရှားပေးနေသည်။
သြော်..လေနတ်မင်းကလဲ သူများတကာ စားသောက်နေတဲ့ဟာကို ...ဦးကြီး၏ ဟုရေရွတ်သံကြောင့် ကျမပြုံးလိုက်မိသေးသည် ။ မိုးနတ်မင်း ဟုသာကြားဘူးပါသည် ။ဦးကြီးကျမှလေနတ်မင်းရယ်လို့  ..။
“  ဦးကြီးက ဘာလို့ သစ်ပင်တွေ စိုက်တာလဲဟင် ..ပြီးတော့ တခါတလေ အမှိုက်တွေ လိုက်ကောက်နေတာတွေ့ တယ် ...““
““ အင်း ..အိမ်မှာအဲအကြောင်းပြောရင်တော့ ဦးကြီးကအရူးမို့ လျောက်ပြောတယ်လို့ ပြောတယ် ..
တူမကြီးကေ၇ာ ဦးကြီးပြောပြရင် ဦးကြီးကို အရူးလို့ ပြောမှာလားး ““
““ အာ..ဦးကြီးကလဲ...ဘာလို့ ပြောရမှာလဲ......မပြောပါဘူးး ဦးကြီးရဲ့ ..““
““ တူမကြီးမသိပါဘူး ..တခါတလေ အရူးဖြစ်ရတာသာကောင်းပါတယ် ...ဒီလိုကလေးမရဲ့ လူရယ်လို့ ဖြစ်လာရင်
ပထမဆုံး ကိုယ့်ပတ်ဝန်းကျင် ကိုတစ်ခုခု အကျိုးပြုရတယ် ..ကိုယ့်ပတ်ဝန်းကျင်ပြီးတော့ ကိုယ့် အသိုင်းအ၀န်းထဲ.. အဒါမှတဆင့် ကိုယ့်လူမျိုး ..ပြီးတော့ ကိုယ့်နိုင်ငံ...အဲလို တဆင့်ပြီးတဆင့်ပေါ့ ...
ကိုယ်ဟာသူများကို အကျိုးပြုနိုင်တဲ့သူ ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်တဲ့သူ ဖြစ်ရမယ် ..
သစ်ပင်တွေ ဘာလို့ စိုက်လဲဆိုတော့ နောင်လာနောင်သားတွေ အရိပ်ရအောင်လို့  ...အမှိုက်တွေဘာလို့ ရှင်းလဲဆိုတော့ လမ်းသွားလမ်းလာတွေ ခလုတ်ကသင်းကင်းအောင်လို့  တူမကြီးရဲ့  ..
ဦးကြီး က အခု ကိုယ့်ပတ်ဝန်းကျင်ကို အကျိုးပြုတဲ့ လူတစ်ယောက် မဟုတ်ဘူးလားး ကဲ..ပြော..“ “
ဦးကြီးရဲ့ အတွေးအခေါ် ကိုကျမဖျားသွားပါသည် ။
 “ “ ဟုတ်တာပေါ့ ဦးကြီးရဲ့  မှန်တာပေါ့ ...““
“ “ အခုငှက်ကလေးတွေကို အစာကျွေးတော့ သူတို့ အကောင်လေးတွေပိုပေါက်လာမယ် ..အကောင်ပေါက်တာများတော့ မကောင်းဘူးလား ..ဦကြီးရဲ့ အပင်လေးတွေ ကြီးလာရင်
ငှက်ကလေးတွေလည်း အများကြီးနဲ့  ဘယ်လောက်ကောင်းလိုက်သလဲ ...ဦးကြီးကတော့
စာကလေးတွေ လိုက်ပစ်တဲ့ကောင်တွေကို ခဲနဲ့ လိုက်ဆော် ပစ်လိုက်တယ် ။ ဦးကြီးအစာကျွေးနေတာ
သူတို့  စာကလေးကြော် လုပ်ေ၇ာင်းဖို့ မှမဟုတ်တာ တူမကြီးရယ် ..““
ကျမဦးကြီးစကားကို ပြုံးရင်း ထောက်ခံမိပါသည် ။
ထိုစဉ် ကောင်မလေးတစ်ယောက် ကျမတို့ နားကို အ ပြေးတပိုင်းနှင့် ရောက်ချလာပြီး 
 ““.အဖေ.. အစ်မကို ဘာတွေလျောက်ပြောနေတာလဲ အဖေရဲ့ ...“ “
အားနာစိုးရိမ်နေသည့် မျက်နှာထားနှင့် ..ဦးကြီးရဲ့ သမီးပဲဖြစ်ပါလိမ့်မည် ။
““ အစ်မရယ် ..ညီမကအဖေပျောက်လို့ လိုက်ရှာနေတာ ...အဖေကဒီမှာကိုးး.. အစ်မကို ဘာတွေပြောလိုက်သေးလဲမသိဘူး အားနာလိုက်တာအစ်မရယ် ..“ “
““ ရပါတယ်ညီမရဲ့ ..အစ်မကိုဘာမှမပြောပါဘူး ... ဦးကြီးက ငှက်ကလေးတွေကို အစာကျွေးနေတာကို
မြင်တာနဲ့  စကားလာပြောတာပါ ...အစ်မက ဒီအရှေ့က အိမ်ကလေ.. ညီမ.. ပြောင်းလာတာ မကြာသေးဘူး“ “
 ““ ဟုတ်ကဲ့အစ်မ ညီမမြင်ဘူးနေတာ တော့ကြာပါပြီ . ဒါကညီမအဖေလေ..နေသိပ်မကောင်းဘူး အစ်မရဲ့ ..အခုဆေးသောက်ရမဲ့အချိန်မို့  အဖေ့ကို လာခေါ်တာ  ..အဲဒါ ..ပြီးတော့
အစ်မကိုတစ်ခုခု လျောက်ပြောလိုက်ရင် အားနာစ၇ာမို့  စိုးရိမ်သွားလို့ ပါ ... ““
 ““ ရပါတယ်ညီမရဲ့ ..အားရင်အိမ်လာလည်ဦးလေညီမ ..ဦးကြီးပါခေါ်လာခဲ့လေနော် .. ““
 ““ ဟုတ်ကဲ့အစ်မ ..ခွင့်ပြုပါဦးး.. ““
 ““ ကောင်းပါပြီကွယ် .. ““
ဖခင်ကို ကြင်နာယုယစွာ တွဲခေါ်သွားသော ထိုညီမတို့ သားအဖကို ကျမငေးမောနေမိရင်း ဦကြီး၏စကားများကို ပြန်သုံးသပ်နေမိသည် ။
လူရယ်လို့ ဖြစ်လာရင်
ပထမဆုံး ကိုယ့်ပတ်ဝန်းကျင် ကိုတစ်ခုခု အကျိုးပြုရတယ် ..ကိုယ့်ပတ်ဝန်းကျင်ပြီးတော့ ကိုယ့် အသိုင်းအ၀န်းထဲ.. အဒါမှတဆင့် ကိုယ့်လူမျိုး ..ပြီးတော့ ကိုယ့်နိုင်ငံ...အဲလို တဆင့်ပြီးတဆင့်ပေါ့ ...
ကိုယ်ဟာသူများကို အကျိုးပြုနိုင်တဲ့သူ ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်တဲ့သူ ဖြစ်ရမယ် ..
သစ်ပင်တွေ ဘာလို့ စိုက်လဲဆိုတော့ နောင်လာနောင်သားတွေ အရိပ်ရအောင်လို့  ...အမှိုက်တွေဘာလို့ ရှင်းလဲဆိုတော့ လမ်းသွားလမ်းလာတွေ ခလုတ်ကသင်းကင်းအောင်လို့   
ဦးကြီး၏ စကားများကို အထပ်ထပ်အခါခါ စဉ်းစားရင်း အဖြေရှာနေမိပါသည် ။
 စားဝတ်နေရေးကြောင့်၊ ရုန်းကန်လှုပ်ရှားနေရတာတွေကြောင့်၊ ပညာရေးအတွက်
ကြိုးစားနေရတာတွေကြောင့် ရယ်လို့  ခေါင်းစဉ်အမျိုးမျိုးတပ်ကာ တချို့ ကိစ္စတွေမှာ လစ်လျှူရူမေ့လျော့
နေတတ်ကြပါသည် ။မသိစိတ်မှာ အချိန်လည်း မပေးနိုင်ခဲ့ကြသလို
ကြံဖန်ပြီးတော့လည်း ရှောင်ရှားခဲ့ကြဘူးပါလိမ့်မည် ။
ကျမတို့  အသက်ရှင်နေစဉ် လူ့ ဘ၀ရဲ့  တိုတောင်းလှတဲ့ အချိန်ကာလလေးတွေကို
ဘယ်လိုတန်ဖိုးရှိစွာ အသုံးချကြမလဲ ။
ကျမတို့ အသက်ရှင်နေထိုင်ခြင်းဟာ ဘယ်သူ့ အတွက်လဲ ဘာအတွက်လဲ ..ဘာတွေလုပ်သင့်သလဲ ဆိုတာ  သေချာစဉ်းစားဖို့ အမှန်တကယ်ကို လိုအပ်လာပါပြီ  ။
ချစ်ခင်လေးစားစွာဖြင့်
ယွန်း
Oct 14, 2011
လွဲမှလွဲတတ်ပါပေတယ်
တစ်နှစ်တစ်ခါ သီတင်းကျွတ် တန်ဆောင်တိုင်ရောက်ရင် မြန်မာပြည်ကို ပြန်ပြန်ြပီး သတိရလာမိတယ်
ကိုယ့်ရိုးရာ ဓလေ့အတိုင်း လူကြီးသူမတွေကို ကန်တော့တာတို့ ၊ သူငယ်ချင်းတွေနဲ့  အပျော်ခရီး ထွက်
ရတာတို့  ပြီးတော့ သီတင်းကျွတ်ညမှာ စက်ဘီးလေးတွေနဲ့  လမ်းတကာလျှောက်စီးရတာတွေ ကိုက
ဘ၀မှာ နောက်တစ်ကြိမ် ပြန်မရနိုင်တဲ့  လွတ်လပ်ပျော်ရွှင်ပြီး အပူပင်ကင်းတဲ့အရသာလေးတွေပါ ။
ဒီလိုနဲ့ ဖြစ်ချင်တော့ လွန်ခဲ့တဲ့(၃)နှစ်ကသီတင်းကျွတ်အမှီ မြန်မာပြည်ပြန်ချင်ရက် မပြန်ဖြစ်တာနဲ့ 
သီတင်းကျွတ်အချိန်ရောက်ရင် မြန်မာပြည် ဓလေ့ထုံးစံလိုမျိုး လူကြီး တစ်ယောက်
ယောက်ကို ကန်တော့ဖြစ်အောင် ကန်တော့လိုက်ဦးမယ်လို့  စိတ်မှာတေးထားတာပေါ့။
ကျမနဲ့ အကြံတူနေတဲ့ အစ်မတစ်ယောက် ရှိတယ်။(အစ်မရင်းလို ခင်မင်ရသူပါ)သူကလဲအဲလိုပဲ။
သီတင်းကျွတ်ကာလမှာ လူကြီးတစ်ယောက်ယောက်ကို ကန်တော့ချင်တာ။
ဒီလိုနဲ့ ကျမတို့ နှစ်ယောက်ပေါင်းမိတော့ ကန်တော့ခံမဲ့ လူကြီးတစ်ယောက်ကို ရှာရတယ်။
ထိုစဉ်က ကျမတို့ မြို့ မှာ ရှားရှားပါးပါး အသက်၆၀ ကျော်လူကြီးဆိုလို့  အဘတစ်ယောက်ပဲရှိတယ်။
အဘဆိုလို့ အထင်မသေးလိုက်နဲ့ဦး။ အဘကအမြဲပေါ့ပေါ့ပါးပါးနဲ့ ၊လူငယ်တွေနဲ့လည်း ၀င်ဆန့်တယ်၊
ကျမတို့ မြို့ က လူငယ်တွေဆိုရင် အဘကို ချစ်စနိုးနဲ့ ဘီးကျဲ လို့ ခေါ်ကြတယ်၊ ကျမတို့ ကတော့ ပထမဘာမှန်းမသိဘူး၊နောက်မှသူတို့ ပြောတာ ဘီးကျဲ ဆိုတာ ဘဲကြီး ဆိုလား..ဘာလား။
ဘာပဲဖြစ်ဖြစ် ကျမတို့ ကတော့ ကိုယ့် အဘိုးအရွယ်ဆိုတော့ အဲလို မခေါ်ဝံ့ဘူးပေါ့။
အဘဟာ အသက်၆၀ကျော်လို့  အစိုးရပင်စင်စား  အဖြစ် ဘ၀ကိုခပ်အေးအေးပဲ ဖြတ်သန်းနေပုံရပါတယ်။
ကျောထောက်နောက်ခံ သားသမီးမရှိတဲ့ အဘဟာ အမြဲ ခပ်ပျော်ပျော်ပါပဲ။ ကားလေးတစ်စီးနဲ့ 
တစ်နေ့ တစ်နေ့  ဂေါက်ရိုက်လိုက် ဘုန်းကြီးကျောင်းလေးသွားလိုက် သူငယ်ချင်းတွေ အိမ်လည်လိုက်နဲ့ 
ဘယ်အချိန်ကြည့်ကြည့် နုပျိုလတ်ဆတ်နေတယ်။ အဘကို တမြို့ လုံးကလည်းချစ်ကြတယ်။အဘအိမ်မှာဆို
လူငယ်တွေ တရုန်းရုန်းနဲ့ ။ သူတို့ တွေကလည်းအဘကို လူရှေ့ သူရှေ့မရှောင် စတတ်နောက်တတ်လွန်းလို့ 
ကျမတို့ တောင် မျက်စိနောက်ရတဲ့ အထိပဲ၊ ဒါပေမဲ့ အဘကတော့ အေးဆေးပဲ။
(ခုနကစကားပြန်ဆက်လိုက်ဦးမယ်) အဲလိုနဲ့ ကျမနဲ့ ကျမအစ်မ တရက်ဆုံပြီး အဘဆီသွားခဲ့ကြတယ်။
နှစ်ယောက်သား ကန်တော့မဲ့ ပစ္စည်းလေးတွေကို ခြင်းထဲထည့်လို့ ပေါ့။ ဘီစကစ်လေးတွေ ၊ကိတ်ခြောက်
ဆေးပေါ့လိပ် (ဆေးပေါ့လိပ်က ကျမတို့ ဆီမှာ ရှားပါးပစ္စည်းပါ.အဲဒိအချိန်တုံးက တခြားstate မှာဝယ်ရပါတယ်)
ကော်ဖီ အစရှိသဖြင့် အဘ ကြိုက်တတ်မဲ့ အရာလေးတွေမှန်းဝယ်ပြီး အဘဆီရောက်သွားကြတယ်။
ဟိုရောက်တော့ အဘရေ  အဘ ကိုကန်တော့ချင်လို့ ပါပေါ့။အဘ ကလဲ ခပ်တည်တည်ကြီးလုပ်ပြီး အေး..အေးကန်တော့ကြ..ကန်တော့ကြပေါ့လေ..ဒီအထိ ဘာမှမဖြစ်သေးဘူး ..ဟုတ်နေတုန်းး။ ကန်တော့ပြီးတော့ 
ကျမအစ်မက အဘကိုကန်တော့ပြီးပြီ ဆုလေးဘာလေး ပေးဦးလေအဘဆိုတော့ အဘက ခေါင်းတဆတ်ဆတ်ငြိမ့်ပြီး ခပ်တည်တည် ပေးလိုက်တဲ့ ဆုကြောင့် ကျမရော ကျမအစ်မရော ပေးတဲ့ဆုနဲ့ပြည့်ပါစေလို့ တောင် မပြောနိုင်တော့ပါဘူးး။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လို့  ပါးစပ်အဟောင်းသားနဲ့ ။စိတ်ထဲကနေ ဖွဟဲ့ လွဲပါစေဖယ်ပါစေလို့ မြန်မြန်ပြောလိုက်မိတယ်။
အဘပေးလိုက်တဲ့ ဆုကတော့
အေး..အေး...ခုလို သီတင်းကျွတ်မှာ လူကြီးသူမကို ကန်တော့ရတဲ့ အကျိုးကြောင့် အပြန်လမ်းမှာ 
ချောချောမောမောနဲ့  ကောင်းရာသုဂတိလားပါစေ .. .ဟူသတည်းး။
(အဲဒိနေ့ က အပြန်လမ်းမှာ ကားမောင်းဖို့ တောင် သူမောင်း ငါမောင်းနဲ့  ငြင်းနေကြတာ တကယ်ကို
အဘပြောသလို ကောင်းရာသုဂတိလားရမှာကြနေတာပါပဲ.....ဟဲဟဲ  :D :) )
ချစ်ခင်လေးစားစွာဖြင့်
ယွန်း
(သီတင်းကျွတ် အမှတ်တရ )
Sep 29, 2011
လှေကားထစ်
Image from Google
ပြင်းရှရှ ၀ိုင်တစ်ခွက်ကိုမှ
မျက်လုံးစုံမှိတ်လို့ 
ငါ .........
သောက်သုံးခဲ့မိတယ်..
ငါ့ရင်ဘတ်နဲ့  ခင်းခဲ့ရတဲ့
လှေကားထစ်တွေကို
တထစ်ခြင်း
နင်............
နင်းတက်ခဲ့ပြီးမှ
 ” ငါ့အတွက် နင်မလိုတော့ဘူး ” တဲ့...
ပြောရက်တယ်...........
နုတ်ခမ်းကိုစုံပိတ်
မျက်လုံးတွေကို မှိတ်ထားလဲ
မခံချင်စိတ်တွေနဲ့ 
နင့်အတွက်ဆိုပြီး  ချိုးနိုမ်ထားခဲ့တဲ့
မာနလေးက ခေါင်းထောင်လာတယ်...
 ( မပြောရက်ခဲ့ပါဘူးလေ )
စကားလုံးတွေကိုမျိုသိပ်
အံကြိတ်ပြီး
ခေါင်းငုံ့  လိုက်မိတဲ့အခါတိုင်းးးး..
ငါ့ရင်ဘတ်မှာ
တစစီ ကြေမွအက်ကွဲလို့ 
လောကကြီးထဲ..
ငါကိုယ်တိုင်...
ပျောက်..ဆုံး...နေ......ခဲ့........တယ်............။
စာဖတ်သူများအား ချစ်ခင်လေးစားစွာဖြင့်
ယွန်း
Sep 23, 2011
ဧရာဝတီ ကိုကယ်တင်ပါ
စာမရေးတာကြာပေမဲ့ အခုတော့ ကြားရတာ နားဝမှာ မသက်သာတာတွေများလာလို့ မနေနိုင်လို့ရေး
ရပါဦးမယ်။ အခုတလော ဧရာဝတီမြစ်ဆုံဆည် စီမံကိန်း ကိုသတင်းတော်တော်များများမှာ ဖတ်နေကြားနေရတယ် ။နေပြည်တော်က ကြပ်မပြည့်တဲ့ အစိုးရ၀န်ကြီးတွေကြောင့်
ကျမတို့  နိုင်ငံရဲ့  ယဉ်ကျေးမှူ အမွေဖြစ်တဲ့ ဧရာဝတီမြစ်ကြီးဟာ တိမ်ကောရတာ့မယ်။
ဧရာဝတီဆိုတာ မြန်မာပြည်ကြီးရဲ့  အသက်သွေးကြောမြစ်ကြီးဖြစ်ပါတယ် ။ မြစ်ကြောတလျောက်က
မြစ်နဲ့ လုပ်ကိုင်စားသောက်ရတဲ့ ပြည်သူတွေကလည်း  ဧရာဝတီမြစ်ကြီးကို အားထားနေရသလို
မိုးနည်း ဒေသတွေကလည်း ဧရာဝတီကိုပဲ အားကိုးပြီး စိုက်ပျိုးေ၇း လုပ်ကြပါတယ် ။
နက်နက်နဲနဲမတွေးပဲ ဒီလိုလေးတွေးကြည့်၇င်တောင်မှ လူပေါင်းများစွာ ဘ၀ပေါင်းများစွာ မိသားစုပေါင်းများစွာဟာ ဧရာဝတီကိုမှီခိုနေကြရတယ် ဆိုတာအသိသာကြီးပါ။
တဖက်ကကြည့်ရင်လဲ ဧရာဝတီဟာ တိုင်းပြည်ရဲ့  အသက်သွေးကြောဖြစ်တယ် ။
မြန်မာနိုင်ငံရဲ့  အလယ်ကိုဖြတ်သန်းစီးဆင်းပြီး မြန်မာပြည်မှာစ မြန်မာပြည်မှာပဲဆုံးတဲ့
မြန်မာပြည်ရဲ့  အထင်ကရ မြစ်ကြီးလဲဖြစ်တယ် ။ခေတ်အဆက်ဆက်၊ ရာဇ၀င်အဆက်ဆက်မှာ မင်းအဆက်ဆက်က တန်ဖိုးထားထိန်သိမ်းခဲ့ကြတဲ့ မြန်မာ့ယဉ်ကျေးမှူ အမွေအနှစ်လဲ ဖြစ်တယ် ။
အခုတော့ နေပြည်တော်က ကြပ်မပြည့်ကြတဲ့ အစိုးရ၀န်ကြီးတွေက ပြည်သူလူထု
ရဲ့ ဆန္ဒကို မျက်ကွယ်ပြုပြီး ဧရာဝတီမြစ်ဆုံမှာ  ဆည်ဆောက်မယ်ဆိုတာ လုံးဝမဖြစ်သင့်ဘူးလို့ပဲ
ယူဆပါတယ်။ဒီမြစ်ဆုံစီမံကိန်းကြီးကို ပြည်တွင်းပြည်ပ အတတ်ပညာရှင်များ၊ မီဒီယာလောကသားများ၊ စာပေအနုပညာရှင်များ၊ ပြည်သူများကဒီစီမံကိန်း ကြောင့် ပြည်သူအားလုံး ဘ၀ပျက်ကြမယ့် အခြေနေများ တင်ပြပြီး ဒီစီမံကိန်းကြီးကို ကန့်ကွက်ကြသော်လည်း ဂရုမစိုက်ပဲ လုပ်ချင်ရာ ဆက်လုပ်နေကြတာဟာ တော်တော်စိတ်ပျက်စရာကောင်းပါတယ်။
ပြီးတော့ စိတ်အပျက်ဆုံးကတော့ သတင်းစာရှင်းလင်းပွဲတွေမှာ ငါ့စကားနွားရ
ပြောချင်ရာလျောက်ပြောနေတဲ့လျှပ်စစ်ဝန်ကြီးကိုပဲ ။ပြည်သူလူထုရဲ့ အသံကိုနားမထောင်ပဲ
ဘယ်ကောင် ဘာပြောပြော ဆက်လုပ်မယ်...မန်မာနိုင်ငံမှာတော့
ရေအားလျှပ်စစ်နဲ့ပတ်သတ်ပြီးတော့ လက်ရှိအချိန်မှာ သူ့  ထက်ပိုပြီးတော့ အတွေ့ အကြုံရှိတဲ့လူ မရှိတော့ဘူးဆိုတာမျိုးပြောသွားတဲ့အတွက် တော်တော် စိတ်ပျက်မိတယ်။
အဲလိုဆည်ဆောက်ခြင်းကြောင့် မြစ်ကောသွားပြီး ကုန်းတွေအလိုလိုပေါ်လာမယ်။
သဘာဝပတ်ဝန်းကျင်ကိုလဲ ကျိန်းသေထိခိုက်နိုင်တယ်ဆိုတာ ပညာရှင်တွေမဆိုထားနဲ့  ကျမတို့  သာမန်လူတွေတောင် နားလည်တဲ့အချက်ပါပဲ။ပြီးတော့အဲ့ဒီဆည်ကြီးကြောင့် ကျေးရွာပေါင်း (၄၇) ရွာဟာလည်း ရေ လွှမ်းမိုးခံရကိန်းရှိနေပါတယ်။ နိုင်ငံတော် အစိုးရတွေ အကျိုးခံစားရမှာကနောက်
ပြည်သူလူထုတွေ အခက်အခဲကြုံတွေ့ ကြရမှာက အရင်ပါ။ တိုင်းပြည်ရဲ့ အမွေအနှစ်ကို မထိန်းသိမ်းတဲ့
အပြင် အစိုးရကိုယ်တိုင်က တိုင်းတပါးသားလက်ထဲရောင်းစားနေတာ သဘာဝတော့မကျလှဘူး။
ဘယ်သူသေသေ ငတေမာ၇င်ပြီးေ၇ာဆိုတဲ့ စိတ်တွေနဲ့  ပြည်သူတွေ ဒုက္ခ္ခ္ခ္ခ္ခတွေ့ မှာကို ထည့်မတွက်ပဲ
ကိုယ်ကျိုးစီးပွားတချက်တည်း ကြည့်မယ်ဆိုရင်  ဧရာဝတီကို ကျမတို့  ဆုံးရှူးံသွားရတော့မှာ အမှန်ပဲ ။ ကျမတို့ ရဲ့ မျိုးဆက်သစ်လေးတွေကို ယဉ်ကျေးမှူအမွေအနှစ်ဖြစ်တဲ့ ဧ၇ာဝတီကို လက်ဆင့်ကမ်းပေးနိုင်ပါ့မလား လို့ တွေးတောရင်း ရင်မောမိတာ အခါခါပါ  ။
အရင်က ကိုထူးအိမ်သင် ရဲ့  ရာဇ၀င်ထဲက သတို့ သမီးဆိုတဲ့ သီချင်းလေးကြားရင် ရင်ထဲမှာ ဧရာဝတီကိုချစ်တဲ့စိတ် အမိမြေကိုချစ်ခင်တဲ့စိတ်ကိုခံစားခဲ့ရပေမဲ့
အခုနေတော့ အဲဒိသီချင်းလေးနားထောင်မိ၇င် ဧရာဝတီကို ဆုံးရှူးံရတော့မယ်ဆိုတဲ့ ခံစားချက်
တစ်ခုနဲ့တင် ရင်ထဲမှာ ဆို့ နင့်လာသလိုပါပဲ ။
ဘာပဲဖြစ်ဖြစ်  မြန်မာပြည်သားတစ်ယောက်အနေနဲ့ ပြောရရင်
ဧရာဝတီမြစ်ကြီးကို ဒီအတိုင်းပဲမြင်ချင်တယ် ....
ဧရာဝတီရဲ့ အရှိန်မပျက် စီးဆင်းနေတဲ့  မြစ်ရေတွေကို ဒီအတိုင်းပဲ ရှိပါစေ..မတားဆီးကြပါနဲ့ ..
ဧရာဝတီ လွတ်လပ်စွာစီးဆင်းပါစေ....
ပိတ်ပင်တားဆီးမှူတွေ ကင်းဝေးပြီး လွတ်လပ်စွာ စီးဆင်းနိုင်စေဖို့  ကျမတို့ အားလုံး 
ဧရာဝတီကို တတ်နိုင်သလောက် ၀ိုင်းဝန်း ကာကွယ်ကြပါစို့ ....
ဧရာဝတီ မြစ်ဆုံဆည်  စီမံကိန်းကို လုံးဝ ကန့် ကွက်ပါသည်
စာဖတ်ပရိတ်သတ်များအား အစဉ်လေးစားလျှက်
ယွန်း
Sep 20, 2011
မိုးထဲကအလွမ်း
raining Pictures, Images and Photos
Image from photobucket
မိုးနံ့ လေနံ့ လေးရတာနဲ့ 
အလွမ်းတွေ ရောက်ရောက်လာတယ်
ဘယ်နေရာကို ကြည့်လိုက် ကြည့်လိုက်
တစ်ယောက်တည်းဆိုတဲ့အသိက
အလွမ်းတွေကို ပိုထန်စေတယ်.........
ချစ်သူရေ.....
ငါ့အလွမ်းတွေ
နင့်ဆီမှာ အသံမြည်စေဖို့ 
ဘယ်ကြိုးကိုဆွဲရပါ့မလဲ
တိတ်တိတ်လေး ရောက်လာမလားလို့ 
မိုးရဲ့ ခြေသံနဲ့အတူ
နင့်ခြေသံကိုနားစွင့်နေမိတယ်
ဒီလိုနဲ့ပဲ....
ဟောဒိရင်မှာ
နင်မြတ်နိုးတဲ့ စံပယ်လေးတွေ
နောက်တခါ ပွင့်ရပြန်ပြီပေါ့...............။ 
 ချစ်ခင်လေးစားစွာဖြင့်
ယွန်း
May 8, 2011
မေတ္တာဆန်ရေ.... ( အမေများနေ့ အမှတ်တရ )
HAPPY  MOTHER'S  DAY(image from google)
“ခုထိမထကြသေးဘူးလား ဘယ်အချိန်ရှိပြီလဲ .....ကျောင်းသွားရမယ်ဆိုတာ
သိနေရက်နဲ့  ငါ့အသံမကြားမခြင်းမထကြဘူး .. ..ထတော့လေ...”
“အငယ်ကောင်ကော ..မထသေးဘူးလား ..ကျောင်းတက်ရမှာမို့ လား ..
အခု( ၇ )နာရီထိုးနေပြီ ...မနက်စာစားမှာနဲ့  ပြင်ဆင်မှာနဲ့  ...”
“အကြီးမရော...ထမင်းချိုင့်ထဲ့ ပြီးပြီလား ..တက္ကသိုလ်ကျောင်းသူကြီးဖြစ်နေပြီ ..
ပြောနေရတုန်း ...”
“အလတ်ကောင် အပျင်းထူမနေနဲ့  ..ဒီနေ့  ပရက်တီကယ်ရှိတယ်မဟုတ်လား ..စာအုပ်တွေဘာတွေ
မေ့မကျန်စေနဲ့ နော်.. သေချာစစ်ပြီးထဲ့သွားးးး...”“
နေ့ စဉ်လိုလို ကြားနေရမြဲ ဖြစ်သော မေမေ့အသံ ဖြစ်ပါသည် ။ခေါင်းစဉ်သာပြောင်းသွားမည် ..
နေ့ တိုင်း သားသမီးတွေ အတွက် အချိန်ဇယားတစ်ခုလို အထူးသဖြင့် နိုးစက်တစ်ခုလို
သတိပေးနေကြအသံ ။ရေဒီယိုထက် အချိန်မှန်သည် ။
သားသမီးတွေကို ကလေးလို့ခုထိမြင်နေတုန်း ။ တက္ကသိုလ်ကျောင်းသူ ကျောင်းသားကြီးများ
ဆိုတာကို မေမေမေ့လျော့နေသည်ထင် ။
နေ့ စဉ်နံနက်တိုင်း မေမေ့အသံကြားရပြီဆိုလျှင် မောင်နှမသုံးယောက်လုံး
 မထချင်လဲထကြရကာ ကျောင်းအတွက်ပြင်ဆင်ရမြဲ ။
မေမေ့ကို ဘာတစ်ခွန်းမှပြန်မပြောသော်လည်းထိုသို့ တပျစ်တောက်တောက်
ပြောဆိုနေမှူအပေါ် ကြိုက်နှစ်သက်မှူမရျိကြပေ ။
မမကြီးကတော့ မိန်းသလေးပီပီ မေမေ့ကို ကလန်ကဆန်  ဘယ်တော့မှမလုပ်သော
မေမေ့ အချစ်ဆုံး အားထားရာသမီးကြီးဖြစ်ပါသည်.။
မေမေ့ကွယ်ရာရောက်လျှင် ညီအစ်ကိုနှစ်ယောက် မတိုင်ပင်ထားပဲပြောမိတတ်ကြသည်။
““မေမေကလဲ ငါတို့ ကိုနေ၇ာတကာ ကလေးတွေလိုပဲ လိုက်ပြောနေတာပဲ..”
“အေးလေ.. ဘာမှန်းလဲမသိဘူး ...စိတ်ညစ်တယ်..”
”မနက် ..မနက်ဆိုနားအရမ်းငြီးတယ် ..အမေက အ၇မ်းပြောနိုင်တာပဲ...”
”ဟေ့ ..အငယ်နှစ်ကောင်နော်  ..မိဘကို မပစ်မှားရဘူး ..မေမေကနင်တို့ ကိုချစ်လို့ ပြောတာ
မချစ်ရင် ဘယ်ပြောမလဲ ...”
မကြီးကြားလျှင် မကြီးက ထိုသို့ အမြဲ ဆုံးမတတ်သည် ။
ထိုကခါ ကျတော်တို့ ညီအစ်ကို နှစ်ယောက်က သူ့ အား
မေမေ့ ဘက်တော်သားဟု မကြားတကြားပြန်ပြော ပြီး သူပြန်မအော်ထုတ်ခင်
ကျတော်တို့ ညီအစ်ကိုနှစ်ယောက်လုံး အရင်လစ်ပြေးလာကြ စမြဲ ။
*         *        *
တနေ့ သောအခါ ကျတော်တို့ ညီအစ်ကိုနှစ်ယောက်လုံး ကျောင်းကပြန်ရောက်ချိန်တွင်
အိမ်တွင်ဘယ်သူမှမရှိ ။ဖေဖေရော မကြီးေ၇ာ ...မေမေရောမရှိ ..။
အိမ်သော့ ကို  ခါတိုင်းပန်းအိုးထဲ ထည့်ထားလေ့ရှိသည်ကို သိသောကြောင့်
ကျတော်တို့ ညိအစ်ကိုနှစ်ယောက်မှာသော့ဖွင်ပြီး အေးအေးလူလူပင် အိမ်ထဲဝင်နေခဲ့ကြသည် ။
မေမေချက်ထားသောညနေစာကို ထမင်းအိုး ဟင်းအိုးများလှန်လှောကာ
စားသောက်ခဲ့ကြလေသည်။
တိုနေ့ က ညနေ၇နာရီလောက်မှ အဖေပြန်ရောက်လာသည် ။
အဖေ့မျက်နှာ သိပ်မကောင်းလှ..။
”အမေ နဲ့ မကြီးေ၇ာအဖေ ...အတူသွားကြတာမဟုတ်ဘူးလား
 အဖေတစ်ယောက်တည်းပြန်လာတာလားးအမေတို့ ပြန်မလာသေးဘူး ..
နောက်ကျနေပြီ...”
အစ်ကိုလတ်ကလှမ်းမေးသည် ။
“သားတို့  ..အဖေ့နားလာဦးကွာ ...”
ကျတော်ရော အစ်ကိုလတ်ပါ နားလည်ရခက်စွာ အဖေ့ ခြေရင်းဝင်ထိုင်မိကြသည် ။
“ဘာဖြစ်လို့ လဲအဖေ...”
အဖေ့မျက်နှာသိပ်မကောင်း သောကြောင့်  အဆင်မပြေမှူ တစ်ခုခု ဖြစ်နေပြီလားဟု
ကျတော် စိုးရိမ်သွားမိသည် ။
အဖေကလေသံအေးအေးနှင့်သာ စပြောပါသည်။
“နေ့ လည်က မင်းတို့ အမေ ရေချိုးခန်းမှာချော်လဲလို့  နံရံနဲ့ ခေါင်းနဲ့ ထိပြီး ခေါင်းကွဲသွားလို့ 
ဆေးရုံတင်ထားရတယ်...”
”ဗျာ...”
“အခုအမေဘယ်လိုနေသေးလဲအဖေ...”
“အခုတော့ ပြန်သတိရလာပြီ ...ဒီည မင်းတို့ မကြီး ဆေးရုံမှာစောင့်အိပ်မယ်..အဲဒါသားတို့
စိတ်မပူကြနဲ့  ..လို့ မင်းတို့ အမေကမှာလိုက်တယ် .....”
“အာ..အဖေကလဲ အမေတစ်ယောက်လုံးခုလိုဖြစ်တာ ..စိတ်မပူလို့ ရမလား
တကယ်ဆို ဆေးရုံကိုကျတော်တို့  လိုက်သွားရမှာ...
အမေ့အခြေနေရော...ဘယ်လိုရှိလဲ အဖေ..”
“အခုတော့ကောင်းလာပြီ ..ဖြစ်ဖြစ်ခြင်းတုန်းက သုံးနာရီလောက်သတိလစ်သွားလို့ ..
အဖေတို့ တော်တော်စိတ်ပူခဲ့ကြတယ် ....မင်းအစ်မဆို တငိုငိုတရယ်ရယ်နဲ့ ...
၆နာရီလောက်ကျမှ သတိပြန်ရလာတယ် ..ဆ၇ာဝန်က စိတ်ချရအောင်
စောင့်ကြည့်ဖို့ လိုသေးလို့  ဆေးရုံ၃..၄ရက်လောက်တော့ တက်ရမယ်ပြောတယ်....“””
ကျတော့်ရင်ထဲ ပြောင်းဆန်နေပါသည်..ထိုနေ့ က တညလုံးအိပ်မရ...
မေမေတစ်ခုခု ဖြစ်သွားခဲ့ရင်........ဆိုသောအတွေးက ကျတော့်ကို တညလုံး
အိပ်မရအောင်ဖိစီးမှူတွေပေးနေသည် ။ကိုလတ်လဲ ထိုသို့ ပင်ထင်ပါသည် ။
ကိုလတ်ကုတင်မှ သက်ပြင်းချသံများ အကြိမ်ကြိမ်ကြားနေရသည် ။ သူလဲ အိပ်မပျော်ဘူးထင်ပါ့ ။
မေမေ့ကို ဆုံးရှူးံလိုက်ရလျှင် ကျတော်တို့ မိသားစု အတွက် ဘယ်တော့မှအစားပြန်မရနိုင်
တော့သော ဆုံးရှူံးမှူကြီးဖြစ်မှာပါ။ကျတော်တို့ အားလုံး မေမေ့ကို ခွဲနိုင်မည်မထင်ပါ ။
မေမေက သိပ်ချစ်စရာကောင်းပါသည် ။ နေ့ စဉ်မမောပန်းနိုင်အောင် မိသားစု ဝေယျာဝစ္စ
အိမ်မှူကိစ္စများ ..သားသမီးများအတွက် ဘ၀ကိုမြုပ်နှံထားရသော အမျိုးသမီးတစ်ယောက်
အဖြစ် ကျတော်မြင်တတ်လာသည် ။ သူ့ တွင်ကိုယ်ပိုင်အချိန်ဟုမရှိ ။အလှပြင်ချိန်မရှိ ။
ရှော့ပင်းထွက်ချိန်မရှိ ။ တစ်ယောက်တည်းလွတ်လပ်စွာ သွားလာဖို့ အချိန်မရှိ ။
တနေ့ တနေ့   သားသမီးတွေ စားဖို့ သောက်ဖို့  ချက်ရပြုတ်ရ ..လျှော်ရဖွတ်ရ...
အိမ်မှူကိစ္စလုံးပမ်းရ တာနဲ့  ကိုယ်ပိုင်အချိန်တောင် အတော် ရှားပါးနေတဲ့သူ ။
လူကိုယ်တိုင်ပင်ပမ်းတာအပြင် သားသမီးတွေကို စိတ်ပူရတာနဲ့ စိတ်ပါပင်ပမ်းရတဲ့သူ ။
ကျတော်မေမေ့အနားမှာနေပြီး ပြုစုချင်မိသည် ။နံနက်လင်းခါနီး တော့ခါတိုင်းကြားနေကြ
မေမေ့အသံကိုကြားချင်မိသည် ။
ကိုလတ်ကမျက်နှာသစ်၇င်း စကားတစ်ခွန်းဆိုသည် ။
ထိုစကားကြောင့် ကျတော့်ရင်ထဲ တော်တော်လှူပ်ခတ်သွားမိပါသည် ။
“မေမေမရှိတော့ ငါတို့ အိမ်ကြီးတိတ်ဆိတ်ခြောက်သွေ့ နေတာပဲကွာ ..
ခါတိုင်းလို အမေ့အသံလေးကြားချင်လိုက်တာ ”....တဲ့  ။
ကျတော် ဘာမှပြန်မပြောမိပါ ။
*            *            *
ဒုတိယနေ့ 
ဆေးရုံခုတင်ပေါ်မှ ပတ်တီးအဖွေးသားနှင့် ကျတောတို့ ကို ပြုံး၇ယ်ပြနေသော
မေမေ့အပြုံးကြောင့် ကျတော်မျက်ရည်ဝဲခဲ့မိပါသည် ။
ကိုလတ်ကတော့ မေမေ့ရင်ထဲခေါင်းတိုးဝင်ရင်း
“မေမေရယ် ...မေမေများတစ်ခုခုဖြစ်သွားရင်ဆိုပြီး ကျတော်တို့  စိတ်ပူလိုက်ရတာ ...”
ထိုအခါမေမေက ပြုံး၇ယ်၇င်းစကားတစ်ခွန်းဆိုပါသည်။
“အမလေး ..သား၇ယ်... အမေ့သားသမီးတွေကို စိတ်မချရမခြင်း
အမေ မသေနိုင်သေးပါဘူး ”.....တဲ့...
ထိုစကားကြောင့် မကြီးေ၇ာ ကျတော်ရော ကိုလတ်ေ၇ာ .....
မျက်ရည်ဝဲခဲ့ရပါသည် ။
*        *             *
တတိယနေ့ 
မေမေမရှိသောအိမ်က တိတ်ဆိတ်ခြောက်ကပ်စွာရှိနေပါသည် ။
ခါတိုင်းလို  ပျော်စ၇ာမကောင်းတော့ ။သားအဖတွေ ဖြစ်သလိုသာစားရသောက်ရသည် ။
မေမေ ချက်သော ဟင်းကိုမစားရတော့ ခံတွင်းပျက်ချင်သလို ဖြစ်လာသည် ။
အိမ်မှာလဲ မလျော်ရသေးတဲ့အ၀တ်တွေ နှင့် အိမ်ကြမ်းပြင်လဲဖုန်တက်နေပြီ။
မေမေဆေးရုံတက်နေစဉ် မကြီးလဲမအားသောကြောင့် အိမ်မရှင်းနိုင်..ဟင်းမချက်နိုင် ။
မကြီးချက်သောဟင်းမှာလဲ မေ့မေ့လက်ရာလောက် စားကောင်းမည်မထင်ပါ ။
ခါတိုင်းလို ကြားနေကြ မေမေ့အသံကိုမကြားရတာကြောင့် မနက်ဆိုတခုခုလိုနေသလိုပင် ။
ကျောင်းသွားခါနီး မေမေ ပြင်ပေးနေကျ မနက်စာလဲမမြင်ရတော့ စိတ်ထဲမှာပို ဟာလာသလိုပင်။ 
ဘာမှမစားချင်သောကြောင့် အိမ်ထဲတွင် ဟိုဟိုဒီဒီ လမ်းသလားနေလိုက်သည် ။
ကိုလတ်အခန်းထဲဝင်ကြည့်တော့ ကိုလတ်က ဂစ်တာအသံစမ်းနေသည် ။
“ကိုလတ်...ဂစ်တာ တချက်လောက်ပေးစမ်းပါဗျာ ....”
ကိုလတ်ကျတော့ကို ဂစ်တာလှမ်းပေးတော့ ၇င်ထဲက သံစဉ်တစ်ခုကို ကျတော်
တီးခတ်မိသွားပါသည်
““မလွန်ဆန်နိုင် သခါင်္ရ အမေ့ရဲ့ ဘ၀......
ဒီအချိန်မှာဇရာထောင်းခဲ့ပြီ အရွယ်အို ......
ဆံဖြူပြီးသွားကျိုးလို့  ပါးရေနာရေတွေတွန့် လိပ်ပြီ....
အမေ ဒီအရွယ်ထဲ အလှပျက်နေပြီလားး
ဒီအတွေးတွေတွေးမိတော့လေ.....
မီးဖိုချောင်ထဲ အိုးမဲပေနေတဲ့......
အမေ့အကဲတွေလှမ်းကြည့်နေတုံး.........
ဆံပင်တွေဖြူသွားကျိုးပစေ
ပါးရေနာရေတွေတွန့် လိပ်ပါစေ..
အမေ့၇ုပ်ရည်အမြဲလှနေတယ် ....
လူပုံအလယ် အမေလှူပ်ရှားရုန်းခဲ့တယ်
ဒဏ်တွေရဲ့ ဖိစီးချက်တွေ
ပိန်လှီနေ အရေတင်တဲ့ အရိုးရုပ်နဲ့ 
အသံတွေတုန်ခါးလည်းကိုင်းခဲ့ပြီ....
အမေ ဒီအရွယ်ထဲ အလှပျက်နေပြီလားး
ဒီအတွေးတွေတွေးမိတော့လေ.....
မီးဖိုချောင်ထဲ အိုးမဲပေနေတဲ့......
အမေ့အကဲတွေလှမ်းကြည့်နေတုံး.........
အရေတင်တဲ့အရိုးဖြစ်ပါစေ
အသံတွေတုန်ခါးကိုင်းပစေ
အမေ့၇ုပ်ရည်အမြဲလှနေတယ် ....””“
 သီချင်းမပြီးဆုံးသေးမှီ ဂစ်တာကိုချပြီးကျတော် ထွက်လာခဲ့မိသည် ။
““အငယ်ကောင် ..ဘယ်သွားမလို့ လဲ...””
““ဆေးရုံသွားမလို့ အစ်ကို .....””“
ကျတော့နောက်ကျော ကိုလှမ်းကြည့်၇င်း ကိုလတ်တခုခုပြောချင်နေမှာသေချာပါသည် ။
သို့ သော်ကျတော်မစောင့်နိုင်တော့ ။ မေမေဆေးရုံမှ မဆင်းမချင်း မေမေ့အနား ကျတော်
ရှိနေဖို့  ဆုံးဖြတ်လိုက် မိပါသည် ။
မေမေ့ဆီသွားနေတဲ့ ကျတော့ခြေလှမ်းတွေက  အားအင်အပြည့်နဲ့ တက်ကြွလို့ ......။
ချစ်ခင်လေးစားစွာဖြင့်
ယွန်း
May 3, 2011
ဘကျောက်ရေ...
တနေ့ က သူငယ်ချင်းဗညားက ဂျီတော့ကနေ လှမ်းပြောမှ ဘကျောက်သတင်း သိရတယ် ။
ကြားကြားခြင်း ကျမကိုယ့်ကိုယ်ကိုယ် မယုံနိုင်လို့  သူအတည်ပေါက်နဲ့ နောက်နေလားလို့ တောင် ထင်မိပါသေးတယ် ။ နောက်မှ ဘလော့တွေကိုလိုက် ဖတ်ကြည့်တဲ့အခါမှ ဘကျောက်ရဲ့ သတင်းက
အမှန်ပဲဆိုတာ သိလိုက်ရတယ် ။ ကျမတော်တော် စိတ်မကောင်း ဖြစ်သွားမိတယ် ။
အစကဘကျောက်အခြေအနေ တိုးတက်လာလို့  ကျန်းမာစွာနဲ့ ပဲလို့  ထင်ထားမိတာ ။
အခုလို ရုတ်တရက် ဒီလိုသတင်းကြားသိလိုက်ရတော့ ဘာပြောရမှန်းမသိအောင်ကို ဖြစ်ရပါတယ်။
စိတ်ထဲ မယုံနိုင်လောက်အောင်ပဲ ...နှမြောတသစွာ စိတ်မကောင်းခြင်း ၀မ်းနည်းခြင်းတို့ ဖြစ်ရပါသည် ။
ဘကျောက်ရေ...
ဘကျောက် ကောင်းရာ သုဂတိလားပါစေ ....
ဘကျောက်လို စိတ်ရင်းကောင်းတဲ့ သူတစ်ယောက်ဟာ ကောင်းရာဘုံဘ၀မှာ
အေးချမ်းနေလိမ့်မယ်လို့  ယုံကြည်ပါတယ် ..
ယွန်း
Apr 13, 2011
ရှိရှိသမျှ
ပိုင်ဆိုင်သမျှ ဆရာမဂျူးရဲ့  စာအုပ်တွေ
Mar 29, 2011
ကြုံရဆုံရ ပရလောက
ယွန်းတို့ ခုနှစ်တန်း လောက်တုန်းကပေါ့။
ယွန်းရဲ့ မေမေက ဆိုဖာထိုငိခုံတွေ လုပ်တဲ့လုပ်ငန်းလုပ်ပါတယ် ။
အဲဒိတုန်းက မေမေက အလုပ်ရုံနဲ့ အိမ် တွဲထားချင်တာနဲ့  အိမ်ကြီးကြီးတစ်လုံးကို
လိုက်ရှာဝယ်ခဲ့တယ် ။ဖြစ်ချင်တော့ မြောက်ဒဂုံ ပင်လုံလမ်းမကြီးပေါ်က အိမ်ကြီးတစ်လုံးကို
ဈေးပေါပေါနဲ့ ရလာခဲ့တယ် ။အိမ်ရဲ့ အနေအထားက လမ်းမတန်းလဲဖြစ်တယ် ..
ကျယ်လဲကျယ်တယ်ဆိုတော့ ..အလုပ်ရုံလုပ်ဖို့ အသင့်တော်ဆုံးပဲဆိုပြီး  မေမေက
အဲဒိအိမ်ကိုပဲ ရွေးချယ် ၀ယ်ဖြစ်ခဲ့ပါတယ်။
အိမ်ကြီးရ့ဲအနေအထားက အောက်ထပ်မှာ ဟောခန်းတစ်ခန်း ၊ အိပ်ခန်းတစ်ခန်း ၊
ထမင်းစားခန်း ၊ မီးဖိုဆောင်နဲ့  ရေချိုးခန်း အိမ်သာ တစ်ခုရှိပါတယ်။
ထမင်းစားခန်းမှာ အပေါ်ထပ် ကို တက်တဲ့ ကျွန်းလှေကားကြီးရှိပါတယ် ။
လှေကားကတက်တက်ခြင်း ဟောခန်းတစ်ခန်း ၊အိပ်ခန်းနှစ်ခန်း ၊
ရုံးခန်း တစ်ခန်းနဲ့ ရေချိုးခန်း နဲ့ အိမ်သာတို့ ရှိတယ်။ ဒီလောက်ကျယ်ဝန်းတဲ့
အိမ်ကို ဈေးသက်သာစွာနဲ့ ရခဲ့တဲ့အတွက် မိသားစုတွေအားလုံး တော်တော်ပျော်ခဲ့ကြတယ် ။
အဲဒိတုန်းက အဲဒိအိမ်ကြီးအကြောင်းကို မသိတာလည်းပါတာပေါ့ ။ ဒီလိုနဲ့ အဲဒိအိမ်ကို ပြောင်းပြီးနောက်ပိုင်းမှာ ခြောက်လှန့် မူတွေ တဖြည်းဖြည်း တွေ့ ကြုံလာခဲ့ရတယ် ။
အိမ်မှာက အလုပ်သမား( ၇ )ယောက်နေတယ် ။ ၅ယောက်က ယောကျာ်းလေး။
တစ်ယောက်က ဆိုဖာလယ်သာတွေချုပ်တဲ့ စက်ချုပ်သမား အစ်မတစ်ယောက်နဲ့ 
အစ်မအရွယ် အိမ်ဖော်မလေးတစ်ယောက် ။အလုပ်သမား၆ယောက်အပြင်
အိမ်မှာအဘိုးရယ် ၊ မေမေရယ် ၊ ယွန်းရယ် ၊ အစ်ကိုဝမ်းကွဲတစ်ယောက် ၊
ဦးလေးတစ်ယောက် အဒေါ်တစ်ယောက် နဲ့ သူ့ ကလေး၂ယောက် ..အားလုံးပေါင်း
အိမ်သား ၈ယောက်လောက်ရှိသေးတယ် ။ ဒါတောင်မှတခါတလေ အစ်မ၀မ်းကွဲ
၊အဒေါ်ဝမ်းကွဲတွေ လာနေကြလာအိပ်ကြနဲ့  တရုံးရုံးနေကြတဲ့ မိသားစုမှာတောင် တစ်ယောက်တမျိုးမရိုးရအောင်  ထိုပရလောကသားက ခြောက်လှန့် ပြပါတယ် ။
 ဒါပေမဲ့ ထူးဆန်းတာက အိမ်ကလူတွေ ဘယ်လောက်ခြောက်ခံရပါစေ ယွန်းရယ်
၊ ၀မ်းကွဲမောင်လေးနဲ့  ညီမလေးက ဘယ်တော့မှ အခြောက်မခံခဲ့ရသလို
ကြောက်တဲ့စိတ်လဲ မခံစားခဲ့ရဘူး ။
 (အဲဒိတုန်းက ကလေးတွေဖြစ်နေလို့  သနားပြီး မခြောက်တာလဲဖြစ်မှာပေါ့ )
ယွန်းတို့ အိမ်မှာ မူရင်းပါတဲ့ ထမင်းစားခန်းကို အလုပ်ခန်းလုပ်လိုက်ပြီး
မီးဖိုဆောင်မှာ ထမင်းစားပွဲထားတော့ အလုပ်သမားတစ်ယောက်ကို လှေကားက
ဆင်းတဲ့နေ၇ာမှာ ခုတင်နဲ့ အိပ်ရာလုပ်ပေးထားတယ် ။တစ်နေ့ တော့
ထိုအလုပ်သမားက အမေ့ကိုလာပြောတယ် ။အပေါ်ထပ်ကနေပြီး
အဖြူရောင်ရှည်မျောမျောအရိပ် ကြီးတစ်ခု လှေကားက ဆင်းဆင်းလာပြီး
သူ့ ခုတင်ကိုပတ်ကာ နောက်ဖေးမီးဖိုဆောင် ဘက်ကိုဝင်ဝင် သွားတတ်တယ်တဲ့ ။
အဲလိုပြောလာတော့ ယွန်းမေမေက ရယ်တယ်။
"စန်းအောင်ရေ ..နင်ငါ့ကို လာနောက်မနေနဲ့ .." လို့ ပြန်ပြောပြီး ထိုကိစ္စကို
အမှူမဲ့ အမှတ်မဲ့သာ ထားလိုက်တတော့တယ် ။ .ယွန်းမေမေက မိန်းမဖြစ်ပေမဲ့
သိပ်မကြောက်တတ်ဘူး ။ အဲလိုပြောတဲ့ ညကစပြီးညဘက် တရေးနိုးရင်
စက်ခန်းထဲဝင်ပြီး စက်ချုပ်တယ် ။တအိမ်သားလုံး အိပ်နေတဲ့ အချိန်မှာ သူမအိပ်ပဲ
သရဲစောင့်ဖမ်းတယ် ။ ဒါပေမဲ့ သူနဲ့ လဲ တခါမှမကြုံဘူး ။နောက်တစ်ခါကြုံတာက
ယွန်းအစ်ကိုဝမ်းကွဲ ပေါ့ ။သူက ညဘက် ဗိုက်ဆာလာလို့  အောက်ထပ်ဆင်း ..ပြီး
မီးဖိုဆောင်မှာ ထမင်းထစားတယ် ။ အပေါ်ပြန်တက်ဖို့ လုပ်တော့ အပေါ်ထပ်
လှေကားကနေ အရိပ်ဖြူကြီးတစ်ခု ဆင်းလာပြီး သူ့ ဘေးကနေဖြတ်ပြီး
မီးဖိုဆောင်ထဲကို ၀င်သွားတယ်တဲ့ ။အရပ်က တော်တော်ရှည်တယ် ။ ၆ပေခွဲရှိတဲ့
တံခါးပေါက်ထက်တောင် ခေါင်းတစ်လုံးပိုသေးတယ်တဲ့ .။ သူလဲ ကြောက်ကြောက်နဲ့ 
အပေါ်ထပ်ပြေးတက်ပြီးစောင်ကိုခေါင်းမြီးခြုံ ပြီး အိပ်လိုက်တော့တယ် ။
(တော်တော် အားကိုးရတာနော် ) အဲဒိ အကြောင်းကို ပြန်ပြောပြတော့
မေမေက ""အေးလေ..သရဲလဲ ဗိုက်ဆာလို့  အစာထရှာတာနေမှာပေါ့တဲ့ ""  :)  :D
နောက်တစ်ကြိမ်ကြုံရတာတော့ ယွန်းတို့ အိမ်မှာ စက်ချုပ်တဲ့အလုပ်သမား မ၀င်းမာတဲ့ ။
ယွန်းရဲ့  အခန်းက အိမ်အနောက်ဖက် ကျတယ်  ။ အခန်းကတော်တော်
ကျယ်တဲ့အတွက်  ယွန်းတစ်ယောက်တည်း မနေရဲလို့  မိန်းကလေးခြင်းအဖေါ်
ရအောင်ဆိုပြီး မ၀င်းမာကိုခေါ်အိပ်ပါတယ် ။ယွန်းရဲ့  နှစ်ယောက်အိပ်ခုတင်နဲ့  ..
မ၀င်းမာရဲ့  တစ်ယောက်အိပ်ခုတင်အသေးလေးကို ဆက်လိုက်တယ် ။
ခြင်ထောင်ကတော့ တစ်ယောက်တစ်လုံးစီထောင်ပြီး အိပ်ကြတာပေါ့ ။
ဖြစ်ချင်တော့ သူကကြောက်လို့ ဆိုပြီး  ယွန်းအခန်းနဲ့ မျက်နှာခြင်းဆိုင်
ရေချိုးခန်း မီးကို ဖွင့်ပြီးအိပ်ပါတယ် ။ရေချိုးခန်းမီးရဲ့  အလင်းေ၇ာင်ကြောင့်
့် ယွန်းရဲ့ အခန်းမှာ အလင်းရောင်အနည်းငယ် လာဟပ်နေပြီး တစ်ယောက်နဲ့
တစ်ယောက်တော့ မြင်နေရတာပေါ့ ။ ဒီလိုနဲ့  ည၁နာရီ လောက်လဲကျေ၇ာ
မ၀င်းမာတစ်ယောက် ပါးစပ်က ဘုရားစာတွေ တတွတ်တွတ် ရွတ်ပြီး ယွန်း
့ခြင်ထောင်ထဲကို ခပ်သုတ်သုတ် ၀င်လာတယ် ။ ဘာဖြစ်တာလဲ မေးတော့
မနက်ကျမှပြောပြမယ် ..အိပ်တော့ ..ဆိုလို့ ယွန်းလဲ ခပ်ကြောင်ကြောင်နဲ့ 
ဝင်အိပ်လိုက်ရတယ် ။ဘာမှန်းတော့ မသိလိုက်ပါဘူး ။မနက်ကျမှ သူပြောတာက
အိမ်သာထဲကနေ အရိပ်ဖြူကြီးတစ်ခု ထွက်လာပြီး အခန်းထဲကို ၀င်လာတယ်တဲ့။
ယွန်းခြင်ထောင်ဘေးကဖြတ် သူ့ ခြင်ထောင်ဘေးေ၇ာက်တော့ ထိုအရိပ်ကြီးက
ပျောက်သွားသတဲ့ ။သူပြောတာကြားမှ ပိုကြောက်လာပြီး နှစ်ယောက်ပေါင်းပြီး
ခြင်ထောင်တစ်လုံးထဲ အိပ်ကြဖို့ တိုင်ပင်လိုက်ကြတယ် ။ ညဘက်ညဘက်ဆို
နှစ်ယောက်သား ဘုရားရှိခိုး ၊ ဘုရားစာတွေ ရွတ်လိုက်ရတာ အမောပါပဲ။
နောက်တခါ ကြုံရတာကတော့ ယွန်းနဲ့ မေမေနဲ့  အပေါ်ထပ်မှာ ဆိုဖာလယ်သာတွေ
ဖြတ်နေကြတဲ့ အချိန်မှာပါ ။ကျန်တဲ့သူတွေကတော့ အပေါ်ထပ်မှာပဲ
ရုပ်ရှင်ကြည့်နေကြတဲ့အချိန် ညနေစောင်း  လောက်မှာပါ ။မေမေနဲ့ ယွန်းနဲ့ အဲဒိ
ကျွန်းလှေကားကြီး အနီးမှာ လယ်သာလိပ်တွေကို ဖြန့်ပြီး ညှပ်နေတုန်း လှေကားဆီမှ
အပေါ်ထပ်ကို တက်လာတဲ့ ခြေသံ တဖြတ်ဖြတ်ကို ကြားလိုက်ရပါတယ် ။
နှစ်ယောက်လုံး စိတ်ထဲမှာတော့ အလုပ်သမား တစ်ယောက်ယောက် ရုပ်ရှင်ကြည့်ဖို့ 
အပေါ်တက်လာတယ်ပဲ ထင်လိုက်ကြတယ်  ။ခြေသံက လှေကား၇င်းေ၇ာက်တော့
ပျောက်သွားပြီး ဘယ်သူမှ အပေါ်ကို တက်မလာပါဘူး ။အမေက
ယွန်းကို တချက်လှမ်းကြည့်လိုက်ပြီး  သူ့ အလုပ်သမားတွေကို လှမ်းခေါ်ကြည့်တယ် ။
"စန်းအောင်ရေ ...""
"ခင်ဗျာ ..ဘာခိုင်းမလို့ လဲအစ်မ ..""
""ဘာမှမခိုင်းဘူး ..အောက်ထပ်မှာ ဘယ်သူရှိသေးလဲ ...""
""ဘယ်သူမှ မရှိဘူးအစ်မ ..ကျတော်တို့ အကုန်လုံး ဒီမှာ ရုပ်၇ှင်ကြည့်နေကြတယ် ။""
""အေး အေး ပြီးေ၇ာ.. ခြံတခါး ပိတ်ထားလားလို့ မေးမလို့  ....""
'"ပိတ်ထားတယ်အစ်မ ..""
''အေး...အေးးး ပြီးေ၇ာ...""
အမေက သူ့ အလုပ်သူဆက်လုပ်နေတော့တယ် ။ ဘာမှလဲဖြစ်ပုံမရဘူး ။
ခပ်အေးအေးပါပဲ ။နောက်ပိုင်းတော့ ဒိထက်ပိုဆိုးဆိုးလာတော့တယ် ။
အိမ်ထဲမှာ ဘယ်ကမှန်းမသိတဲ့ မြွေတွေထွက်လာတယ် ။ ညဆို ဟိုအခန်းကလိုလို
ဒီအခန်းကလိုလို တခါးရိုက်သံတွေ ကြားလာရတယ် ။
လိုက်ရှာရင် ဘယ်ကမှန်းမသိဘူး ။ သူခိုးလိုလို ဘာလိုလို အရိပ်တွေ ခြံထဲမှာ
ပြေးသွားတာတွေ့ လို့  အလုပ်သမားတွေဝိုင်းလိုက်ကြတော့ မျက်စိရှေ့တင်
ပျောက်သွားတယ် ။ကြာတော့ မေမေက သည်းမခံနိုင်တော့ပဲ ဘုန်းကြီးပင့်
့် ပြီးပရိတ်ရွတ် ၊ အလှူလုပ်ပြီး အမျှဝေတယ်။အဲဒိအချိန်ကြမှ တရားခံကပေါ်လာတော့တယ် ။
ကျွန်းလှေကားအောက်က မဲတူးနေတဲ့ အင်းပြားတစ်ခုထွက်လာတာကို တွေ့ ရတယ် ။
ဆရာတော်က အဲဒိအင်းတွေကို ဖျက်စီးပစ်လိုက်ပြီး
အိမ်ပတ်လည်ကို ပရိတ်ရည်နဲ့ ဖြန်း ဘာညာလုပ်လိုက်ပြီး နောက်ပိုင်းမှ
အဲဒါတွေ အကုန် ပျောက်သွားတော့တယ် ။  လူကြီးတွေပြောသံကြားတာတော့
စီးပွားပြိုင်ဘက် တိုက်ခိုက်တယ်ဆိုလား ဘာလား ။ ယွန်းတို့ ကတော့ အဲဒိတုန်းက
ကလေးဆိုတော့ ဘာမှန်းမသိပါဘူး ။ ခုချိန်ပြန်တွေးကြည့်မှ စိတ်ထဲဟိုလိုလို ဒီလိုလို၇ယ် ..။ ဒီအဖြစ်လေးကတော့ ယွန်းတို့ ငယ်စဉ်က ကြုံခဲ့ဘူးတာလေးပါ ။
စာမရေးတာကြာလို့  ပြန်ေ၇းဖို့ အားယူနေပါတယ် ။ဘလော့လေးကို မစွန့် ခွာနိုင်လို့ 
ပို့ စ်အသစ်လေး တစ်ပုဒ်တင်ရင်းနဲ့  မဆုံတာကြာပြီဖြစ်တဲ့  သူငယ်ချင်းတွေေ၇ာ
စာဖတ်သူတွေရောစိတ်ချမ်းသာခြင်းနဲ့  ပြည့်စုံနိုင်ကြပါစေလို့  ဆုတောင်းပါတယ် ။
ချစ်ခင်လေးစားစွာဖြင့်
ယွန်း
Feb 22, 2011
ယွန်း နှင့် DEPRESSION
စာမရေးတာ၁လကျော်သွားလို့  တချို့ သော မိတ်ဆွေ သူငယ်ချင်းများက မေ့ရင်လဲမေ့နေမှာပါ ။
ဒါပေမဲ့ အခုမှ ပို့ စ်အသစ်တင်လို့  စိတ်ကူးပေါက်ပြီး ထရေးတယ်တော့ မထင်ကြလေနှင့် ။
အမြဲတမ်း တက်ကြွနေတတ်သောကျမ ဂျီတော့မှာလဲ ငြိမ်ချက်သားကောင်းနေလို့  မေးတဲ့သူငယ်ချင်း
တွေကလည်းမေးကုန်ကြပြီ ။ တချို့ ကလဲ ကျန်းမာရေးမကောင်းဘူးကြားပြီး မက်ဆေ့ခ်ျတွေထားပြီး
ကျမရဲ့  ကျန်းမာရေးအတွက် ဆုတောင်းပေးကြပါတယ် ။တချို့ ကလဲ ဘလော့ပေါ်မှာ ကွန်မန့် နေရာမှာ
ကျန်းမာရေးဂရုစိုက်ဖို့   သတိတရနဲ့  ကျမအတွက် စိတ်ပူပြီးလာရေးပေးသွား
တဲ့ အစ်မတေ၊ွ မောင်တွေကို  ကျမစိတ်ထဲက ကျေးဇူးတင်မိပါတယ် ။ ကျမကိုအဲလို စိတ်ထဲမှာ
သတိတရရှိပြီး အမြဲမေးတတ်တဲ့ မဒါတို့  ၊ သူငယ်ချင်းမြတ်မွန်တို့  ၊ဗညားတို့ ကို လဲကျေးဇူးပါပဲ ။
Jan 14, 2011
ဘယ်အချိန်လဲ ..ဘယ်တော့လဲ
သူ့ စိတ်တို့ အင်မတန် ပင်ပမ်း နွမ်းနယ်နေသလို ခံစားနေရ၏ ။
ကားမောင်းလို့ ပင်မရနိုင်လောက်အောင်သူရှော့ခ်ဖြစ်သွားခဲ့၏ ။
အမြဲတမ်း ပျော်ပျော်နေတတ် သောသူ့ လို လူမျိုးတစ်ယောက်
ဒီလို ဖြစ်သွားအောင် ဘာအကြောင်းအရာကများ  နက်နက်ရှိုင်းရှိုင်း
ခံစားသွားရစေသလဲဆိုတာ  ...အာရုံထဲတွင်ပြန်တွေးလေ ရုပ်ရှင်ပြကွက်တစ်ခုလို
ပြန်မြင်ယောင်လာလေ ..တသက်လုံး ဘယ်ပုံဘယ်နည်းနှင့်မျှဖျောက်ဖျက်လို့ 
ရနိုင်တော့မှာ မဟုတ်တော့ချေ ..။ 
Jan 6, 2011
ကရင်နှစ်သစ်ကူး 2011
နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကို ဇန်န၀ါရီလ ၁ရက်နေ့ က
နယူးယောက်ပြည်နယ် Buffalo မြို့ တွင်ကျင်းပခဲ့ပါတယ် ။
ရာသီဥတုက  အေးခဲနေတဲ့ကြားက တွေ့ သမျှ အမျိုးသားအမျိုးသမီးတို့ ဟာ
ကရင်တိုင်းရင်းသားဝတ်စုံနဲ့  ကိုယ်စီလှပနေကြတာကိုတွေ့ ခဲ့ရပါတယ် ။
About me
Blogger templates