Nov 7, 2010

ခေတ်ပျက်



ဒီနေ့ လည်း
ကိုယ့်ပတ်ဝန်းကျင်က..
အပြုံးတု............
စကားအတု.....

စိတ်ကမပါတဲ့ ဖေါ်ရွှေမှူအတု....
ချစ်ခင်မှူအတု.....နဲ့ 
ဟန်ဆောင်မှူ တွေကြား....
ရှားရှားပါးပါး ရိုးသားမှူတို့ 
ခေါင်းငုံ့ ဝပ်ဆင်းပေးခဲ့ရတယ်......

မနက်ဖြန်နဲ့  နောက်နေ့ တွေမှာလဲ
အတု..အတုတွေနဲ့  သံသရာလည်လို့ 
စစ်မှန်ခြင်း တွေက မြေခ..
အမှန်တရား က အရှူံးပေးရဦးမလား...........

မထူးဆန်းပါဘူးလေ....
ကောင်းကင်တောင် အရောင်ပြောင်း
မိုးတိမ်တွေတောင်
ခဏ ခဏ ပုံသဏ္ဍာန်ကွဲတတ်သေးရင်.....
လူ့ စိတ်ရဲ့  ပြောင်းလဲခြင်းဆိုတာလဲ
ဘယ်သူကများ  အစိုးရနိုင်လို့ လဲ...

ပြောင်းလဲခြင်းဆိုတဲ့
သဘောတရား နက်နက်တွေထဲ
ကိုယ့်ကိုကိုယ် ပြန်ရှာဖွေရင်းး

အတု အတုတွေကြားက
ရှားရှားပါးပါး ရိုးသားမှူလေးတွေ
ကိုယ့် ရင်ထဲမှာ ရှိနေသေးရဲ့ လားလို့ ....
ကိုယ့်ကိုကိုယ်..
( ဇဝေဇ၀ါနဲ့ )
သံသယ ၀င်နေမိတော့တယ် ..။


ချစ်ခင်လေးစားစွာဖြင့်
ယွန်း

15 comments:

ညိမ်းနိုင် said...

ဂျီးဒေါ်...ခေတ်ကပျက်နေတာကြာပေါ့....။

သဒ္ဓါလှိုင်း said...

ထူးခြားတဲ့နေ့လေးမှာ အပြုံးတုတွေနဲ့ အလိမ်အညာဆိုတဲ့
စစ်မှန်သယောင်ပြုလုပ်ထားတဲ့ လောကကြီးထဲမှာ နေကြရအုံးမှာလားနော်..။ သဒ္ဓါလည်း သတိရပါတယ်။

ချစ်တဲ့
သဒ္ဓါ

ချစ်ကြည်အေး said...

ဟုတ်ပါ့ အတုတွေ ထိပ်ရောက်နေတဲ့ ခေတ် ညီမယွန်းရဲ့ ကဗျာလေး ကောင်းတယ်....:)

အင်ကြင်းသန့် said...

အတု အတု အတုတွေချည်းပဲ...း(

ဝက်ဝံလေး said...

အတု
အတု
ယွန်း ကဗျာလေး ခံစားသွားတယ် ဟို မချောမလာခင် ယောက္ခမ ကြီးလို့ ကြိုဦးအောင် ခေါ်သွားအူးမယ် ဟွင့်

ဖိုးကြယ် said...

ဟုတ်တယ် ယွန်းရေ....အတုတွေ များလွန်းတော့ အတုတွေကို အစစ်လို့ထင်တဲ့သူတွေတောင် ထင်ကုန်ကြပေါ့

ခင်တဲ့(ဖိုးကြယ်)

Anonymous said...

မရေ...
လက်ရှိ ကျင်လည်နေရတဲ့ လောက နယ်ပယ်ထဲမှာ
နေ့ စဉ်နဲ့ အမျှ တွေ့ ရ မြင်ရ နေကြရတဲ့အပြင်
တခါတရံ..ကိုယ်သတိမထားလိုက်မိခင်မှာတင်
ကိုယ်ကိုယ်တိုင်လည်း...ရိုးသားခြင်းတွေကို
အပေါင်ခံ မိဘူးးရဲ့။ :(
ဒီ Post လေးဖတ်မိတော့ ကိုယ့်ကိုယ်ကို သတိပေးမိပြန်ပေါ့။ :)..ကောင်းလွန်းတဲ့ အရေးပါ..မ။
...ခင်မင်လေးစားလျှက်...ခင်မာလာအောင်..:)

ကိုဇော် said...

အမှန်တရားက နောက်ကျပြီးမှ လာတတ်တယ်တဲ့။
သြော်... ဘယ်ကိုများ ခရီးလွန်နေသလဲဗျာ။
ဒီမှာ ခေတ်တွေတောင်မှ ပျက်နေပါပြီ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဗျာလေးနဲ့ အခြေအနေနဲ့က ကွက်တိ
ထိမိတယ်...
မြင်သာသွားတယ်
အမှန်တရားက ရှားပါးလွန်းလို့ မမြင်ဖူးတာကြာပြီ။
ကိုယ်တွေဆီမှာတောင် မရှိတော့ဘူးထင်ရဲ့ ယွန်းရေ။

လင်းခေတ်ဒီနို said...

စစ်မှန်ခြင်း တွေက မြေခ..
အမှန်တရား က အရှူံးပေးရဦးမလား...........

သေချာတာပေါ့ လက်ရှိအချိန်ထိတော့ ဖြစ်နေတုန်းပဲ

အင်္ဂါဟူး said...

အတုတွေက ခေတ်ပျက်ထဲမှာ နေရာယူနေတုန်း

အစစ်အမှန် တွေက ရင်ထဲ မှာ ခဏတာ ကိန်းအောင် နေတာပါ

အခွင့်သာရင် ပြေးထွက်ကာ ခုန်ပေါက်ချင်စမ်းပါရဲ့

ကဲလာ.. တိမ်ပေါ်ခုန်တက် ကလိုက်စမ်းပါဟေ့

blackroze said...

ခေတ်ကိုကအတုဖြစ်နေသလားတောင်
မသိတော့ပါဘူးလေ..

မြတ်မွန် said...

ယွန်းရေ..
ကိုယ့်အချစ်ကိုတော့ အတု မထင်ပါနဲ့နော်..
ဟင့်ငိုလိုက်မှာ..:P
အားလုံး အစစ်စစ်ပါပဲ..။

နေသစ် said...

ယာယီရှုံးနိမ့်သွားတဲ့အမှန်တရားဟာ ယုတ်ညံ့တဲ့အောင်မြင်မှုထွက် စွမ်းအားပိုရှိတယ်လို့ ကြားဖူးရဲ့ ယွန်း။

စနိုးငယ် said...

မထူးဆန်းပါဘူးလေ....
ကောင်းကင်တောင် အရောင်ပြောင်း
မိုးတိမ်တွေတောင်
ခဏ ခဏ ပုံသဏ္ဍာန်ကွဲတတ်သေးရင်.....
လူ့ စိတ်ရဲ့  ပြောင်းလဲခြင်းဆိုတာလဲ
ဘယ်သူကများ အစိုးရနိုင်လို့ လဲ...

About me

Blogger templates