Feb 14, 2010

မျှော်လင့်ချက်

တခါတရံ
ယုံကြည်ချက်တွေပြိုလဲ
တစ်ယောက်တည်းအထီးကျန်တဲ့အခါ
နင်ငါ့ကိုသတိရပေးပါ...




တခါတရံ
ဆုံးရှူံးမှူတွေကြုံတွေ့ 
အခန်းထောင့်မှာနင်တစ်ယောက်တည်း
သိမ်ငယ်တဲ့အခါမျိုးမှာ
င့ါကိုနှစ်သိမ့်ခွင့်ပြုပါ...


တခါတရံ
အားလုံးကပစ်ပယ်
သူစိမ်းတွေရဲ့ အလယ်မှာ
တစ်ယောက်တည်း
နင်....
အားငယ်တဲ့အခါ
ငါ့ရင်ခွင်မှာခိုနားလှည့်ပါ..


အကယ်လို့ သာ
တနေ့ တချိန်မှာ
မျှော်လင့်ချက်တွေကုန်ဆုံး
ငါ့ရဲ့ နောက်ဆုံးထွက်သက်ရောက်တဲ့အခါ
ကျေးဇူးပြုပြီး
နင့်လက်တဖက်ကို
တွဲထားခွင့်လေးပေးပါ..

2 comments:

ဝေလင်း said...

ကဗျာကောင်းလေးကို လာဖတ်တယ်ဗျို့..
ချစ်သူများနေ့ကို ဘယ်လိုဖြတ်ခဲ့လဲ အစ်မရဲ့
ဒီနှစ်ကော ပန်းစည်းရတယ်ပေါ့..

လင်းကြယ်ဖြူ said...

ခံစားချက်တွေ ပါနေတဲ့ ကဗျာ ကို ဖတ်ရှု ခံစားသွားပါတယ်ခင်ဗျာ
ပျော်ပါစေ
*.*.*

There was an error in this gadget

About me

Blogger templates