ကျမမှာဆွေကြီးဆိုတဲ့ သူငယ်ချင်းလေးတစ်ယောက်ရှိပါတယ။်လူပုံက ပိန်ပိန်ပါးပါး အရပ်ကမြင့်မြင့်
အသားဖြူဖြူနဲ့  အမှတ်တမဲ့ ကြည့်ရင် ရတနာ(NO) လိုလို ဘာလိုလိုပေါ့။ သူ့ ကို သူငယ်ချင်းအားလုံးက
ချစ်စနိုးနဲ့  ဆွေကြီး လို့ ခေါ်ကြပါတယ်။ နာမည် အရင်းကတော့ သီတာဆွေပါ။ ချစ်စနိုးနဲ့ အဖျားဆွတ်
ခေါ်တော့ ဆွေကြီး ပေါ့ ။ သူငယ်ချင်းထဲမှာ မျိုးကြီးလို့ ခေါ်တဲ့ သူငယ်ချင်းတစ်ယောက် ရှိပါသေးတယ်။
သူတို့ နှစ်ယောက်ဆုံတော့ ဆွေကြီးမျိုးကြီး လို့ကျမတို့ ကနောက်လေ့ရှိပါတယ်။