Jan 12, 2010

မိုးထဲကအလွမ်း

မိုးနံ့ လေနံ့ လေးရတာနဲ့ 
အလွမ်းတွေ ရောက်ရောက်လာတယ်
ဘယ်နေရာကို ကြည့်လိုက် ကြည့်လိုက်
တစ်ယောက်တည်းဆိုတဲ့အသိက
အလွမ်းတွေကို ပိုထန်စေတယ်.........


ချစ်သူရေ.....
ငါ့အလွမ်းတွေ
နင့်ဆီမှာ အသံမြည်စေဖို့ 
ဘယ်ကြိုးကိုဆွဲရပါ့မလဲ
တိတ်တိတ်လေး ရောက်လာမလားလို့ 
မိုးရဲ့ ခြေသံနဲ့အတူ
နင့်ခြေသံကိုနားစွင့်နေမိတယ်
ဒီလိုနဲ့ပဲ....
ဟောဒိရင်မှာ
နင်မြတ်နိုးတဲ့ စံပယ်လေးတွေ
နောက်တခါ ပွင့်ရပြန်ပြီပေါ့...............

5 comments:

လင်းကြယ်ဖြူ said...

အော်..
စံပယ်ဖြူတွေတောင် ပွင့်ပြန်ပြီပေါ့....
မိုးနဲ့အတူ လန်းဆန်းပါစေ....

မျှော်လင့်သူ said...

ဟိဟိ မမယွန်းရေ..
အညာက အေးနေပါတယ်.. မမက မိုးရေဆိုတော့...
ကြက်သီးတောင်ထလာသဗျ
.... အားပေးသွားပါတယ် ခင်ဗျား)

မြတ်မွန် said...

မိုးနဲ့အတူ စံပါယ်တွေ ပွင့်တာ မှန်တယ်နော်။
ကဗျာလေး လှတယ်ယွန်းရေ။

နွေဆူးလင်္ကာ said...

အသံမြည်ဖို့ ကြိုးဆွဲရင်လည်း ကြည့်ဆွဲနော် :-)

အင်ကြင်းသန့် said...

“ငါ့အလွမ်းတွေ
နင့်ဆီမှာ အသံမြည်စေဖို့ 
ဘယ်ကြိုးကိုဆွဲရပါ့မလဲ”

မယွန်းရေ...အဲဒါလေးက ရင်ကိုတော်တော်ထိသွားတယ် :)

About me

Blogger templates