Oct 14, 2010

ကြံကြံဖန်ဖန် ရုပ်ထုများ

..ခြေထောက်ကို ဆွဲထားတယ်... လဲတော့မယ်



ကြံကြံဖန်ဖန်ဆော့တယ်..နာတော့မှာပဲ 

 ဒီလူနှယ် မြင်းတောင် စောက်ထိုးစီးရလားး အံ့ပါရဲ့ ... :D
 ဟယ်.. ဘာတွေချောင်းနေလဲမသိ..
 သူတို့ လည်း ၀င်တန်းစီနေကြတယ်... အံ့ရောပဲ...
 ဒါကျတော့ ဘယ်လိုခေါ်ရမလဲ ..လိမ်ဖယ်ဖယ်နဲ့ ... :))))
အားလုံးထဲမှာ ဒီပုံကို အကြိုက်ဆုံးးး :) :) :)


ချစ်ခင်လေးစားစွာဖြင့်
ယွန်း

15 comments:

ကိုအောင် said...

လိမ်ဖယ်ဖယ်နဲ့က သရဲ ဖြစ်မယ် ...း)

ကိုဇော် said...

အဟားဟားဟား...
ကြံကြံဖန်ဖန်...တကယ်ပဲ။

မိုးယံ said...

အောက်ဆုံးပုံထဲက မိန်းမ ၀၀ သေဖို့ရှိတယ်။ ဟိုကောင် တစ်ကယ်ရိုက်မယ့်ရုပ်။ ဂြီ

ဖိုးကြယ် said...

ယွန်းရေ....ပုံလေးတွေ လာကြည့်သွားတယ်ဗျ။ ကြံကြံဖန်ဖန်တွေပါပဲ စိတ်ဝင်စားဖို့ကောင်းတယ်နော် ။

ခင်မင်စွာဖြင့် ( ဖိုးကြယ် )

သူကြီးမင်း (တုံးဖလား) said...

ဟား ဟား ဟား။ တကယ်ရီရတယ်။ စိတ်ညစ်နေစဉ်မှာ အခုလို ရီစရာလေးတွေ မြင်ရတော့ လူကို ရွှင်မြူးသွားစေတော့တာပါဘဲ။ ကျေးဇူးဘဲ ယွန်းရေ..။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Moe Cho Thinn said...

ကောင်းလိုက်တာ။ ကြံကြံဖန်ဖန် ပြုံးချင်စရာတွေ.. ညီမမို့ ရှာတတ်တယ်။ သဘောကျတယ်။ :)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒုတိယပုံက ယွန်းတို့သားအမိပုံများလား မသိ
ကြံကြံဖန်ဖန် တက်ဆော့ရတယ်လို့ ...း)

Ingjin said...

ယွန်းရေ....ငါးပုံမြောက်မှာ ၀င်ပြီးတန်းစီနေတာ နင်နဲ့ငါနဲ့လား....ဒါမှမဟုတ် ငါတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်နဲ့ မွန်နဲ့များလား.... :D

blackroze said...

မယွန်းကတော့လေ
တကယ်ပါဘဲရှာတတ်တယ်..
တကယ့်ပုံလေးတွေပါဘဲလေ..
မွေးနေ့မှမရောက်ဖြစ်တာစိတ်မဆိုးပါနဲ့နော်
ကျမမသိလို့ပါမယွန်း

တလက်စတည်းဆုတောင်းပေးတယ်..
နှစ်ပေါင်းများစွာတိုင်အောင်..
အမြဲထာဝရပျော်ရွှင်ခြင်း
အေးချမ်းခြင်း..
နွေးထွေးခြင်းတွေနဲ့အတူ
တည်ရှိနေပါစေလို့...........

ခင်တဲ့ blackroze

မြစ်ကျိုးအင်း said...

အောက်ဆုံးပုံက တူမကြီး ပုံဆို
ဟုတ်သလား..။

blackcoffee said...

သူငယ်ချင်းက တကယ့်ကြံကြံဖန်ဖန် ပုံလေးတွေ တင်တတ်တယ်နော်။ ပုံလေးတွေ လာကြည့်သွားပါတယ်။

ညိမ်းနိုင် said...

ဟောဗျာ..မွေးနေ့ ပို့စ်ကို ဘယ်လိုကျော်သွားမိလည်းမသိ
ဘူးဗျာ...။ပျော်ရွင်ကြည်နူးဖွယ်ရာမွေးနေ့မှသည် နှစ်ပေါင်း
များစွာ မိသားစုတွေ ချမ်းမြေ့ကြပါစေခင်ဗျ...။
ရုပ်တုပုံတွေက ရှယ်ပဲ....တော်တော်သဘောကျမိတယ်။
ရှာတတ်ပါပေ့ဗျာ...။

ဆောင်း said...

လိမ်ဖယ်ဖယ် ဆိုလို့  သတိရ သွားတယ်။ ရေဒီယိုဇတ်လမ်းပါ။ လူပျိုကြီးက ရပ်ကွက်ထဲမှာ စာသင်ပေးနေကြ။အိမ်ထောင်ကျ ပြိး သားကို စာသင်တော့ နငယ် ကို ဥပမာ ပေးသင်တယ်။ မေ့မေ့ကို ကြည့် ဗိုက်ပူပူ ဖင်ကောက်ကောက် နဲ့  ဆိုပြီး ရန်ဖြစ်ကြတယ်။ နောက်တခါ ၀စ်စ၂လုံးပေါက်ကို ဆရာမ က ရှေ့ ကပေါက် လို့ သင်တာ အဖေသင်တာနဲ့ မတူ လို့ သားက မဖြေခဲ့တာနဲ စာမေးပွဲကျရော။ ဒီလိုနဲ့ ဘဲ စာသင်ရပ်သွားတယ် ဆိုတဲ့ ဟာသဇတ်လမ်းလေးကို ပြေးမြင် မိတယ်

သုခုမလေဒီ said...

တကယ့်ကို ကြံကြံဖန်ဖန် ရုပ်တုပုံတွေပဲ ယွန်းရေ..
အံ့သြစရာ...

SHWE ZIN U said...

ပုံလေး တွေကို ဒုတိယ အကြိမ်ပြန်ကြည့်သွားတယ်နော်

ခင်တဲ့
ရွှေစင်
လင့်ခ် ချိတ်ထားတယ်နော်

About me

Blogger templates