Sep 25, 2009

အိန်ဂျလီနာ ဂျိုလီ ၏ နို့တိုက် ကြေးသွန်းရုပ်


အိန်ဂျလီနာဂျိုလီ၏ နို့တိုက် ကြေးသွန်း ရုပ်ထုကို မကြာမှီ လူမြင်ကွင်းမှာ ပြသတော့မှာပါ။ ရုပ်တုကို လာမယ့် စက်တင်ဘာလမှာ ပြသသွားမယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂလုပ်အားပေး သံတမန်တစ်ယောက် ဖြစ်ရုံသာမက
လူမျိုးကွဲ ကလေးများရဲ့ မွေးစားမိခင် တစ်ယောက်ဖြစ်တဲ့ ဂျိုလီဟာ လုပ်ချင်တာလုပ်နေပေမယ့် အဓိပ္ပာယ်မဲ့တာ တစ်ခုမှာ မရှိဘူးလေ။ပြီးခဲ့တဲ့နှစ်တွေတုန်းက W မဂ္ဂဇင်းက
ဖော်ပြခဲ့တဲ့ ဂျိုလီက အမြွှာကလေးငယ် နှစ်ဦးကို နို့တိုက်နေတဲ့ ဓာတ်ပုံကနေ ဒီရုပ်ထု ပေါက်ဖွားလာတယ်လို့ နယူးယောက်မှ ပန်းပု ပညာရှင် ဒင်နီရယ်အက်ဒွပ် ကပြောတယ်
နို့တိုက်ပုံ ရုပ်တုကို အိုကလာဟိုးမားမှာ ထားရှိသွားမှာ ဖြစ်သလို ကြေးရုပ်ပုံကို လူ အရွယ်အစား အတိုင်း ထုလုပ်ထားတယ်လို့လဲ ဒင်နီရယ်အက်ဒွပ်က ဆိုပါတယ်။
မိခင်တို့၏ နို့ချို တိုက်ကျွေးပြီး သားသမီးအပေါ် ထားရှိသည့် မေတ္တာကို မမေ့စေဖို့ ရည်ရွယ်သလို ခုလက်ရှိ မယ်လမင်းတို့ မယ်နေမင်းတို့ ကန့်လန့်ကန့်လန့် ဖြူးထားသော နို့မှုန့်၊ နို့ဘူး နို့ခဲ များထက် သားသမီးများ အတွက် မိခင်နို့ မှ တစ်ပါး အခြားမရှိသည်ကို ရည်ရွယ်သည် လို့လဲ အဲ့ဒီ ကြေးသွန်း ပညာရှင်က ဆိုပါတယ်





မူရင်းဖတ်ချင်ရင်တော့ ဒီမှာသွားဖတ် လို့ရပါတယ်...။

5 comments:

စိမ်း... said...

အိ... လူမြင်ကွင်းမှာတဲ့...
ကောင်းတော့ကောင်းတယ် ဒါပေမယ့် ကောင်းဝူး... ရှက်စရာကြီးနော်... :P

ဝက်ဝံလေး said...

အင်း ကောင်းပါတယ်လေ

moe moe said...

အဝတ်လည်းမပါဘူး...ရှက်စရာနော်...

မျက်မှန်လေး said...

ဒါမိခင်မေတ္တာကို ပြသတဲ့အနေနဲ့လုပ်တာထင်တယ်နော်
ယွန်းရေ...

ဒူကဘာ said...

မေတ္တာတရားရဲ့ ပြယုဒ် ဆိုတော့ ရျက်စရာမရှိဖူးလို့ ထင်ပါတယ်၊ ဝဘ်တခုမှာ ဖတ်ဖူးတယ်။

About me

Blogger templates