Mar 13, 2010

ကျမနှင့် NAIL ART

မိန်းသလေးသဘာဝ အလှအပကြိုက်ကြတာ သဘာဝပဲမဟုတ်လား။ 
လှပခြင်းက ကိုယ့်ကိုကိုယ်ယုံကြည်မှူကိုရစေတယ်တဲ့ ..စာထဲမှာ ဖတ်ဖူးတာလေးပါ။ 
တနည်းပြောရရင် အကျည်းတန် မှန်ကြိုက် ဆိုသလိုပေါ့။


ယွန်းတို့ များဖြစ်လိုက်ရင် အသဲအသန်ချည်း။
တလောက အင်တာနက်မှာ nail art 
အကြောင်းလေးသွားစပ်စုမိတာနဲ့ 
ကျမတစ်ယောက် စိတ်ဝင်စားသွားပြီး 
မနေနိုင်မထိုင်နိုင် ဖြစ်ရပါလေရော။
လှချင်တာလဲ ရောဂါတစ်မျိုးပေမို့  
အလှကြိုက်တဲ့ သူတိုင်းခံစားဖူးကြပါလိမ့်မယ်။ 
မိန်းကလေးဆိုတာ ပျိုပျိုအိုအို လှချင်တာချည်းပါပဲ ။ 


ဘယ်လောက်များ ယွန်းတို့ အလှကြိုက်သလဲဆိုကိုယ်ဝန်ဆောင်တာတောင်မှ 
ဗိုက်ဖုံးအကျီ င်္ဘောင်းဘီတွေကို စတိုင်ကျကျ ၀တ်ရမှ ကျေနပ်တာမျိုး။ယွန်းတို့ ဆီမှာ 
နေထိုင်ကြတဲ့မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေ ထဲမှာ အမျိုးသမီးအများစုက 
အိမ်ထောင်ကျသွားရင် အပျိုဘ၀လို ကိုယ့်ကိုကိုယ် ပြင်ပြင်ဆင်ဆင်မရှိကြတော့ဘူး ။ကိုယ်ဝန်ဆောင်တဲ့အချိန်ဆို ပိုဆိုးပါတယ် ။ ဆံပင်က မဖီးမသင် စုတ်တိဆုတ်ဖွား
ဖြစ်သလို ဆွဲထုံး၊ထမီကို ရင်ခေါင်းတက်စည်းပြီး ဖြစ်သလို နေကြတယ်။ 
မွေးဖွားပြီးရင်ပိုလို့ တောင်ဆိုးလာသေးတယ်။
ဘာပဲဖြစ်ဖြစ်  အလှမကြိုက်လို့ အလှမပြင်ရင်တောင်မှ သပ်သပ်ရပ်ရပ်နေလိုက်ရင် 
ကိုယ့်စိတ်လဲ လန်းဆန်းလာတယ် ပိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှူ 
လဲရှိလာသလိုပါပဲ။ အဲ...ခုနကအကြောင်းအရာပြန်ဆက်ရဦးမယ်။ 

ဒီလိုမျိုး လက်သည်းပုံ လှလှလေးတွေမြင်ရင် စိတ်ထဲမှာ ယားကျိကျိနဲ့ ။
ကိုယ့်လက်သည်းပြောင်ချောချောလေးကို ကြည့်ရင်း စိတ်နဲ့ အမျိုးမျိုးအလှဆင်
ကြည့်နေမိတယ်။နောက်တနေ့ ကျတော့ ဆိုင်မှာလက်တွေ့ ပြင်ပြီးသား ဖြစ်နေတယ်။ (မြန်တယ်..၂ခါမခေါ်ရဘူး)
တခါပြင်ရင် လက်တစ်ဖက်ကို ၂၅ဒေါ်လာပေးရပါတယ်။ပထမနေ့ တော့ ပြင်ပြီးသား
လက်ကလေးကို ဘာမှ မလုပ်ရက်မကိုင်ရက်နဲ့ ကြော့ကြော့လေးထားလို့ 
အိမ်ကလင်တော်မောင်က မျက်စိစပါးမွေးစူးနေတယ်။
ဒါပေမဲ့အဲဒါလေးကကြာကြာမခံလိုက်ပါဘူး...သိတယ်မှတ်လား။ ကိုယ်ကကလေးအမေဆိုတော့ဒါတွေကြာကြာ ဂရုမစိုက်အားဘူးလေ။ 
အိမ်အလုပ်လဲ လုပ်ရသေးတာကိုးးး။ ဖြစ်ချင်တော့အမှတ်တမဲ့ ရေပိုက်ခေါင်းကြပ်ကြပ်ကို လှည့်ဖွင့်လိုက်တာလက်သူကြွယ်က လည်သည်းလေးသွားပါလေရောလား။ 
သွားရုံတင်မကပဲ လက်သည်းထောင့် အသားထဲစိုက်သွားလို့ လက်ကြီးညော်မိပြီး 
ယောင်တက်လာတာ ၃ရက်။ ကိုယ့်အပြစ်နဲ့ ကိုယ်ဆိုတော့ ဘယ်သူ့ မှပြောပြရဲဘူး။
(ဘလော့မှာတောင် စာမရေးနိုင်ဖြစ်သွားတယ်...တကယ်ပဲ) 
နောက်ဆုံးလင်တော်မောင်ကသိသွားလို့  ဆေးဆန်းကိုမျက်နှာငယ်လေးနဲ့ပါသွားရှာတယ်။ ဆရာဝန်ကပြောတာကတော့ အထဲမှာညှော်မိပြီး ပြီတည်လို့ စုပ်ထုတ်ရမတဲ့။
နောက်တပတ်လောက်သာ ဆေးခန်းမလာပဲ ဒီအတိုင်းထားမယ်ဆိုရင် အရိုးကိုထိပြီး လက်ဆစ်ကနေဖြတ်ထုတ်သင့်ရင်ထုတ်ရမတဲ့။ ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့ 
ဘာမှတောင်မပြောနိုင်ဘူး။ဒေါ်လာ ၅၀ အကုန်ခံပြီး ကိုယ့်ရောဂါကိုယ် ရှာယူတဲ့ 
ကျမကို  လင်တော်မောင်က မှတ်ပလားဆိုတဲ့အကြည့်နဲ့ ကြည့်လို့ ။ 
အဲဒီလိုနာမှ  သဘောပေါက်လာတယ် ။
အရာရာတိုင်း အစွန်းရောက်တာမကောင်းဘူးဆိုတာကိုပေါ့။
မျက်လုံးထဲမှာ လက်တုံးတိလေးကို ပြေးမြင်ယောင်ပြီး ကြောချမ်းနေမိတယ်။
ခုတော့ လက်သည်းလှလှလေးတွေကြားမှာ ပတ်တီးဖွေးဖွေးလေးက နေရာယူလို့ 
လှချင်တိုင်း လှနေတော့တာပေါ့ရှင်.......။

..........................................................

ယွန်း

8 comments:

မြတ်မွန် said...

ဟားဟား..ဖြစ်ရလေ ယွန်းရယ်..။
တော်သေးတာပေါ့ လက်သည်းခွန်ကြီး မကျွတ်သွားတာ..။
ကော်နဲ့ကတ်တာ မို့လား ယွန်းရဲ့။
တော်သေးတယ်..
သက်သာ သွားပြီလား ယွန်းရေ..။

အင်ကြင်းသန့် said...

မယွန်းရေ...အင်ကြင်းလည်း အဲဒီ nail art ကိုဒီရက်ပိုင်းမှာ တော်တော်စိတ်ဝင်စားလို့သွားလုပ်မလို့လုပ်နေတာ...
အခုမယွန်းရေးထားတာလေးဖတ်ပြီးကြောက်သွားတယ်...
လှချင်တာဆိုတော့လည်း ခက်သားလား...မယွန်းရော သက်သာရဲ့လား...

ခင်တဲ့
အင်ကြင်း

ဝက်ဝံလေး said...

ဟိ မမကလဲဖြစ်လိုက်ရင် အသည်းနဲ့အသန်ချည်းပဲ ဟိဟိ အရင်တုံးကတော့ သမီးလဲ လက်သည်းရှည်ထားတယ် အခုတော့မထားဖြစ်တာ ကြာပေါ့ ထားမယ်လုပ်လိုက် ချေးတွေဝင်လာလို့ ရွံတာနဲ့ ပြန်ညှပ်ပစ်လိုက်နဲ့ အခု တပတ်ဆို ၂ ခါလောက် လက်သည်းညှပ်နေပြီ ဟဲဟဲ

ချစ်ကြည်အေး said...

အမကတော့ အဲဒါမျိုး ငေးရုံပဲ ငေးနိုင်တယ် လက်သည်းရှည်ရင်ကို မနေတတ်တာ၊ အမြဲတမ်း တုံးတိပဲ...:))

မျက်မှန်လေး said...

ဟားဟား...ယွန်းကတော့ဖြစ်ရမယ်။ ဒါပေမယ့် အဲလက်သည်းတုတက်ပြီးရင်ပြန်ချွတ်တာ တော်တော်နာတယ်။
ဟီးဟီး။။။

ယွန်း said...

မမမျက်မှန်လေးပြောမှ ယွန်းတောင်ကြောက်လာပြီ...လက်သည်းပြန်ချွတ်ရင်တော်တော်နာတာတကယ်လားဟင်..
လက်ကအနာပျောက်သေးတာဟုတ်ဘူး..အဟင့်...ကြောက်အောင်မလုပ်နဲ့နော်။

နိင် said...

နာမယ့်သာနာတာ....
လှတာက လှသားဗျ အဟိ

Anonymous said...

အင်း သတိထား အမရေ လက်ထိပ်ခြေထိပ် ဂရုစိုက်ရတယ်ဗျ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

About me

Blogger templates