Apr 23, 2009

ကျတော့်ရဲ့ မိုး



သူမ၏မျက်ဝန်းများရီဝေစွာအဝေးသို့ ငေးနေ၏။နူတ်ခမ်းများကိုလဲခပ်တင်းတင်းစေ့ထားလျှက်။
သူမတစ်ခုခုကိုတွေးနေပါသလား။သူမ၏ခပ်စိပ်စိပ်မျက်တောင်များကိုကျနော်စိတ်မှန်းဖြင့်ရေ
တွက်နေမိသည်။ကျတော်တို့ ၂ယောက်ကြားတိတ်ဆိတ်မူကကြီးစိုးနေ၏။
"မောင့်ကိုပြောစရာရှိတယ်ဆို...ပြောလေမိုး.....ရုံးကတန်းလာခဲ့တာအိမ်တောင်မရောက်သေးဘူး'

သူမကျတော့်မျက်ဝန်းများကိုတချက်ခပ်စိုက်စိုက်ကြည့်ပြီးမျက်နှာလွဲသွားသည်။
တခုခုပြောဖို့ သူမတွေဝေနေပါသလား။
"မိုးလက်ထပ်တော့မယ်မောင်...အိမ်ကပေးစားတဲ့ လူနဲ့ ..."

ကျတော့်နားကိုရုတ်တရပ်မယုံနိုင်အောင်ဖြစ်သွား၏။
"ဘာ...မိုးဘာပြောလိုက်တယ်...ပြန်ပြောစမ်းပါဦး...မောင်နားမရှင်းလို့ ..."

"ဟုတ်တယ်မောင်...တကယ်ပြောနေတာ..."

ရုတ်တရပ်အလဲထိုးခံရသလိုကျတော့်ရင်ထဲအောင့်သွား၏။ခဲလုံးတစ်လုံးကိုကျတော်ကန်ထုတ်ပစ်လိုက်သည်။
"မိုးကတိမတည်ဘူး..."

ထိုစကားကိုကျတော်ပြောလိုက်သလားမရေရာ။သူမခေါင်းငုံ့ မျက်လွှာချကာတိတ်ဆိတ်နေသည်။
'တောက်..တဖက်သတ်ကြီးကွာ.."
.
သူမနူတ်ခမ်းများကိုတင်းတင်းစေ့ထား၏။မျက်ဝန်းတို့ ကမြေပြင်ကိုသာခပ်စိုကစိုက်ကြည့်နေသည်။
"မိုးကိုခွင့်လွှတ်ပါမောင်..."

သွား...ထွက်သွားစမ်းပါ..ဟုအော်ပစ်လိုက်ရမလား။ကျတော့်ရင်ထဲပူလောင်လွန်းလှသည်။
သူမကိုကျတော်ရက်ရက်စက်စက်မုန်းပစ်ချင်ပါသည်။အချစ်ကခါးလွန်းလှ၏။
"မောင်နောက်ဆုံးမေးမယ်...မိုးမောင့်ကိုချစ်ခဲ့ရဲ့ လား.."

ကျေးဇူးပြုပြီးချစ်ခဲ့ပါတယ်လို့ ဖြေလိုက်စမ်းပါမိုးရယ်...သူမနူတ်ခမ်းများကိုကျတော်မျှော်လင့်ခြင်းကြီးစွာ
ဖြင့်အသက်ရှူဖို့ ပင်မေ့နေခဲ့သည်။
"ဘ၀တစ်ခုတည်ဆောက်တဲ့အခါအချစ်ကအဓိကကျလို့ လားမောင်...
မိုးဘ၀တစ်ခုလုံးကိုပုံပြီးအချစ်နဲ့ လောင်းကြေးမထပ်ရဲဘူး...မိုးမစွန့် စားရဲဘူး..."
"တူနှစ်ကိုယ်တဲအိုပျက်မှာနေရနေရဆိုတာစာအုပ်တွေ..ရုပ်ရှင်တွေထဲမှာပဲရှိတာပါမောင်
လက်တွေ့ မှာအချစ်တစ်ခုထဲနဲ့ ပြီးတာမှမဟုတ်တာ..."

ကျတော်မယုံနိုင်စွာသူမကိုငေးမောနေခဲ့ပါသည်။ဒီစကားတွေကိုသူမပြောနေတာဟုတ်ရဲ့ လားဟု
ကျတော်သံသယဖြစ်နေသေးသည်။နူးညံလှပသောသူမနုတ်ခမ်းများမှဒီလိုစကာများကိုကျတော်တသက်လုံး
မမျှော်လင့်ခဲ့။ကျတော်လူကဲခတ်တော်တော်ညံ့ပါသည်။
"မိုးသွားတော့မယ်မောင်...နူတ်ဆက်ခဲ့ပါတယ်..."

တိုးတိတ်စွာစွန့် ခွာသွားသောသူမခြေသံကိုကျတော်ကြားနေရသည်။တဖြည်းဖြည်းဝေးကာဝေးကာသွားသည်။
လှည့်မကြည့်နဲ့ ။လုံးဝလှည့်မကြည့်နဲ့ ။ကျတော့်နှလုံးသားကသူမနဲ့ပါသွားခဲ့ပါသလား။ကျတော့်ပတ်ဝန်းကျင်
တိတ်ဆိတ်ငြိမ်သက်သွား၏။သစ်ရွက်လေးတစ်ရွက်ကျတော့်ပုခုံးစွန်းပေါ်ကြွေကျလာသည်။
ထိုနေရာတွင်ကျတော်အချိန်အတော်ကြာရပ်နေမိခဲ့သည်။သွားရင်းရုပ်တရပ်လမ်းစပျောက်သလိုပင်။
ကျတော်ဦးတည်ရာမဲ့ရပါမလား။မဖြစ်နိုင်ပါ...။
အိမ်တွင်မုန့်ဟင်းခါးလှည်းကိုတွန်းကာနေစဉ်ဈေးရောင်းတွက်သော ကျတော်မိခင်...
လေဖြတ်ကာကိုယ်တခြမ်းသေနေသောကျတော်ဖခင်....
ကျောင်းမပြီးသေးသောညီလေးနှင့်ညီမလေး... ။
ကျတော်လမ်းစပျောက်လို့ မဖြစ်ပါ။အသဲကွဲပြီးနှလုံးသားကိုအရက်နှင့်စိမ်သောယောက်ျားများထဲတွင်
ကျတော်မပါစေရ။ကောင်းကင်ကြီးကိုမော့ကြည့်ရင်းတချက်ရယ်မောပစ်လိုက်ပါသည်။
ကျတော့်ခြေလှမ်းများကမိသားစုရှိရာအိမ်လေးသို့ ဦးတည်လိုက်သည်။ဒီနေ့ လခထုတ်သောကြောင့်
အဖေ့အတွက်ဆေးနှင့်မိသားစုစားရန်ခေါက်ဆွဲကြော်ဝင်ဝယ်မည်။
ကျန်သောပိုက်ဆံအားလုံးကိုအမေ့ကိုအပ်ရမည်။
ရှေ့ဆက်ပြီးမိသားစုအတွက်ကျတော်ကြိုးစားရပါဦးမည်။


အားလုံးကို ချစ်ခင် လေးစားလျှက်
ယွန်း

2 comments:

မြစ်ကျိုးအင်း said...

အဆင်မပြေတဲ့ ဘ၀နဲ့ အချစ်ဆိုတာ
မှတ်ကျောက်နဲ့ ရွှေ လိုပါပဲ...
အစမ်းသပ်ခံတဲ့ နှလုံးသားတွေရှိပါတယ်
ဘာပဲဖြစ်ဖြစ် စာကောင်းလေးတပုဒ်ပါ
(ရုပ်တရပ် ဆိုတာထက် ရုတ်တရက်...ကြ ထက် ကြ ဆိုရင်ပိုကောင်းမယ်လို့ ထင်မိတယ်)
ခင်မင်သော စိတ်ဖြင့်အကြံပေးခြင်းအား နားလည်ပေးမယ်လို့ ယုံကြည်ပါသည်။
..ခင်မင်သောအားဖြင့်...(မြစ်ကျိုးအင်း)

ဖိုးဂျယ် said...

အကြံပေးပါ့ရစေ
စာကြောင်းတွေကို Spacebar ခြားသင့်ပါတယ်။
မခြားတော့ စာတွေက ရောထွေးနေပါတယ်။
အားပေးနေပါတယ်။
ခင်မင်လျှက် ဖိုးဂျယ်

There was an error in this gadget

About me

Blogger templates