| Image from Google |
ပြင်းရှရှ ၀ိုင်တစ်ခွက်ကိုမှ
မျက်လုံးစုံမှိတ်လို့ 
ငါ .........
သောက်သုံးခဲ့မိတယ်..
ငါ့ရင်ဘတ်နဲ့  ခင်းခဲ့ရတဲ့
လှေကားထစ်တွေကို
တထစ်ခြင်း
နင်............
နင်းတက်ခဲ့ပြီးမှ
” ငါ့အတွက် နင်မလိုတော့ဘူး ” တဲ့...
ပြောရက်တယ်...........
နုတ်ခမ်းကိုစုံပိတ်
မျက်လုံးတွေကို မှိတ်ထားလဲ
မခံချင်စိတ်တွေနဲ့ 
နင့်အတွက်ဆိုပြီး ချိုးနိုမ်ထားခဲ့တဲ့
မာနလေးက ခေါင်းထောင်လာတယ်...
( မပြောရက်ခဲ့ပါဘူးလေ )
စကားလုံးတွေကိုမျိုသိပ်
အံကြိတ်ပြီး
ခေါင်းငုံ့  လိုက်မိတဲ့အခါတိုင်းးးး..
ငါ့ရင်ဘတ်မှာ
တစစီ ကြေမွအက်ကွဲလို့ 
လောကကြီးထဲ..
ငါကိုယ်တိုင်...
ပျောက်..ဆုံး...နေ......ခဲ့........တယ်............။
စာဖတ်သူများအား ချစ်ခင်လေးစားစွာဖြင့်
ယွန်း








