Jan 5, 2010

ကျတော်နှင့် ၂၀၁၀ နိဒါန်း

လွန်ခဲ့တဲ့ ၁ရက်နေ့ ကပေါ့....
၂၀၁၀ရဲ့  နံနက်ခင်းလေပြည်ကအေးမြလတ်ဆတ်လို့ နေတယ် ။ နှစ်သစ်မှာ စိတ်သစ်လူသစ်
ခွန်အားသစ်တွေနဲ့ အစပြုဖို့  ရင်ထဲကတွန်းအားပေးနေကြတယ် ။ ကျတော်အိမ်တံခါးကို

သော့ခတ်ပြီး အပြင်ကိုထွက်လိုက်တယ်ဆိုရင်ပဲနေရောင်ခြည်နဲ့  နံနက်ခင်းရဲ့  လေပြေက
ကျတော့်ကိုဆီးကြိုနေကြတယ် ။ညက မိုးနဲနဲရွာထားတာကြောင့် လေရဲ့ ရနံ့တွေထဲမှာမိုးရဲံ့ 
့အငွေ့ အသက်လေးတွေခံစားလိုက်ရတယ်။နေရောင်လေးမထိတထိ ဖြာကျနေတဲ့၂၀၁၀ရဲ့ 
နံနက်ခင်းမှာ လမ်းမတွေပေါ်ကို ခြေလှမ်းချချင်လာတာကြောင့်စီးနေကျ စက်ဘီးလေးကို
ထားခဲ့ပြီး ကျတော်လမ်းလျောက်ထွက်ခဲ့ပါတယ်။ ရည်ရွယ်ချက်က ဘာမှတော့မဟုတ်ဘူး။
အိမ်မှာ ကော်ဖီကုန်နေလို့ ဈေးဆိုင်သွားဝယ်မလို့ပါ ။ဒီနားနဲ့ ဟိုနားသွားရတာလေးကို
ကျတော့် စိတ်ကူးတွေသိပ်ပြီးများ ကဗျာဆန်သွားလားမသိဘူး..ဟဲဟဲ။ဈေးဆိုင်နဲ့ ကျတော့်
အိမ်က သိပ်မဝေးပါဘူး ။ကြားမှာ ဓာတ်ဆီဆိုင်တစ်ခု ၊ ပန်းခြံတစ်ခု ၊ကောလိပ်ကျောင်းနဲ့ 
ကျောင်းသားအဆောင်တစ်ခု နဲ့ စစ်တပ် လေ့ကျင့်ရေး ကျောင်းဆောင်ကြီးတစ်ခု ကိုဖြတ်
သွားရုံလောက်ပါပဲ ။ ကျောင်းသားအဆောင်ရှေ့ကဖြတ်သွားရင် တော်တော်ရင်ခုန်စရာ
ကောင်းတယ်ဗျ ။ဘာလို့ လဲဆိုတော့ အနောက်တိုင်းသူချောချောလေးတွေကအစ
အာရှသူလှလှလေးတွေအဆုံး မြင်တွေ့ ရလို့ ပါပဲ။မျက်စိပသာဒပေါ့ဗျာ..ဟဲဟဲ။ ဒီလိုနဲ့ 
ပန်းခြံထောင့် လမ်းချိုးလေးကိုကွေ့ ဝင်လိုက်တယ်ဆိုရင်ပဲ ကျောင်းသူလေးတွေ
ဟိုတစ်ယောက် ဒီတစ်ယောက် တွေ့ လာတယ်။ကျတော်လည်း သူတို့ ကို တည့်တည့်
မကြည့်ပါဘူး။ အိမ်ကထွက်လာကတည်းက နေကာမျက်မှန်လေးနဲ့ ဆိုတော့ အဆင်ပြေ
တာပေါ့ ။ယောကျာ်းလေးပဲဗျာ ။လှတာလေးတွေတော့ ကြည့်ချင်တာပေါ့ ။ဘာရယ်တော့
မဟုတ်ပါဘူး ။ ကောင်မလေး၂ယောက် ကျတော့ဘေးက ဖြတ်သွားတယ် ။ကျတော့ကို
ကြည့်ပြီး ပြုံးပြသွားကြတယ် ။အလဲ့ ကံဇာတာတွေတက်နေတာ။နောက်တစ်ယောက်ကျတော့
လဲဒီလိုပဲ ။ပြုံးပြသွားပြန်တယ် ။ ကျတော်ခေါင်းကိုမော့ပြီး လေချွန်ပစ်လိုက်တယ် ။
ရူပါကလန်းနေလို့ လား ။ဒါမှမဟုတ် ကျတော် ဂိုက်ပေးကြမ်းနေလို့ ဖြစ်မယ် ။
မျက်မှန်ကလည်း အခုခောတ်စားနေတဲ့  ခပ်ကြီးကြီး မျက်မှန်ပုံမျိုးလေ ..ဟဲဟဲ။ဒီလိုနဲ့ 
ဘေးကဖြတ်လာသမျှ ကောင်မလေးတွေ ကျတော့ကိုကြည့်ကြည့်ပြီး ပြုံးပြသွားကြတာ။
ဆယ်ယောက်မကတော့ဘူး။ ကျတော်စိတ်ထဲမှာတောင် ခပ်ရှက်ရှက်ဖြစ်လာတယ် ။
နဲနဲတော့ဆန်းသလိုပဲ။ တချို့ ဆို ခစ်ခနဲတောင် ရယ်သွားကြသေးတယ် ။ ဒါနဲ့ ကျတော်လည်း
ကိုယ့်ကိုယ်ကိုယ်တစ်ခုခုများမှားနေလားဆိုပြီး လှည့်ပတ်ရှာလိုက်တော့မှ အဖြေကိုတွေ့တယ်။
ဒီတော့မှ ကျတော်တပ်ထားတဲ့ မျက်မှန်ကိုချွတ်ပြီး ဘောင်းဘီအိတ်ထဲ ကပြာကယာ ထိုးထည့်
လိုက်ရတော့တာပါပဲဗျာ။ ဘာလို့ လဲဆိုတော့ ကျတော့နောက်က လျှောက်လာတဲ့ (ခွေးဘီလူး
အမျိုးအစား) သကောင့်သားက မျက်မှန်နဲ့ဗျ ။သူကလည်းဂိုက်ပေးကြမ်းနေတာ ။လမ်းလျှောက်
တာတောင်မှခေါင်းမော့ ရင်ကော့လို့ ။သူ့ သခင်ကလည်း အရပ်ပုနေတော့ ရှေ့ ကကြည့်ရင်
သူ့ သခင်ကိုမမြင်ရပဲ သူနဲ့ ကျတော် ဘေးတိုက်လျှောက်လာသလိုပဲဗျ၊ သူတပ်ထားတဲ့မျက်မှန်
ပုံစံကလည်း ကျတော့်မျက်မှန်နဲ့ တထပ်တည်းပေကိုး။ တိုက်ဆိုင်ပါပေ့ဗျာ ။
ဒါ့ကြောင့် ကောင်မလေးတွေ ပြုံးသွားကြတာကိုးဗျ။ရှက်လိုက်တာဗျာ။
စဉ်းစားသာကြည့်ပါတော့ ။ဒီလိုနဲ့  ရှက်ရှက်နဲ့ လျောက်လာလိုက်တာ ဈေးဆိုင်နားအရောက်
ကားလမ်းကူးတော့ သူက ကျတော့ကို လှမ်းပြီးနုတ်ဆက်လိုက် သေးတယ်။
ဝုတ်.....၀ုတ် တဲ့ ။
ပြောရရင်တော့ see u ပေါ့ဗျာ ။ ဒါနဲ့  ကျတော်လည်း ပြန်ပြီး မ ၀ုတ် အဲလေ မsee u တော့ပါဘူး။
တော်တော်လည်းတတ်နိုင်တဲ့ လူတွေဗျာ ။ခွေးကို မျက်မှန်တပ်ပေးထားရတယ်လို့ ။
နောက်ဆို မျက်မှန်ကြီးကြီးတွေ့ ရင် ကြည့်တောင်ကြည့်ချင်တော့မှာမဟုတ်ပါဘူး။
အဟင့်... စိတ်နာလွန်းလို့ ပါဗျာ။
..................................................................................................................................................
(သူငယ်ချင်းတစ်ယောက်၏ ဖြစ်ရပ်လေးကို ခံစားရေးဖွဲ့ပါသည်)
ဘ၀အမောပြေနိုင်ကြပါစေ..
ခင်မင်စွာဖြင့်
ယွန်း

7 comments:

မြစ်ကျိုးအင်း said...

ကောင်မလေးတွေ ပြုံးတာလည်း မပြောနဲ့လေ ကျနော်လည်း ဖတ်ရင်း ပြုံးလိုက်ရတာ အမှန်ပဲ :)
တခါဖတ်ဖူးတဲ့ စာထဲမှာ အဲဒီခွေးက နေကာမျက်မှန် မတပ်ပေး ရင် အပြင်ခေါ်လို့မရဘူးဆိုပဲ ဒါမျိုးနဲ့ တူပါတယ်

~ဏီလင်းညို~ said...

ယွန်းရေ....
စာလေးဖတ်ရင်းပြုံးမိတယ်...။
ဖြစ်မှဖြစ်ရလေခြင်းနော်ဗျ...။
ဟီးးးးးးးးး
ခင်မင်တဲ့
ဏီလင်းညို

မျှော်လင့်သူ said...

အော် ဖြစ်ရမယ်.း) ဟိဟိ ပြောရင်းနဲ့တောင် ရယ်ချင်လာတယ်...

မျက်မှန်လေး said...

ဟီးဟီး ..
ရီရတယ်...နှစ်သစ်မှာပျော်ရွှင်ပါစေ ယွန်းရေ....

အင်ကြင်းသန့် said...

သြော်...ဖြစ်မှဖြစ်ရလေ...ဟားဟား

sosegado said...

I saw font size small, adjust a little bit. Thanks

မြတ်မွန် said...

ဟားဟား..ဖြစ်ရမယ်။
မျက်မှန်ညီနောင်ဖြစ်နေလို့ နေမှာပေါ့။
မသိရင် ဆင်တူတက်လာတယ် ထင်မှာ။
ပြုံးမိတယ် ယွန်းရေ။

About me

Blogger templates