Aug 29, 2010

မိုးထဲက ည

မိုးတွေ   သဲကြီး မဲကြီး ရွာနေတဲ့ ညတစ်ည.....အချိန်က ၁၁နာရီ ခွဲလောက်ရှိနေပြီ ။အယ်ဘားမားမြို့ ရဲ့ ဟိုင်းဝေး တစ်နေရာမှာ အမေရိကန်အာဖရိကန် အမျိုးသမီးတစ်ယောက်ဟာ ကားလမ်းနဘေးမှာ 
ရပ်ပြီး ဖြတ်သွားဖြတ်လာ ကားတွေကိုတားနေတယ် ။သို့ သော် တစ်စီးမှ ရပ်မပေးကြပါ ။
သူမရဲ့ ကားဟာ မောင်းနေရင်း တိုးရပ်သွားတာကြောင့်ကားကို မိုးရေထဲမှာ ရပ်ထားရပါတယ်။
ခရီးဆက်သွားဖို့ သူမ အကူအညီလိုနေတယ် ။ သူမတစ်ကိုယ်လုံးလဲ မိုးရေတွေစိုနေပြီ ။


တိုအချိန်မှာ သူမဘေးသို့ ကားတစ်စီး ထိုးရပ်လာတယ် ။ ကားမောင်းသူဟာ အသက်ငယ်ငယ် 
လူဖြူတစ်ယောက်ဖြစ်နေတယ် ။ လူငယ်က လူမဲ အမျိုးသမီးအား အကဲခတ်လိုက်တယ်။
(အဲဒိအချိန်ဟာ လူဖြူလူမဲ ပြဿနာ ဖြစ်နေချိန် ၁၉၆၀ ၀န်းကျင်လောက်က ဖြစ်ပါတယ်)
ထိုလူဖြူက လူမဲအမျိုးသမီးအား တက်စီတစ်စီး ငှားပေးရင်း လိုရာခရီးရောက်အောင်
ကူညီလိုက်တယ်။ ပျက်နေတဲ့ကားအတွက်လည်း အဆင်ပြေအောင်ကူညီပေးခဲ့တယ်။


သူမကြည့်ရတာ အရမ်းအလျှင်လိုနေ ပုံရှိပါတယ် ။ လူဖြူအမျိုးသားရဲ့  လိပ်စာကို ခပ်သွက်သွက်
မှတ်သားပြီး ထိုနေရာက သူမထွက်ခွာ သွားခဲ့တယ်။

ရက်သတ္တပတ်မျှကြာတဲ့အခါ  လူဖြူအမျိုးသားရဲ့  အိမ်တံခါးကို တစ်စုံတစ်ယောက်က 

လာခေါက်ခဲ့တယ် ။ (လူဖြူ)လူငယ်လေးက ထွက်ကြည့်လိုက်တဲ့အခါ  သူအရမ်းကိုအံ့သြ သွားခဲ့တယ်။
ပစ္စည်းပို့ ဆောင်ပေးတဲ့ လူတစ်ယောက်ဟာ တစ်စုံတစ်ယောက်က သူ့ ထံ တီဗီတစ်လုံး ပို့ ခိုင်းလိုက်
ကြောင်း ပြောတယ် ။ တီဗီနှင့်အတူ စာတစ်စောင်ပါ ပါလာခဲ့တယ်။
သူဖတ်ကြည့်လိုက်တော့...........


တစ်ညက ဟိုင်းဝေးလမ်းမပေါ်မှာ ကျမကို ကူညီခဲ့တဲ့အတွက် အရမ်းကိုကျေးဇူးတင်ပါတယ်။
မိုးရေတွေက ကျမရဲ့ အ၀တ်အစားကို စိုစွတ်စေခဲ့ပေမဲ့ ရှင့်ရဲ့ ကူညီမှူကြောင့်  ဝေဒနာခံစားနေရတဲ့ကျမရဲ့ ခင်ပွန်းသည်ထံကို သူမသေဆုံးခင်လေးမှာ အချိန်မီ အရောက်သွားနိုင်ခဲ့ပါတယ်။
ကျမကို ကူညီခဲ့တဲ့အတွက် ရှင့်ကို ဘုရားသခင်ကောင်းကြီးပေးပါစေ ။
ပြီးတော့ ကိုယ်ကျိုးမငဲ့ပဲ လူအများကို နောက်ထပ် အကူအညီပေးနိုင်ပါစေ..


လို့ ရေးထားတယ်။ 
ထိုစာကိုဖတ်ပြီး လူငယ်လေးဟာ သူ့ ရဲ့ ကူညီမှူအတွက်ပီတိ ဖြစ်နေမိတော့တယ်။


  • လူတစ်ယောက် အကူအညီလိုအပ်နေတဲ့အခါ ကူညီပေးပါ။
  • ကိုယ့်အပေါ်ကူညီပေးတဲ့ သူအပေါ်လဲ ကျေးဇူးတင် မှတ်သားထားပါ ။
  • သင်က တခြားတစ်ယောက်ကို ကူညီပေးခဲ့လျှင်  တခြားသူတစ်ယောက်ကလဲ သင်လိုအပ်နေချိန်မှာကူညီပေးပါလိမ့်မယ်။

Pickup in the Rain (or) The night in the Rain ကိုဘာသာပြန်ပါသည် ။


ချစ်ခင်လေးစားစွာဖြင့်
ယွန်း

9 comments:

Anonymous said...

တစ်လုတ်စားဖူး သူ့ကျေးဇူး ဆိုတဲ့ စကားပုံလေး အမှတ်ရသွားတယ် ။



မောင်မျိုး

သဒ္ဓါလှိုင်း said...

လူတယောက်ရဲ့ အကူအညီလိုအပ်နေတဲ့အချိန်မှာ ကူညီပေးလိုက်ရတာကနေ ရလာတဲ့ ပျော်ရွှင်မှုနဲ့ပီတိဟာ အဖိုးတန်ပါတယ်။

ခင်တဲ့
သဒ္ဓါ

နိုးအိမ်ရှင် said...

အင်း... ကူညီတယ်ဆိုတာ ပေးသူအတွက် ဘာမှ မဖြစ်လောက် ပေမဲ့ ရတဲ့သူအတွက် အများကြီးပါ... ပြန်ပြီး ရလာတဲ့ ပီတိ ကတော့ ပိုပြီး ၀မ်းမြောက်ဖို့ ကောင်းတာပေါ့...

နွေဆူးလင်္ကာ said...

အင်း .. ကူညီပါရစေ ပို့စ်ပဲ ..

ချော(အစိမ်းရောင်လွင်ပြင်) said...

ကျေးဇူးသိတတ်ခြင်းဟာ မင်္ဂလာတစ်ပါးပါ
ကျေးဇူးမမေ့တတ်အောင်လဲ ကိုယ်အပါအ၀င် လူတိုင်းကျိုးစားရမှာနော်..
ပိုစ့်ကလေးအတွက် ကျေးဇူး...

နေ၀သန် said...

အင်း.... အကူအညီလိုနေတဲ့သူကို ကူညီသင့်ပါတယ်.... ကျေးဇူးလည်း မမေ့သင့်ဘူးပေါ့....


ခင်မင်တဲ့
နေ၀သန်

Anonymous said...

ဖတ်သွားတယ် ယွန်းရေ လိုနေတဲ့ အကူအညီတွေ အားလုံး ပေးနိုင်ကြပါစေ

ခင်တဲ့
ရွှေစင်ဦး

မြစ်ကျိုးအင်း said...

မျှော်လင့်ချက်မထားဘဲ ကူညီလိုက်ပေမယ့် သတိတရနဲ့ သိတတ်တဲ့သူနဲ့ ဆုံရတာလည်း ကူညီသူအတွက် ကံကောင်းခြင်း တစ်မျိုးပါပဲ။ ကိုယ့်ကိုကူညီသူတွေ ကံကောင်းစေဖို့ အကူအညီ ယူပြီးတိုင်း သတိတရ ရှိဖို့ မမေ့လျော့သင့်ဘူး။

အင်ကြင်းသန့် said...

ဟုတ်ပါတယ်....ဘယ်သူ့ကိုမဆို ကိုယ် တတ်နိုင်သလောက်အကူအညီပေးလိုက်ရတာ သိပ်ကိုကောင်းမွန်ပါတယ်။

About me

Blogger templates