မွေးနေ့ လေးမှာ အမှတ်တရလေး ဖြစ်စေချင်တာကြောင့် လည်းကောင်း၊
ဘလော့ဂါမောင်နှမတွေကို ကျွေးချင် မွေးချင်တဲ့ ဆန္ဒလေးတားဆီးမရနိုင်တာကြောင့်
လည်းကောင်း ဒီမွေးနေ့ ပွဲလေးကို လုပ်ဖြစ်သွားပါတယ် ။
ဘလော့ဂါမောင်နှမတွေကို ကျွေးချင် မွေးချင်လွန်းလို့  ယွန်းကိုယ်တိုင်ပင်ပင်ပမ်းပမ်း ချက်ထား အဲ....
ဂူးဂဲလ် ကနေ ရှာထား တာလေးတွေ အားပေးသွားကြပါဦးနော်.......
ဒါကသူ့ အတွက် မွေးနေ့ ကိတ်..

ဒါက သူငယ်ချင်းတွေ အတွက် ဆူရှီ...
ဒါက ဘလော့ဂါမောင်နှမတွေအတွက် ...အ၀သုံးဆောင်သွားကြပါရှင်...
ဒီမှာ ၀ိုင်ကြိုက်သူတွေ အတွက်ဝိုင် ... ၀ိုင်မကြိုက်တဲ့သူတွေအတွက် သစ်သီးဖျော်ရည်...
ဒါကတော့ အချိုပွဲ ရေခဲမုန့် ....
သူ့ အတွက် မွေးနေ့ ဆုတောင်း
ဒီနေ့  ဂျုလိုင် ၂၀ မှာ ကျရောက်တဲ့ သူ့ ရဲ့  မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာတိုင်
မွေးနေ့ ပေါင်းများစွာကို ကျန်းမာ ပျော်ရွှင်စွာ ဖြစ်သန်းနိုင်ပါစေလို့  ဆန္ဒပြုပါသည်။
ကျေးဇူးတင်ရှိခြင်း

မွေးနေ့ ပွဲလေးကိုကြွရောက်လာတဲ့ သူငယ်ချင်းများ အားလုံး ကို ကျေးဇူးတင်ရှိပါသည်။
အားလုံးကို ချစ်ခင်လေးစားစွာဖြင့်
ယွန်း
ဂျုလိုင် ၂၀ ၊၂၀၁၀
17 comments:
Happy Birthday! မယွန်းရဲ့ လူကြီးရေ.. ဟီးဟီး.. ဘယ်လိုပြောရမယ်မသိလို့.. ဘာလဲ ဆူရှီပုံတွေဆိုတော့ ဆူရှီကြိုက်တယ်ပေါ့...း)))
ခင်မင်တဲ့
နေ၀သန်
အိမ်ကလူကြီးရေ.... ဟတ်ပီးဘသ်ဒေးပါ။ ပျော်ရွှင်ဖွယ်ရာ မွေးနေ့လေးဖြစ်ပါစေ။
အကျွေးအမွေးနဲ့ဧည့်ခံတဲ့ ယွန်းကိုလဲ ကျေးဇူးအထူးတင်ပါရှိပါတယ်။
မွေးနေ့အစားအစာတွေစားသွားတယ်
အရမ်းကောင်းတယ်
မယွန်းရဲ့လူကြီး.နှစ်ပေါင်းများစွာကျန်းမာပျော်ရွင်ပါစေ..
ယွန်းရဲ့ လူကြီးကတော့ ကံကောင်းပြီကွာ..
ဒီလောက်အချက်အပြုတ်တော် အဲ အရှာအဖွေတော်..။ အကျွေးအမွေးကောင်းတာဆိုတော့.. နော်း)))
ဆူရှီအကြိုက်ဆုံးပဲ..
မွေးနေ့ရှင် ပျော်ရွှင်ချမ်းမြေ့ပါစေ.. ယွန်းလည်း ပျော်ရွှင်ချမ်းမြေ့ပါစေ..
မယွန်းချစ်ချစ်ကြီးတစ်ယောက်...
မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာတိုင်
သားသား..မီးမီးတွေဝေေ၀ဆည်ဆည်နဲ့း)))
ဇနီးမောင်နှံနှစ်ယောက်လည်းအိုအောင်မင်းအောင်
ပေါင်းကြရပါစေ။လို့ဆုတောင်းပေးသွားတယ်နှော်။
မွေးနေ့အတွက်ကျွေးမွေးဧည့်ခံတာကျေးဇူးပါတော်။
မြင်သာမြင်မကြင်ရဆိုတာ..ဒါညိုးဖစ်မယ်..း)))
ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
ခင်တဲ့
ခိုင်နုငယ်
မွေးနေ့လာသွားတယ်..
အိမ်ကလူကြီး ကိုလဲ ပွဲထုတ်ပြပါဦး
ယွန်းရေ......
မွေးနေ့ကျော်သွားပေမယ့်လည်း.......ယွန်းတို့အိမ်ကလူကြီးကို လာဆုတောင်းပေးသွားပါတယ်ဗျာ......။
အစစအဆင်ပြေ၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ပျော်ရွှင်စရာမိသားစုဘ၀လေးကိုရာသက်ပန်ပိုင်ဆိုင်သွားနိုင်ပါစေလို့........။
(အစားတွေတော့ မစားသွားဘူး....။ ၀ိုင်ပုလင်းတော့ ယူသွားတယ်.....။ နေကောင်းမှသောက်ဖို့......း)
ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို
ညီမ ယွန်းရေ
အိမ်က လူကြီး ကို ဆုတောင်း ပေးလိုက်တယ်နော် happy birthday ပါ
နောက်ပြီး ညီမ က အချက်အပြုတ် အဲ အရှာအဖွေ တော်လိုက်တာ စားရက်စရာ မရှိဘူး ဒါကြောင့် မစားတော့ ဘူးနော်
ကြည့်ခွင့်ရတာနဲ့ကို ကျေးဇူးတင်လှပါပြီ လှလိုက်တာ
ခင်မင်တဲ့
ရွှေစင်ဦး
လည်လည်ရောက်လို ပြန်လည်လာတယ်ပေါ့ဗျာ။ အရင်ဆုံး ပထမဆုံးပို့စ်ကိုဖတ်တယ်။ မွေးနေ့စားစရာဓါတ်ပုံတွေ။ပြီးတော့ အသက်အရွယ်ကြည့်တယ်။ အကိုလား အစ်မလားဆိုတာ သိထားသင့်တယ်လေ။ပြီးတော့ ဘလော့စာရင်းကို ကြည့်တယ်။ ကျွန်တော့်ပါတာပဲ။ ကျန်တာတွေသဘောမကျပါဘူး။ အခုလိုလင့်ချိတ်ပေးပြီး အသိအမှတ်ပြုပေးတာ ၀မ်းသာဆုံးပဲလို့ အမှန်တိုင်းဝန်ခံပါတယ်အစ်မရယ်။ ကျွန်တော်အမြဲလာလည်ပါမယ်။ ကျွန်တော်ဆီလဲ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာဖက်သူနည်းတာဗျာ ကျွန်တော့်ဘလော့မှာ။ ကျွန်တော်လဲ ဘာတွေရေးမှန်းမသိဘူး။ ဒီကအစ်မကြီးဆီ အရင်ဆုံးရောက်လို့ စိတ်ထဲရှိတာ လုပ်မိတာအရင်ပြောသွားပါတယ်။
ပို့စ်နဲ့ပတ်သက်တာလေးပြောပါမယ်။ အစ်မရဲ့ လူကြီးအတွက် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်စွာ ပြီးပြည့်စုံသော မိသားစုနဲ့အတူတကွ ဖြတ်သန်းနိုင်ပါစေ။ မုန့်တွေကတော့ ကော်ပီပတ်စ်လုပ်ရတာ အတ်ာပင်ပန်းမှာပဲ။ :D တ၀ကြီး အိပ်ထဲထည့်သယ်သွားတယ်အစ်မရေ။ ပျော်ရွင်သာယာနိုင်ပါစေဗျာ။
ယွန်းရေ....
ဆောရီးပဲသူငယ်ချင်းလေး....
ဂျင်းနောက်ကျသွားတယ်။ ယွန်းရဲ့ အိမ်ကလူကြီးကို ဟက်ပီးဘာဒ်ဒေးပါလို့နော်...။ ယွန်းတို့မိသားစုလေးထာဝရ ပျော်ရွှင်စွာနေထိုင်သွားနိုင်ပါစေ....။
လက်ကျန်မုန့်လေးတွေ ရှင်းသွားတယ်နော် :))
ခင်မင်စွာဖြင့်
ဂျင်း
အိမ်က လူကြီးရဲ့ ဤယနေ့မွေးနေ့မှသည် စိတ်၏ချမ်း သာခြင်းနှင့် ကိုယ်ကျန်းမာခြင်းများဖြင့် အာနာဂတ် ခရီးကို ဆက်လက် ချီတက်နိုင်ပါစေဗျာ ...... ကျွေးမွေးထားတဲ့ အထဲမှာ အကြိုက်ဆုံးက ပုလင်းလေး တွေပဲဗျာ ... ကျေးဇူးပါ ....
Happy Birthday ပါ အိမ်ကလူကြီးရေ... (အဲ ယောင်သွား
လို့) ယွန်း ရဲ့ ချစ်ချစ်ကြီးရေ....
စကားမစပ်..ဝိုင် တလုံး လုံး အကုန်သောက်သွားပြီ..း)
မယွန်းရေ အလည်လာသွားတာ ကျေးဇူးပါနော် ပြန်အလည် လာခဲ့ပါတယ် ... စီပုံး မရှိလို့ အခုလို ကွန့်မန့်မှာ ရေးသွားတာပါ .. လင့်ခ်လေး ယူသွားတယ် နော် ... ကျနော်က ယူတီကာက ဆိုတာ ဟုတ်ပါတယ် .. မယွန်းကကော ဘယ်မြို့ကလဲ ....
happy birthday ပါလို့ ကျနော်အတွက် ပြောပေးပါဦးနော် ။ မုန့်တွေတဝကြီး စားသွားပါတယ် ကျေးဇူးတင်ပါ၏ . နောင်နှစ်ပေါင်းများစွာတိုင် မခွဲမခွာ ပျော်ရွှင်သော စုံတွဲလေးအဖြစ် ရပ်တည်နိုင်ကြပါစေလို့ ဆုတောင်းပေးတယ်နော်... :)
ခင်တဲ့(ချိုကျ)
ညီမယွန်းလေးရေ ခုမှ ထမင်းစားပြီးလို့ မုန့်တွေကို အိနြေ္ဒရရ ကြည့်သွားတယ်...
ဟက်ပီးဘာဒ့်ဒေးပါလို့ ယွန်းရဲ့ လူကြီးကို ပြောလိုက်ပါနော်....:)
ဂျင်းကလက်ကျန်ရှင်းသွားပြီဆိုတော့လည်း...
ညီမယွန်းရေ..
ယွန်းရဲ့လူကြီးမွေးနေ့အတွက်...ပျော်ရွှင်ဖွယ်မွေးနေ့များစွာကိုဖြတ်သန်းနိုင်ပါစေလို့..
ခင်တဲ့
သဒ္ဓါ
နောက်ကျပြီးမှ ဆုတောင်းပေးရလို့ စိတ်မကောင်းပါဘူးနော်..
မွေးနေ့ပေါင်းများစွာ အတူတူပျော်ပျော်ရွှင်ရွှင် ကျော်ဖြတ်နိုင်ပါစေ
နားလည်မှုခိုင်မာသော ချစ်ခြင်းများဖြင့် ရာသက်ပန် တည်မြဲသော အိမ်ထောင်ဖြစ်ပါစေနော်..
Post a Comment