Oct 25, 2010
လွမ်းနေတော့မည့် ပုဂံမြေ
ယွန်းတို့  ၁၀တန်းအောင်ပြီးတဲ့ အချိန်မှာ သူငယ်ချင်းတွေအားလုံး အမှတ်တရအဖြစ်ဘုရားဖူးထွက်ခဲ့ကြတယ် ။ရွှေစက်တော် ၊ပုဂံညောင်ဦး ၊ ပင်းတယ၊အင်းလေး အထက်မြန်မာပြည် အစုံပါပဲ ။သူငယ်ချင်းတွေနဲ့ မသွားစဖူးသွားရတာဆိုတော့ အားလုံးပျော်နေကြတာပေါ့ ။ ဆရာဆရာမတွေလဲပါရဲ့  ၊ရွှေကြေးစည် ဘုရားဖူးယာဉ် နှစ်စီးနဲ့  အပြည့်ပေါ့ ။ ရန်ကုန်က စထွက်တော့ ကျောင်းသားတွေပျော်လွန်းလို့ ဂစ်တာတွေတီးသီချင်းတွေဆိုနဲ့ အိပ်ကိုမအိပ်ကြပါဘူးး ။
တစ်လမ်းလုံး သောင်းကျန်းလာလိုက်ကြတာခရီးတ၀က်လောက်ရောက်မှ ခြေကုန်လက်ပမ်းကျပြီး အိပ်တဲ့သူကအိပ် ၊ သီချင်းနားထောင်တဲ့သူက နားထောင် ၊စာအုပ်ဖတ်တဲ့ သူကဖတ်နဲ့  ငြိမ်သွားတော့တယ် ။
(သွားတဲ့ခရီးစဉ်ကများလွန်းတော့ အစဉ်လိုက်မမှတ်မိတော့ပါ ။
မှတ်မိတဲ့ ပုဂံမှာတည်းတဲ့ ညအကြောင်း ကိုရေးပါမယ် ။)
ပုဂံစရောက်တော့ မနက်လင်းအားကြီး ၄နာရီ ၅နာရီသာသာပေါ့ ။ မြူနှင်းတွေဝေနေတဲ့ ပုဂံဟာ သိပ်ချစ်စရာကောင်းသလို သိပ်လည်းလွမ်းစရာ အသွင်ကိုဆောင်နေတယ်။မြူ တွေကြားမှာ စေတီပုထိုးတွေ ထိုးထိုးထောင်ထောင်နဲ့ကြည့်လေ၇ာမြင်လေရာဘုရားပုထိုးစေတီတွေတွေ့ တော့ ရင်ထဲမှာ တမျိုးလေးကြည်နူးသွားတာအမှန်ပဲ။သမိုင်းဝင် ရှေးဟောင်းမြို့ တော်ထဲ ကိုယ်တိုင်ရောက်နေပါလားဆိုတဲ့ အသိကြောင့် ပင်ပမ်းနေတာတွေတောင်ဘယ်ရောက်သွားလဲမသိတော့ပါဘူး ။ အရင်က ပုဂံဆိုတာသမိုင်းထဲမှာပဲ ကြားဘူးတာဆိုတော့ ပုဂံမြေကိုနင်းမိမိခြင်း ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်မှူ နဲ့  ခံစားမှူတချို့ ကတော့ ရေးမပြတတ်အောင်ပါပဲ ။ကျမတို့ အဖွဲ့ ထဲက သူငယ်ချင်းကောင်လေးတစ်ယောက်ဟာ ဆိုရင် ပုဂံမြေကို နင်းမိမိခြင်း မြေကြီးတချို့ ကိုလက်နဲ့ ကိုင်ပြီး
ဟေး..ပုဂံရေ..ပုဂံမြေကို ကျတော်ရောက်ခဲ့ ပြီ ..ချစ်စရာကောင်းတဲ့  ပုဂံမြေရယ်..
လို့   ထအော်ခဲ့ဘူးပါတယ် ။ ကောင်မလေးတချို့ ကတော့ သူ့ ကြည့်ပြီးရယ်ကြသလို ..ကောင်လေးတချို့ ကသူ့ နောက်ကနေ လိုက်အော်ရင်းသူ့ ကိုလှောင်ပြောင်ကြတယ်။အဲဒိသူငယ်ချင်းဟာတက္ကသိုလ်ရောက်တဲ့အခါ မြန်မာစာအဓိက နဲ့  ဂုဏ်ထူုးတန်းဝင်ပြီးမြန်မာကျောက်စာတွေ စာတမ်းပြုစုရတဲ ဆရာတစ်ယောက်ဖြစ်လာပါတယ်။ )
တနေကုန်လည်လို့ ပတ်လို့ ဝပြီး ဘုန်းကြီးကျောင်း ပြန်ရောက်လာတဲ့အခါ ခရီးစဉ်တာဝန်ရှိသူတို့ ချက်ပြုတ်ထားတဲ့  ထမင်းဟင်းကို တ၀တပြဲ စားသောက်ပြီးတဲ့အခါ တနေကုန်ပင်ပမ်းထားတာကို အကြောင်းပြုပြီး စက်တော်ခေါ်ကြပါတော့တယ် ..။ ဖြစ်ချင်တော့ စောစောစီးစီး စက်တော်ခေါ်ပြီး  မနက်၎နာရီလောက်မှာ ကျမနိုးလာပါတော့တယ် ။ အိပ်လို့ ဝနေပြီဖြစ်တာကြောင့် ဆက်ပြီးမအိပ်နိုင်တော့ပါ ။ မျက်လုံးကြောင်ပြီး ဟိုဟိုဒီဒီလိုက်စဉ်းစား၇င်း ဘေးက အိပ်ပျော်နေတဲ့လူတွေကိုမနာလိုဖြစ်လာတယ် ။ကြည့်စမ်းအိပ်နေလိုက်ကြတာ ။တခူးခူး တခေါခေါနဲ့  ..။ဟိုလှိမ့်ဒီလှိမ်နဲ့ ကြာလာတော့ အိပ်မပျော်ခြင်းက ပိုဆိုးလာပါတော့တယ် ။
ဘေးဘယ်ညာမှာ အိပ်နေတဲ့ ဆွေကြီး ..သက်စု ..နှင်းနှင်း.. အေးမြတ်မွန် ... တို့ ကိုကြည့်ရင်းကျမမနာလိုဖြစ်လာပါတယ် ။ လူဆိုတာအခက်သားလား ။ ကိုယ်အိပ်မပျော်တာနဲ့ ပဲသူများတွေကိုနိုးစေချင်တဲ့စိတ်က ဆိုးပါ့နော်.. ။သူငယ်ချင်းအရင်းချာတွေ ဖြစ်တာလဲပါတာပေါ့ ..။သူငယ်ချင်းဆိုတာ ၇င်းလေ ပိုပြီး ဒဏ်ခံရလေပါပဲ ။ ကိုင်း တွေးနေရင်  ကြာတယ်..။လာလေ့ တစ်ယောက် ..။
"ဆွေကြီး..ဆွေကြီး.. ထပါဦးးးဟ ..."
အိပ်မှူံ့  စုံဝါးနဲ့ ထထိုင်တယ် ။
'ဟေ..ဘာဖြစ်တာလဲ ..ဘာဖြစ်လို့ လဲ ..."
"ဘာမှမဖြစ်ဘူးးး နင့်နံမည်ကမကောင်းဘူးး ပြောင်းလိုက်ဟာ ..
စောင်းကြီးလို့ ပြောင်းလိုက် ... နင့်သူငယ်ချင်း မျိုးကြီးကိုလည်း မြောင်းကြီးလို့ ပြောင်းလိုက်..
ဒါဆိုရင် စောင်းကြီးနဲ့ မြောင်းကြီးဖြစ်သွားပြီ..ဆွေကြီးမျိုးကြီးမဟုတ်တော့ဘူးး 
ကြိုက်တယ်မဟုတ်လားး"
သူကြောင်တောင်တောင်နှင့်ကျန်ခဲ့သည် ။ဟီဟိ ..။လာလေ့နောက်တစ်ယောက်.....။
 ခြေထောက်လေးတက်နင်းပြီး နိုးလိုက်သည် ။ အညောင်းပြေ အညာပြေပေါ့ ..။
"နှင်းနှင်း..ထပါဦးဟ...'"""
အားခနဲအော်ပြီး ငုတ်တုတ်ထထိုင်သည် ။
"ဘာဖြစ်တာလဲ.."
"ဘာမှမဖြစ်ဘူးး မနက်ကျရင် ၀က်သားတုတ်ထိုးစားမလားလို့  မေးမလို့ ..."
(မှတ်ချက် ။   ။ နှင်းနှင်းမှာ ၀က်သားကို မင်းကြီးမင်းလေးထံ လှူထားသောကြောင့် မစားပါ.. ဟီဟိ)
ဟာ..ခနဲအော်ပြီး ပြန်လှဲအိပ်သွားပါသည် ။
နောက်တစ်ယောက်ကတော့ သက်စု ..။
"သူငယ်ချင်း..သူငယ်ချင်း..ထပါဦး ..."
သူ့ ကြတော့ စိတ်ကောက်တတ်သောကြောင့် အသာလေးနိုးရပါသည် ။
"ဟင်.."
အိပ်ချင်မူးတူးနဲ့  ထထိုင်ပါသည် ။
"ရော့..သူငယ်ချင်း ..နင့်နာမည်က သက်စုဆိုတော့ ကြက်ဥသာဆောင်ထားး ယတြာချေတာပေါ့နော့..
ဒါပေမဲ့ အမြင့်မတက်နဲ့  ကြက်ဥက  ကြက်ဥပြုတ်ဆိုတော့ ပြုတ်ကျနေမှာစိုးလို့ .."""
လမ်းမှာအစာပြေစားရန် ပြုတ်ယူလာသောကြက်ဥကို သူ့ လက်ထဲထဲ့ပေးလိုက်သည် ။
သူကြောင်တောင်တောင်နှင့် ကြက်ဥကိုကြည့်ပြီး စဉ်းစားနေပုံရ၏ ။
ဟော..နောက်တစ်ယောက် ...အေးမြတ်..
သူကျတော့ မနိုးခင်ကနိုးနှင့်နေပြီ ။ကျမတို့ အသံတွေကြောင့် ဘာဖြစ်တာလဲဟု ထထိုင်ပြီး စဉ်းစားနေပုံရသည် ။
"""အေးမြတ်ဆိုတော့ ဘေးထွက်နေလိုက်တော့..နင့်ကို မနိုးတော့ဘူးးးနိုးပြီးသားမို့ လို့  ဟီးဟီးး"""
ငုတ်ထုတ်ထထိုင်နေသော လေးယောက်လုံး ကျမကိုဒေါခီးနေကြပြီ ။ထိုနေရာမှအသာလေး
လစ်ထွက်ရန်ကြံတော့..သက်စုက..
"""ဒါကဘယ်လဲ..သူများတွေကို လျှောက်နိုးပြီးတော့ အခုဘယ်ကိုတုန်းးးး"""
""လန်ဒန်မှာမျက်နှာသွားသစ်မလို့ ....ဟီဟိ"""
( အမှန်တော့ လန်ဒန်တွင်မဟုတ်ချေ ။ ဘုန်ကြီးကျောင်းထဲက ရေတုံကင်တွင် ဖြစ်ပါသည် ။)
ကျမစကားအဆုံးတွင် သက်စုက ကျမကို လက်ထဲက ကြက်ဥနှင့် ပစ်ပေါက်လိုက်သည် ။
ကျမ ခုန်ရှောင်လိုက်သောကြောင့် မထိချေ  ။
( အစကတည်းက မထိအောင် ပေါက်သည်ကိုးးး သိတာပေါ့ )
နောက်နေ့ မနက်ကြတော့ သူတို့ အားလုံးကျမကို မခေါ်ချင်ယောင်ဆောင်နေကြပါသည် ။
သို့ ပေမဲ့  ပုဂံဘုရားတွေကြား ရောက်သွားသောအခါ ပုဂံအလှများနှင့်ရောကာ
မခေါ်ခြင်ယောင်ဆောင်နေခြင်းကို မေ့ပျောက်သွားကြပြီး  ပုံမှန်ပြန်ဖြစ်လာပါသည် ။
ချစ်စရာကောင်းသော သူငယ်ချင်းများဖြစ်ပါသည် ။
ညနေ ၄နာရီပုဂံမှ ပြန်ထွက်ပါသည် ။ ပုဂံမြို့ ကြီးမှာ နောက်တွင်ခပ်ရေးရေးမျှ ကျန်ခဲ့လေပြီ ။လွမ်းစရာကောင်းသောပုဂံ ..ချစ်ရာပုဂံသည် အဝေးတွင်ကျန်ခဲ့လေပြီ ။ကျမတို့ အားလုံး တစ်ညနှင့် တစ်ရက်မျှ နေထိုင်တည်းခိုခဲ့ကြသော ပုဂံကို တသက်မျှရင်ထဲတွင်ငြိတွယ်မိကြလေသည် ။ အဝေးက လှမ်းကြည့်လေလေ.. လွမ်းစရာကောင်းသော ပုဂံမြို့  အဖြစ်ရင်ထဲတွင် ထင်ကျန်ခဲ့လေလေပါပဲလေ..။
ချစ်ခင်လေးစားစွာဖြင့်
ယွန်း
17 comments:
ရွှေရတုမှတ်တမ်း said...
စောစောနိုးမှတော့ ဘုရားဆွမ်းတော် ထကပ်ရောပေါ့..
ရွှေစည်းခုံဘုရားကြီးက ဆွမ်းမဦးးဘူးတဲ့...
Anonymous said...
ပုဂံကို အမြဲလွမ်းနေသူပါ။ ဒီပို့စ်လေးဖတ်ရတော့ ပိုတောင် လွမ်းသွားသလိုပဲ။
မိုးယံ said...
တော်တော်ဆိုးတဲ့ ဒေါ်ယွန်း သယ်ရင်းတွေကို ဒွတ်ခ လိုက်ပေးတယ်ပေါ့လေ။
ကောင်းပါတယ်လေ အခုချိန်ကြတော့ လည်း ကြည်နူးစရာ အမှတ်တရလေးတွေ ဖြစ်ကုန်တာပေါ့။
မြတ်မွန် said...
ပုဂံမှာ အလွမ်းတွေ ကျန်ခဲ့တယ်ပေါ့..။
ယွန်း ပိုစ့်လေးဖတ်ပြီး..
အလွမ်းတွေ ပြန်အသက်ဝင်လာတယ်..ယွန်းရေ...။
ချစ်တဲ့
မွန်
Anonymous said...
အာနန္ဒာ ဘုရားပွဲတို့ ရွှေစည်းခုံဘုရားပွဲတို့ဆို အရမ်းပျော်ဖို့ကောင်းတယ်။
ရပ်ထားတဲ့လှည်းတန်းရှည်ကြီးမှာ မိသားစုတွေ ထမင်းအိုး ဟင်းအိုးတွေတည်စားနေတာ ပျော်စရာကြီးဗျာ။
ခွေးတွေက တော့ လှည်းအောက်မှာအိပ်။
အဲဒီရက်တွေမှာ သူတို့အိမ်မပြန်ကြတော့ဘူးတဲ့။
ဖိုးကြယ် said...
အဲ....ယွန်းကလည်း နောက်တတ်တာပဲနော် :)
သူငယ်ချင်းတွေနဲ့ အတူတူသွားခဲ့တာဆိုတော့ ပျော်စရာကြီးပဲ။ ပုဂံရဲ့ အလှအချို့ကို ခံစားသွားတယ် ယွန်းရေ......
ခင်တဲ့(ဖိုးကြယ်)
Anonymous said...
ပုဂံကို တစ်ခါမှ မရောက်ဖူးထားတဲ့သူဆိုတော့ ဒီPost
လေးဖတ်ပြီး တစ်ခါတည်း ရောက်သွားသလိုလေးခံစား
ရတယ် မရေ။ သူငယ်ချင်းတွေနဲ့ နောက်ပြောင်
ပျော်နေတဲ့ အပျော်လေးတွေလဲ ရင်မှာလာပြီးကူးဆက်
လာတော့ ပြုံးမိပြန်တယ်။ ဘာမဆိုင်ညာမဆိုင်
ညီမရဲ့ သူငယ်ချင်းများကို ရောယောင် သတိရမိပြန်
တယ်။ ..:)
ခင်မင်လျှက်....ခင်မာလာအောင်...:)
ကိုဇော် said...
အဲဒီလို သူငယ်ချင်းတွေနဲ့ သွားရတာ တကယ်ကို ပျော်စရာ ကောင်းပါတယ်။ ထာဝရ အမှတ်တရလေးလည်း ဖြစ်တယ်။ ဒါပေမဲ့ အဲဒီလို နောက်တစ်ခါ သွားဖြစ်ဖို့က မလွယ်တော့ဘူး။
ဒါနဲ့... ယွန်းဆိုတော့ ပွန်း တစ်ကောင်ဆောင်ထား ယတြာကျေတာပေါ့။ ( စစ်တုရင်ထဲမှ ပွန်း ဖြစ်ပါတယ် )
မြစ်ကျိုးအင်း said...
မရောက်မဖြစ်သွားဖို့ စိတ်ထဲမှတ်ထားတဲ့ နေရာထဲမှာ ပုဂံ ပါတယ်။ ခုထိ မရောက်ဖူးသေးဘူး။ သူငယ်ချင်းတွေနဲ့ ကျိုက်ထီးရိုးဘုရားပဲ နှစ်တိုင်းသွားဖြစ်လို့ ဒီလိုပဲ အမှတ်တရတွေ ရှိခဲ့ဖူးတယ်။
Anonymous said...
မယွန်းကတော့ မနိုင်ဘူးဗျာ..တော်တော် နောက်တာပဲ..
ချော(အစိမ်းရောင်လွင်ပြင်) said...
ဘယ်တော့မှ မမေ့တဲ့အရပ် ဘယ်အချိန်ဖြစ်ဖြစ် ပြန်သွားချင်တဲ့ အရပ်ဟာ ပုဂံဖြစ်ပါတယ်..
မရောက်တာတောင် အတော်ကြာခဲ့ပြီ။
သွားချင်ပါသေးတယ်
သွားဖို့လဲ အခွင့်အရေးရချင်မိသေးတယ်..
ဆောင်းတွင်းသွားရင်ပိုကောင်းမယ်နော်
နွေဆိုရင်တော့ တအားပူလို့။
~ဏီလင်းညို~ said...
ကိုဏီးလည်း.....ပုဂံကို တစ်ခေါက်မှမရောက်ဖူးသေးဘူးရယ်ဗျာ......။
ပြန်ရင်တော့ သူများဆီကနေ ပိုက်ဆံကို အတိုးနဲ့ ခဏငှားပြီး မရောက်ရောက်အောင်သွားဦးမည်.............း)
(ပိုက်ပိုက် ငှားလိုသူများ ဆက်သွယ်နိုင်ပါကြောင်း............း))
ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို
blackroze said...
ဝါးးးးးးးးးးး
အရင်ကအချိန်လေးတွေအရမ်းပြန်လွမ်းသွားပြီ
အမှတ်တရပုံရိပ်တွေပြန်အသက်ဝင်လာတယ်
ယွန်းရယ်...
အင်ကြင်းသန့် said...
တစ်ခေါက်မှ မရောက်ဖူးသေးဘူးဟာ....
ရောက်အောင်တော့သွားရမယ်။ နင်နဲ့တော့နာမတွားရဲဘူး....ကြောက်ဒယ်.... :D
ညိမ်းနိုင် said...
သယ်ရင်းတွေနဲ့သွားခဲ့တာ သတိရသွားပြီ...။လွမ်းစရာလေး
တွေဗျနော်...။
အုပ်ကြီး said...
တော်တော်ပျော်စရာကောင်းမယ်နော် ..အားကျလိုက်တာဗျာ...
နေ၀သန် said...
ပုဂံကိုတအားချစ်တယ်... အဲဒီကပြန်လာရင် တခုခုကျန်နေသလိုပဲနော်...... စိတ်ထဲမှာ လွမ်းဆွေးဆွေးကြီး...
ခင်မင်တဲ့
နေ၀သန်
About me
Blogger templates