Nov 18, 2010

မောင်တို့  ယောက်ျားတွေမယ်...

အကြည်တစ်တစ်ယောက် အိမ်ရှေ့ ကုလားတိုင်ပေါ် ရောက်တတ်ရာရာ တွေးနေရင်းက စိတ်ဝယ်
ချစ်လင်ကိုညိုမောင်ထံသို့ သာ ရောက်နေလေတော့သည် ။ခုတလောကံမကောင်းဟု အကြည်ထင်၏ ။
ကံမကောင်းခြင်းအကြောင်းအရင်းကား ခဏခဏအလိမ် ခံနေရသောကြောင့်ပါပင် ။
သူလိမ်တိုင်းလဲ အကြည်မှာတနည်းမဟုတ်တနည်းဖြင့် ပြန်သိရမြဲ ။
တွေးရင်းမောရင်းက သက်ပြင်းတစ်ချက်ခိုးရှိုက်မိလေတော့သည် ။
 ကိုညိုမောင်တစ်ယောက် လိမ်တာမှ အကြည့်ကို ပတ်ပြီးတော့ လိမ်တော့သည်သာ ။ အကြည်ခဗျာ
အလိမ်ခံမှန်း သိနေပါလျှက်  အမှန်ကို ၀န်မခံပဲ ဘူးခံငြင်းတတ်သော ကိုညိုမောင်ကို စိတ်တိုရုံမှတပါး
ဘာမှမတတ်နိုင်အောင် ရှိနေလေတော့သည်။

မနေ့ ကလဲ ကိုညိုမောင်တစ်ယောက်ဟာ နေလည်ဘက်တွင် ရုံးမှလှမ်းပြီး ဖုံးဆက်လေတော့သည်။
"""""အကြည်ရေ..ကိုယ်ဒီနေ အချိန်ပိုဆင်းရမှာမို့  စောင့်မနေပါနဲ့ တော့ကွယ်..
ညနေစာသာ စားထားလိုက်ပါတော့"""""""
ဟုဆိုတာကြောင့် အကြည်ခမြာ အလုပ်တွေပိုလုပ်နေရသော
ချစ်လင်ကို သနားနေမိသေးသည်။ ညနေမရောက်ခင် နောက်တစ်ကြိမ်ဖုံးဆက်ပြီး

"""ကိုယ့်ကိုစောင့်မနေနဲ့ တော့နော် ... ထမင်းစားထားး တော်ကြာ ..အစာလွန်နေမှဖြင့်... """"

ဟူသောစိုးရိမ်မကင်းလေသံလေး ထပ်ကြားတော့ချစ်လင်၏ ဂရုစိုက်မှူလေးကြောင့် စိတ်ထဲမှာ
ကျေကျေနပ်နပ်ကြီးနှင့် ပျော်နေလေ၏။သူများယောကျားတွေဆို ဒီလိုရှိချင်မှလည်းရှိမည်ဟု
ကြံဖန်တွေးကာ ကျေနပ်နေမိလေတော့သည်။

ထိုညနေတွင်ပင် မိုးက ဆိုင်းမဆင့် ဗုံမဆင့် ရွာသွန်းလာမှူကြောင့် ချစ်လင်ကိုမောင်ညို
မိုးများစိုလေမလားဟု စိုးရိမ်ပူပန်စိတ်လေး ၀င်လာလေတော့သည်။သူခမြာ ထမင်းလဲမစားရသေး
ဗိုက်တော့စာနေလေတော့မည်ဟု စိုးရိမ်လျက် ဒရိုင်ဘာ ကောင်လေးတစ်ယောက်ကို ကားအကြိုလွှတ်လိုက်လေတော့သည်။ တစ်နာရီခန့် ကြာသော် ကောင်လေးပြန်ရောက်လာပြီး
'""အစ်မကြည် .. ရုံးဆင်းတာကြာလှပြီ..ဒီနေ့ ဘယ်ဆိုဒ်မှ အချိန်ပိုမ၇ှိဘူး ..
""ခါတိုင်းအချိန် ရုံးဆင်းကတည်းကပြန်ကုန်ကြတာကြာပြီ..."""ဟု ပြောပြသောအခါ အကြည်မှာ
မျက်ခုံးနှစ်ခု ထိစပ်လုနီးနီး တွန့် ချိုးမှောင်ကုပ်ကာ စဉ်းစားရလေတော့သည် ။

တိုစဉ်တိုက်ဆိုင်လှစွာသော အကြောင်းတစ်ခုကား ကိုညိုမောင်၏ ရုံးမှ လုပ်ဖော်ကိုင်ဘက်
တစ်ဦးမှာ အိမ်သို့ ရောက်လာခြင်း ဖြစ်ပါသည် ။

""အကြည်ရေ.. ကိုညိုမောင်ကို ပေးစရာစာရင်းတွေရှိလို့ လို့ ဝင်လာတာ..""

""ကိုညိုမောင်တော့ခုထိ ပြန်မရောက်သေးဘူးရှင့် ..""

"""သိတယ် ..တူမကြီးရေ..ကိုဘခိုင်တို့ အိမ်မှာ မူးပြီး အိပ်ပျော်နေတာနဲ့  နိုးရမှာ အားနာပြီး
အိမ်ကိုဝင်ပေးတာပါ ဗျာ..."""

""ရှင် ..ကိုဘခိုင်တို့ အိမ်မှာ .."""

"""ဟုတ်ပဗျားးနေ့ လည်ကတည်းက ရုံးမှာမဟုတ်ဘူးဗျ..."""

""စာရင်းတွေပေးဖို့  ကျတော်လိုက်သွားတော့ မူးပြီးအိပ်ပျော်နေပြီ..."""

သူများပြောမှ ပြန်ကြားရတာမို့  အကြည့်ရင်ထဲ ရှက်ခြင်းကြောင့် မျက်နှာလေးပင် နီရဲလာလေတော့သည်။
ကိုယ့်လင်ဘာလုပ်သည်ဆိုတာ ချစ်သောလင်တော်မောင်က ကွယ်ဝှက်ထားပြီး သူစိမ်းတရံ
ပြောသောခါမှ ပြန်သိရလေခြင်းဟု စိတ်တွင်ဝမ်းနည်းနေမိပြီး ပိုဆိုးသည်က
ယုံကြည်မှူကို အလွဲသုံးစားလုပ်ခံရခြင်းအပေါ် အမျက်ထွက်လျှက် ကိုညိုမောင်အပေါ် စိတ်အတိုကြီးတိုနေလေတော့သည်။
ကိုဘခိုင်တို့ အိမ်တွက်ရှိသည်ကို  အကြည်သိသည် ဟူသောသဘောကိုပြရန် တယ်လီဖုန်းကိုကောက်ခါငင်ကာ ကိုဘခိုင်တို့ အိမ်သို့  လှမ်းခေါ်လိုက်မိလေတော့သည်။

""ဟယ်လို ..""

တဘက်မှထူးသံကြားရသောအခါ အတတ်နိုင်ဆုံးလေသံကို ဖျော့ကာ

"""ကိုညိုမောင်နှင့်ပြောချင်လို့ပါရှင်..."""

"""ခင်ဗျာ...""

""ဟုတ်ကဲ့ ..ကျမ အကြည်ပါ..ကိုညိုမောင့်အမျိုးသမီးပါရှင်...""

'''''အော်..အင်း ကိုညိုမောင်က.... ဟိုဟာလေ..အင်းးအဲ..'''

"""အရမ်းမူးပြီး အိပ်ပျော်နေလို့ လားရှင်..ဒါဆိုလဲ အိမ်က ဒရိုင်ဘာလေးကို အခေါ်လွှတ်လိုက်ပါ့မယ်ရှင်..
သူ့ ကိုသာနိုးပေးထားပါနော်.."""

တဖက်က အကြည်သိသွားပြီဟု သဘောပေါက်က မထူးတော့သည့်လေသံနှင့်..

""ဟုတ်ကဲ့ပါခင်ဗျာ..ခုပဲနိုးထားလိုက်ပါ့မယ်......"""

'"""ကျေးဇူးပါရှင်.."""

နောက်တဖန်ပြန်ကာ ဒရိုင်ဘာလေးကို အခေါ်လွှတ်ရပြန်ပါသည်။
ထိုအခါမှကျေးဇူးရှင်က အိပ်ချင်မူးတူးပုံစံ ဖြင့်ပြန်ပါလာသောအခါမှူ  အကြည်မှာ စိတ်တိုတိုနှင့် ပြောစ၇ာ
စကားများလည်ပင်းတွင်ဆို့ ကာ ပါးစပ်ကမူပြောမထွက် ...တကိုယ်တည်းသာ ကြိတ်ကာစိတ်တိုနေရ
ရှာလေတော့သည်။ ကိုညိုမောင်မှာအကြည်ပေါ် ချစ်ခင်အလိုလိုက်မှူနှင့် ကျန်သောနေရာများတွင်
ကောင်းသလောက် ထိုကဲ့သို သောက်တတ်စားတတ် ပြီး အသောက်သမားများစုဝေးမိလျှင်
အိမ်မပြန်ချင်သောကြောင့် မိန်းမကို  လိမ်လည်တတ်သောအကျင့်မှာ ဆိုးလှပေသည်။
မိန်းမမရှူပ် လောင်းကစားမလုပ်ပါပဲ အသောက်အစားမှာ ထူးချွန်ပြောင်မြောက်လွန်းလှပေသည်။

စိတ်ထဲမကျေနပ် ဖြစ်နေသမျှကို ကြိတ်မှိတ်စောင့်ဆိုင်းကာ သူ
ရေမိုးချိုး ပြီး အမူးပြေသောအခါမှ ချော့မော့ကာ မေးရသည်။ဖျောင်းဖျရသည် ။
"""ကိုညိုမောင်ရယ်.. အကြည်ကိုမသနားဘူးလား..အကြည်မှာဖြင့် ကိုညိုမောင်ကိုစိတ်ပူလိုက်ရတာ
အကိုက အကြည့်ကိုလိမ်ရတယ်လို့ .."""

"""တောင်းပန်ပါတယ်အကြည်ရယ်...ကိုယ်နောက်တခါ မလုပ်တော့ပါဘူး.."""

''"""""ဒီလိုပြောလာတာကြာပြီအကို.. အကို့ ကိုယုံမိတာကိုက အကြည့်အမှားပါ..
 အကြည့်ကို စိတ်ဆင်းရဲပြီး သေအောင် သတ်နေတာလားဟင်...""""""""

"""""အဲလိုမပြောပါနဲ့အကြည်ရယ်...ကိုယ်ချစ်တဲ့မိန်းမကို ဘယ်လိုလုပ်စိတ်ဆင်းရဲတာကြည့်ရက်မှာလဲ.."""

""""""ဒါဆိုဘာလို့ လိမ်ရတာလဲလို့ ..ဟင်..ပြောပါဦးကိုညိုမောင်.."""""

ထိုအခါ ကိုညိုမောင်ပြန်ပြောလိုက်သော စကားကြောင့်  အကြည်ခဗျာ ..ကုလားထိုင်ပေါ်
ခြေပစ်လက်ပစ်သာ ထိုင်ချလိုက်လေတော့သည် ။ နောက်ထပ် ဘာစကားမှ ထပ်မထွက်လာတော့..။

"""အကြည်ရယ်..အကြည်က ကိုယ့်မိန်းမ...ကိုယ့်အပေါ်အမြဲသိတတ်တဲ့သူ ..
အကြည့်ကို ကိုယ်လိမ်လဲ အကြည်က ကိုယ့်ကိုချစ်တော့ခွင့်လွှတ်တယ်..
နားလည်ပေးတယ်...အကြည့်ကိုမလိမ်လို့  ဘယ်သူ့ ကိုလိမ်ရမလဲပြော..
သူများကိုသွားလိမ်ရင် သိက္ခာကျမှာပေါ့..
ကိုယ့်ကို အထင်သေးကြမှာပေါ့....ပြောကြမှာပေါ့..အကြည်ရဲ့ .."""

ဟူသတည်းးး။
တိုစကားကို ပြန်တွေးမိသောအခါတိုင်း  အကြည်မှာ မျက်နှာလေးအိုစာလျှက်
စိတ်ဆိုးရခက် ..ငိုရခက် ..ရီရခက်ခက်နှင့် ..။
အတွေးပေါင်းစုံနှင့် ချာလည်လည် နေမိလေတော့သည် ။

(မည်သူ့ ကိုမှ မရည်ရွယ်ပါ ..၀တ္ထုတစ်ပုဒ်အဖြစ် စိတ်ကူးသက်သက်များသာ ဖန်တီးထားခြင်း  ဖြစ်ပါသည် )  :D :D :D
..........................................................................................................
ပြီးပါပြီ

ချစ်ခင်လေးစားစွာဖြင့်
ယွန်း

14 comments:

ZT said...

ယောက်ျားလေးတွေက ရစ်တတ်တဲ့သူနဲ့ တွေ့မှ လိမ်ပြောတတ်လာတာ။ :P မရစ်ရင် အမှန်အတိုင်း ပြောတယ်။

ယွန်း said...

ဟုတ်လားးZTပြောသွားတာကို တွေးပြီးရယ်လိုက်ရတာ ပြောမနေနဲ့ ..ztလဲ ရစ်တတ်တဲ့သူနဲ့ တွေ့ ပြီး ဒီလို လိမ်နေကျပဲလားး ဟားဟားးး:))) (နောက်တာနော်..:))))

Anonymous said...

ငါ ထင်တာတော့ ငါထင်တာပဲ . . . ယွန်းရေ နင်လဲ ငါထင်တာတော့ ငါထင်တာပါပဲး))))))

ဗညားး)))

ရွှေရတုမှတ်တမ်း said...

မှတ်ထား..ငါ့တူမ ယောကှင်္ားဆိုတာ လိမ်တတ်တဲ့အမျိုး..
မိန်းမဆိုတာ ကိုယ့်ကို လိမ်မှန်းသိရဲ့ အလိမ်ခံချင်တဲ့အမျိုး..

အင်ကြင်းသန့် said...

ယွန်းရေ....ငါတော့ နောက်ဆုံးမှာ ကိုညိုမောင်ပြန်ပြောလိုက်တဲ့စကားကို သဘောအကျဆုံးပဲ....
:D :D :D

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ်တွေ့လားဟင်း))
ဒါတွေကြောင့် ကျုပ်တို့ အပျိုကြီးဖြစ်နေတာ
ဒီလိုယောက်ျားတွေနဲ့ တွေ့မှာစိုးလို့ပေါ့
( မရလို့လို့တော့ လူဘယ်သိခံမလဲနော်)
ခပ်တည်တည်နဲ့ လူအထင်ကြီးအောင် ပြောသွားတာပေါ့

ဖိုးကြယ် said...

ဒေါ်ယွန်း... :) သူပြောတာလဲဟုတ်ပေတာပဲ :) ယောင်္ကျာံးလေးများဘက်မှ ရပ်တည်သွားပါ၏ :)

ခင်တဲ့(ဖိုးကြယ်)

Anonymous said...

"""အကြည်ရယ်..အကြည်က ကိုယ့်မိန်းမ...ကိုယ့်အပေါ်အမြဲသိတတ်တဲ့သူ ..
အကြည့်ကို ကိုယ်ကိုယ်လိမ်လဲ အကြည်က ကိုယ့်ကိုချစ်တော့ခွင့်လွှတ်တယ်..
နားလည်ပေးတယ်...အကြည့်ကိုမလိမ်လို့  ဘယ်သူ့ ကိုလိမ်ရမလဲပြော..
သူများကိုသွားလိမ်ရင် သိက္ခာကျမှာပေါ့..
ကိုယ့်ကို အထင်သေးကြမှာပေါ့....ပြောကြမှာပေါ့..အကြည်ရဲ့ .."""

အမရေ....အကြည် မပြောနဲ့ ခင်မာလာအောင်
ကတော့ အဲဒီအပိုဒ်လေးသဘောတွေကျလို့ ..
တဟားဟားနဲ့ ကို အော်ရယ်နေတယ်ဗျို့ ။ :)

ညိမ်းနိုင် said...

ကိုညိုမောင် ပြန်ပြောလိုက်တဲ့စကားလေးက ရီလိုက်ရတာ
ဗျာ..။ဟီး...ကျွန်တော်လည်း မှတ်ထားလိုက်ပြီ..။မတော်
တဆ မိန်းမများရခဲ့ရင် အဲ့လိုပြောရအောင်...:)။
(ကိုZT ပြောတာလည်း အမှန်ပဲဗျ...)

ဝက်ဝံလေး said...

အဘောက်ကျ ပြောတာ ရယ်ရသလို ရွှေချောကလဲ ရှက်ပြောလေး ပြောသွားသလားလို့ ဟားဟားးးးးးးးးး

ကဲ အကောင်းဘက်ကနေ ကြည့်ပေးလိုက်ပါ အကြည်ရယ် သူက မိန်းမ မှ မရှုပ်ပဲ ဒါလေးတော့ ခွင့်လွှတ်ပေးလိုက်ပေါ့ ဟားဟားးးးးးးးးးးးးး

ရွှေယွန်း ကိုယ်တွေ့တော့ မဟုတ်တန်ကောင်းပါဘူးနော် ဟဲဟဲ

မိုးခါး said...

ဟားဟား ...
ပို့စ်လည်းသဘောကျ ကော်မန့်တွေလည်း သဘောကျ ..
း)

ယွန်း said...

ချော@>>>>> မချောရေ ဘာမှမပူပါနဲ့ ..
ကိုယ့်သားတစ်ယောက်လုံး ရှိပါတယ် ..
ဒါပေမဲ့ စောင့်တော့ စောင့်ရမယ်နော် ..
တန်းစီထားတာ တွေများနေလို့  ..ဟာဟ

ချစ်တဲ့
ယွန်း

မြစ်ကျိုးအင်း said...

ကိုယ်တွေ့များလား အကြည် အဲ တူမကြီးရေ။
စတာနော်။

အတည်ပြောရရင် ကိုယ်ဘာပြောပြော ယုံပေးတဲ့သူကို ကျနော်တော့ မလိမ်ပြောဘူး။
သနားလို့။ သူက ယုံပေးလေ ကိုယ်က ပိုပြီး မှန်အောင်နေချင်လေပဲ။ ကျွန်တော့် တစ်ယောက်ထဲ ခံစားချက်ပါ။

Unknown said...

ဟုတ်ပါတယ် အချို့သော ယောက်ကျားလေးတွေက ချစ်တဲ့သူကိုမှ လိမ်တတ်တာ ဘာလို့လဲဆိုတော့ ကိုယ့်ချစ်တဲ့သူဆီက အချစ်တွေ လျော့သွားမှာ စိုးလို့လေ ......

About me

Blogger templates