Jan 7, 2012

ကျမရဲ့  စက်ဘီးလေး

image from Google

" လက်ဆောင် " ဟူသော ဝေါဟာရမှာ ဘယ်ကဘယ်လို ဆင်းသက်လာမှန်းကျမ မသိပါ ။
သို့ ပေမဲ့ မိတ်ဆွေ အပေါင်းအသင်းများတွင် လူတစ်ဦးနှင့်တစ်ဦး ခင်မင်သောကြောင့် ဖြစ်စေ ၊ မေတ္တာ ပြလိုသောကြောင့်ဖြစ်စေ ၊ ကူညီလိုသောကြောင့်ဖြစ်စေ ၊တစ်ဦးနှင့်တစ်ဦးစေတနာနှင့် အမှတ်တရ ဖြစ်စေလိုသောကြောင့်ဖြစ်စေ လက်ဆောင် ပေးကြသည် ဟု ကျမနားလည်မိပါသည် ။
လက်ဆောင်ပေးသောသူတွင်လည်း ပေးရသောကြောင့် ကျေနပ်ပီတိ ခံစားရသလို လက်ဆောင်ရသော
လူတွင်လည်း စိတ် ပျော်ရွှင်ခြင်း ဖြစ်ကြရသည် ။ထို့ ကြောင့် မျှော်လင့်ချက်ကင်းပြီး သန့်ရှင်းသောလက်ဆောင်တစ်ခုကြောင့် ထိုလက်ဆောင်ကို လက်ခံရရှိသောလူတစ်ယောက်တွင် အနှောင်အဖွဲ့  ကင်းသော ပျော်ရွှင်ခြင်းမျိုးကိုပါ တပါတည်း လက်ခံရရှိတတ်ပါသည် ။

လွန်ခဲ့သော၅နှစ်ကျော်က ထိုကဲ့သို့ သော အနှောင်အဖွဲ့ကင်းသော ပျော်ရွှင်မှူမျိုးကို ယူဆောင်ပေးခဲ့သော
စက်ဘီးလေးတစ်စီးကို ကျမမိတ်ဆွေ သူငယ်ချင်းတစ်ယောက်ထံမှ ကျမလက်ခံရရှိခဲ့ဖူးပါသည် ။
အဲဒီအချိန်တုန်းက ကျမမှာပိုင်ဆိုင်တာဆိုလို့  ဖုန်းလေးတစ်လုံးတောင် မရှိသေးတဲ့အချိန်ဖြစ်ပါသည် ။
ကားတစ်စီးပိုင်ဆိုင်ဖို့ ဆိုတာ ဝေးလို့  ဈေးသွားဝယ်တာတောင် ၂ပေလောက်ရှိတဲ့ နှင်းကြားမှာ ကြိုးစားရုန်းပြီး
သွားနေရတဲ့အချိန်ပါ ။အလုပ်တစ်ဖက်နဲ့ ကျောင်းပြန်တက်နိုင်ဖို့  အသည်းအသန် ကြိုးစားခဲ့ဘူးတဲ့ အချိန်လဲဖြစ်ပါတယ် ။အဲလိုမျိုးဆိုးဝါးတဲ့ ရာသီဥတုကြားမှာ အလုပ်ကို ဘတ်စ်ကားအသွားအပြန်စောင့်စီးခဲ့
ရတဲ့အချိန်မျိုးမှာ ကျမအတွက် သွားရေးလာရေးလွယ်ကူစေဖို့  သူငယ်ချင်းတစ်ယောက်က မထင်မှတ်ပဲ စက်ဘီးလေးတစ်စီးကို ကျမအတွက် လက်ဆောင်ပေးခဲ့ပါတယ် ။ အဲဒိသူငယ်ချင်းက အမေရိကန်စစ်စစ်
တစ်ယောက်ဖြစ်ပြီး စိတ်ကောင်းရှိလို့  သူ့ ကိုအလုပ်ထဲမှာ လူချစ်လူခင်ပေါပါတယ် ။
image from Google

သူကတစ်မနက်မှာ အလုပ်ကိုရောက်ရောက်ခြင်း သူဝယ်လာတဲ့ မိန်းမစီးပန်းရောင်ပြိုင်ဘီးလေးကို သူကျမကိုခေါ်ပြတယ် ။ ပြီးတော့ သူကပြောတယ် ။
 " ဒါမင်းအတွက်ငါဝယ်လာတာ မင်းကျောင်းတက်ဖို့  စက်ဘီးတစ်စီးလိုနေတယ်လို့  မင်းသူငယ်ချင်းဆီကငါကြားခဲ့တယ် "" တဲ့
ကျမသူ့ ကိုအရမ်းအားနာသွားပါတယ် ။ကျမမှာ အမှန်တကယ်ကိုလိုအပ်နေတာမှန်ပေမဲ့ ကျမကိုယ်တိုင်
မ၀ယ်ပဲ ပေတေနေခဲ့တာပါ ။သက်သက် ကပ်စီးနည်းတာပေါ့လေ ။
ကျမသူ့ ကိုအားနာလို့  "" အဲဒိတန်ဖိုးငါပြန်ပေးပါ့မယ် """ ဆိုတော့ """ ရပါတယ် """"တဲ့""" ကျောင်းသွားကျောင်းပြန်အတွက်
ကားလဲမရှိသေးတော့ ဒီစက်ဘီးက မင်းအတွက် အသုံးဝင်မှာပါ"""တဲ့ ။ကျမသူ့ ကို ပိုပြီးအားနာသွားခဲ့ပါတယ် ။
ညနေ အလုပ်ကပြန်တော့ အဲဒိစက်ဘီးလေးကို သူ့ ကားနောက်မှာ  သေချာချည်ပြီးအိမ်တိုင်ရာေ ရာက်လိုက်ပို့ ပေးခဲ့တယ် ။သူ့ ကို ကျမတော်တော် ကျေးဇူးတင်ခဲ့ပါတယ် ။

အဲဒိကစပြီး ဘယ်သွားသွားပြိုင်ဘီးလေးနဲ့  အဆင်ကိုပြေလို့  ။ဈေးဝယ်လဲသူနဲ့ပဲ ၊ စာကြည့်တိုက်သွားတော့လဲ စက်ဘီးလေးနဲ့  ၊ အနီးအနားသွားတာတောင် လမ်းမလျောက်ချင်တော့ဘူး ။ဝိတ်ကျအောင် မနက်မနက်
စက်ဘီးတွေဘာတွေထစီးလို့  အဆင်တော်တော်ပြေပါတယ် ။ပေါ့ပေါ့ပါးပါးနဲ့ ဆိုတော့ ကျမအတွက် တော်တော် အသုံးဝင်တယ် ဆိုရမယ် ။ ဒီလိုနဲ့  ဆောင်းတွင်းရောက်ရင် သေချာသော့ခတ်ပြီးသိမ်းလို့   နွေရောက်ရင် တခါပြန်ထုတ်စီးလို့ 
ဟုတ်နေတာပါပဲ ။ ပြီးတော့ ကျမအကျင့်တစ်ခုက လက်ဆောင်ရတဲ့ပစ္စည်းဆို
ရင်ကိုယ်တိုင် ၀ယ်သုံးတာထက်ပိုပြီး စည်းကမ်းရှိရှိသုံးတတ်ပါတယ် ။လက်ဆောင်ပေးတယ်ဆိုကတည်းက
ကိုယ့်ကို ခင်လို့  အသုံးပြုစေချင်လို့ အမှတ်တရဖြစ်အောင်ပေးတယ်လို့  ယူဆပြီး သေချာ စနစ်တကျ
သုံးစွဲတတ်ခဲ့ပါတယ် ။( စက်ဘီးလေးကို လက်ဆောင်ရပြီး ၁၀လလောက်မှာ သူများကိုသူညီတတ်တဲ့ ကျမသူငယ်ချင်းဟာ စေတနာတပတ်ပြန်လည်ပြီး ဒီထက်လစာကောင်းတဲ့ နေရာမှာ အလုပ်ရလို့ 
အလုပ်ပြောင်းပြီးကတည်းက ကျမတို့  မတွေ့ ဖြစ်ကြတော့ပါ ။)

ဒါပေမဲ့ စက်ဘီးလေးကတော့ ကျမအနားမှာ ၅နှစ်တိုင်အောင် ဘာတစ်ခုမှမပျက်စီးပဲ အကောင်းပတိ အတူရှိခဲ့တဲ့ သစ္စာရှိတဲ့ စက်ဘီးလေး ပါပဲ ။ ဒီလိုနဲ့ တနေ့ မှာ စက်ဘီးလေးဟာကျမနဲ့  ခွဲခွာရကံကြုံ
လာလေသလားတော့မသိပါ ။ ကျမရဲ့ ပေါ့ဆမှူကြောင့်လား ဒါမှမဟုတ် ခေတ်သစ် ငတက်ပြားကပဲ
တော်လွန်းလို့ လားမသိ ၊ကျမစက်ဘီးလေးကိုသေချာသော့ခတ်ထားပါရက်နဲ့ 
သော့ကိုခြေရာလက်၇ာမပျက်စေပဲ စက်ဘီးတစ်စီးလုံးပါအောင်မသွားလေရဲ့ ။ (တော်လိုက်တဲ့ သူခိုးနော် ...)
အဲနေ့ မတိုင်ခင်ကတောင် အမျိုးသားကစက်ဘီးလေး လေလျော့နေလို့ 
လေထိုးစက်လေးတောင် ၀ယ်လာပေးသေးတယ် ။ အပြင်ကပြန်လာရင် ဘီးနှစ်ဘက်စလုံးကို
လေထိုးမယ်လို့ တွေးထားတဲ့ကျမဟာ စက်ဘီးလေးကို သူများခိုးသွားပြီလို့ သိလိုက်ရချိန်မှာ
ချက်ခြင်းပဲစိတ်မကောင်းဖြစ်သွားမိပြီး မနေ့ ကမှဝယ်လာတဲ့ ကအိတ်ထဲကတောင်မထုတ်ရသေးတဲ့
လေထိုးစက်လေးဆီ မျက်စိက အလိုလိုေ၇ာက်သွားမိတော့တာပါပဲ ။နှစ်တွေကြာပြီဆိုတော့ ကျမစက်ဘီးလေးရဲ့  ဘီးတာ၇ာတွေက နဲနဲကွဲအက်နေခဲ့ပြီ။လေမထိုးပဲ ဆက်စီးနေမယ်ဆိုရင်တော့
တာရာတွေကွဲထွက်ကုန်တော့မှာပဲလို့  ချက်ခြင်းတွေးမိသွားတာနဲ့  အဲဒိသူခိုးက ကျမစက်ဘီးလေးကိုခိုးသွားတဲ့ နေရာမှာပဲ လေထိုးစက်လေးကို သွားထား၇င်ကောင်းမလားလို့ 
တွေးမိသွားတယ် ။လေထိုးစက်ရတော့ သူခိုးလဲဘီးတွေဘာတွေ  လေထိုးပြီး ဆက်စီးလို့ ရတာပေါ့ ။
သူခိုးကိုလဲအပြစ်မတင်ချင်ပါဘူးလေ ။သူလဲလိုချင်လို့ ယူသွားတာပဲ ယူပါစေတော့ ။ ဒါပေမဲ့ ၄နှစ် ၅နှစ်
သံယောဇဉ်နဲ့  စိတ်မကောင်းတော့ဖြစ်မိသား ။နောက်ထပ် စက်ဘီးအသစ်ဝယ်ဖို့ ဆိုတာ လွယ် ပါတယ် ။ဒါပေမဲ့ စက်ဘီးအသစ်လေးကို ပျောက်သွားတဲ့ စက်ဘီးဟောင်းလေးလောက် နှစ်သက်မိပါ့မလားနော် ။
ပြီးတော့ စက်ဘီးလက်ဆောင်ပေးခဲ့တဲ့ ကျမသူငယ်ချင်းမျက်နှာကို မြင်ယောင်ရင်း ဘာမဆိုင် ညာမဆိုင် သူ့ ကိုပါအားနာသွားမိတယ် ။ 

လူဆိုတာ ကိုယ့်အနားမှာရှိနေတုန်း တန်ဖိုးမထားတတ်ကြပေမဲ့ ကိုယ့်အနားက ပျောက်ဆုံးသွားတော့မှ တန်ဖိုးကိုနားလည်တတ်ကြပါသည် ။ 

အခုဆို ဝေးဝေးလံလံခရီးကို ကားမောင်းသွားလို့ ရပေမဲ့  နီးနီးနားနားဆိုကားမယူတော့ဘဲ ကိုယ့်ခြေထောက်ကိုယ်သုံးပြီး ကောင်းကောင်းလမ်းလျောက်ပစ်လိုက်ပါသည် ။
ဘာပဲဖြစ်ဖြစ် ၅နှစ်လောက် အသုံးတည့်ခဲ့သော ထိုစက်ဘီးလေးအား ကျေးဇူးတင်ပါသည် ။
ထို့ ပြင် လမ်းလျောက်ခွင့်ရအောင် စက်ဘီးမ' သွားသော ခေတ်သစ် ငတက်ပြားကိုလည်း ကျေးဇူးတင်ပါသည် ။ဘာပဲ ဖြစ်ဖြစ် လမ်းလျောက်တော့ကျမအတွက်  ကျန်းမာေ၇းနဲ့ လဲ ညီညွှတ်သည်မဟုတ်ပါလား ။ :P
လောကကြီးတွင် အရာရာဟာ နေတတ်လျှင် ကျေနပ်စရာချည်း ။

About me

Blogger templates