Dec 17, 2010

စုံစီနဖာ ဘလော့ဂါ

ဒီတပတ်မှာ မဟုတ်တရုတ်ဂျာနယ်က သတင်းထောက် မောင်မောင်ဗျူးတစ်ယောက်
အမောတကောနဲ့  ကျမအိမ်ကို ပေါက်ချလာတယ် ။

ဟယ် မောင်မောင်ဗျူးပါလား ..လာ..ထိုင်ပါဦး ..
ဒီလိုနဲ့  ခရီးဦးကြိုပြုလို့  အိမ်ရှေ့ ခန်းမှာနေရာပေး ကြိုဆိုလိုက်ရတယ် ။
မောလို့ ..ရေတစ်ခွက်လောက် လုပ်ပါဦး.. ဆိုတာနဲ့ 
ရေတစ်ခွက်တိုက်ပြီးသကာလ....

အယ်ဒီတာက ဂျာနယ် အေ၇ာင်းပါးလို့ တဲ့ဗျာ.. ဘလော့ဂါတို့ ရဲ့ သတင်းလေးတွေ လုပ်ပါဦး..
ဒီတပတ်စောင်ရေတက်သွားအောင်...
စိတ်တိုတတ်တဲ့ ဘလော့ဂါနဲ့ တွေ၇င် ပြေးပေါက်မှားနေမှာစိုးတာနဲ့ မယွန်းဆီပဲလာခဲ့တာပါဗျာ..

ဒီလိုမြောက်ပင့်ပြောဆိုပြီး သကာလ ..ယွန်းမှာလဲ တတ်သည့်ပညာ မနေသာဆိုသလို
ဘလော့ဂါတို့ အတွင်းရေးများကို သိသမျှ ဖောက်သည်ချရလေတော့မည် ...
သို့ သော် တိတ်တိတ်နေထောင်တန်သည့်တကား ..မူဦးမှတော်ကာကျမည်ဟု တွေးမိပြီးသကာလ..

မယွန်းက သိပ်လည်းမသိပါဘူးကွယ် .. ဟု မသိဟန်လေးတော့ဆောင်လိုက်သည့်
အခါတွင် မောင်မင်းကြီးသား မျက်နှာကား လာရကျိုးမနပ်သောကြောင့် ဇီးစေ့မျှသေးငယ်သွားလေတော့သည် ။ သို့ ရာတွင်မှူ ..
သိပ်မသိပေမဲ့လည်း သိသလောက်တော့ပြောပြနိုင်ကောင်းပါရဲ့  မောင်မောင်ဗျူးရယ် ..ဟုဆိုသောအခါ
မောင်မင်းကြီးသား မျက်နှာမှာ  ပျား သကာကဲ့ကို ချိုမြကာ သတင်းတော့ရချည်သေးရဲ့ ဟု
ဗေဒင်ဆရာများကဲ့သို့  မိန့် မိန့် ကြီးပြုံးနေလေတော့သည် ။

ကဲ စလိုက်ကြရအောင်မယွန်းရေ..ဟုဆိုကာ အိတ်ထဲမှ အိတ်ဆောင် အသံဖမ်းစက်ကလေးအား
ထုတ်လိုက်လေသည် ။
ဗျူး  >>>>> ကဲ  ...မယွန်းရေ..  ဒီတစ်ပတ် ဘလော့ဂါတွေရဲ့  ထူးထူးခြားခြားသတင်းလေး ပြောပါဦး..

ယွန်း  >>>>> သိပ်တော့ထူးထူးခြားခြားမရှိလှပါဘူး ...အားလုံးဒီလိုပဲ ပုံမှန်လည်ပတ်နေတာပါပဲ..
အဲထူးခြားတာတစ်ခုက ခုတလော ဘလော့ဂါတွေ စုပေါင်း လှူဒါန်းတဲ့သတင်းတွေပါပဲ...
မြင်ရကြား၇တာ သိပ်ပြီး ပီတိဖြစ်စေတဲ့ အလှူသတင်းတွေပါပဲ ..

ဗျူး  >>>>> ဟုတ်ပါရဲ့ ဗျနော်..ဒီသတင်းတွေကတော့ ဒီတပတ်ရဲ့  ထူးခြားတဲ့ သတင်း..ပီတိဖြစ်စေတဲ့ ကုသိုလ် အလှူတွေပါပဲဗျာ.. အဲ..ဒါနဲ့  နောက်ထပ်ဘာများ သတင်းတွေထူးသေးလဲဗျ...

ယွန်း  >>>>> နောက်ထူးတာတစ်ခုကတော့  ယွန်းတို့ သူငယ်ချင်းကြီး ဘလော့ဂါ ဗညား  ပေါ့နော်..

ဗျူး  >>>>> သူဘာဖြစ်လို့ လဲဆိုတာ ပြောပါဦးဗျာ

ယွန်း  >>>>> သူလား အလွမ်းကဗျာတွေရေ.းရင်း.ဆွေး ရင်းနဲ့က သူကိုယ်တိုင်းဆွေးပြီး  ကျိုးကျသွားလို့ 
အခုချိုင်းထောက်တစ်ဖက်နဲ့  ဆူရှီးလိပ်နေရတယ် လို့ ကြားပါတယ် ။

( ဗညား:>>>> အမဌီ တနားကြပါခင်ညား ချိုင်းဒေါက်လေးနဲ့ ဆူချီ လိပ်ချားနေရတဲ့ ဘ၀ပါ ခင်ညား အဟင့် ဆီဒိုးနားဟော်တယ် မတက်စားနိင်လို့ ၁၀ ဒေါ်လာ ၁၅ ဒေါ်လာလောက် တနားတွားကြပါ ခင်ညားးး
း)))))))))  ( from gtalk )

ဗျူး  >>>>> ဒီသတင်းလေး ကျတော်တို့ ဂျာနယ်မှာ ထည့်လို့ ရမလားဗျာ ..သတင်းထူးလေးမို့ ပါ..

ယွန်း  >>>>> ထည့်တာတော့ထည့်ပေါ့နော်.. ဒါပေမဲ့  အရမ်းကြီးတော့ ချဲ့ ပြီးမထည့်နဲ့ ပေါ့နော်..

ဗျူး  >>>>> ဟုတ်ပါပြီမယွန်း ..ပြောပါဦးနောက်ထပ် ထူးခြားတာလေးများ...

ယွန်း  >>>>> မယွန်းလဲသိပ်မသိဘူးနော်.. သိတာလေးတွေပြန်မျှဝေရတာ..

ဗျူး  >>>>> ဒါနဲ့  ဘလော့ဂါ အင်ကြင်းသန့်  ဘလော့လောကမှ ပျောက်ဆုံးနေတယ်လို့ ကြားပါတယ် ..
အဲဒိသတင်းကို အထည်ပြုပေးလို့ ရမလားခင်ဗျာ..

ယွန်း  >>>>>  ဟုတ်ကဲ့ အဲဒိသတင်းမှန်ပါတယ်.. ဒါပေမဲ့ သူပျောက်ဆုံးတာ ရိုးရိုးပျောက်ဆုံးတာမဟုတ်ပါဘူး
မောင်မောင်ဗျူး မှာ သိချင်ရဲ့ လက်တို့ ဖြစ်သွားသည် ။
ဗျူး  >>>>> ဟာ.. ဒါဆို ပြောပါဦးခင်ဗျာ..စိတ်ဝင်စားစရာပဲ ..

ယွန်း  >>>>>  သူပျောက်ဆုံးသွားတာဟာ .. ရိုးရိုးပျောက်ဆုံးတာမဟုတ်ပါဘူး ..ဘ၀ပြောင်းသွားတာ ..

မောင်မောင်ဗျူး မှာပိုပြီးလှူပ်လှူပ်ရွရွဖြစ်သွားပြီးနောက်....

ဗျူး  >>>>> ဟာ ဒါသတင်းထူးပဲ ..လုပ်ပါဦး ..

ယွန်း  >>>>> ဘ၀ပြောင်းသွားတယ်ဆိုတာ . အရင်တုန်းကတော့ ဘလော့တွေရေးတာပေါ့နော် ..
ဒါပေမဲ့ခုကျတော့ ဘလော့မရေးတော့ဘူး  .. ဖေ့စ်ဘုတ်ကိုရောက်သွားပြီး ဘလော့ကိုတစ်ခါတလေမှ ပေါ်ပေါ်လာတယ် ..အဲဒါကြောင့် ဘလော့ဂါမမကနေ ..ဖေ့စ်ဘုတ်မမ အဖြစ် ဘ၀ပြောင်းသွားတာကို ဆိုလိုတာပါ ။

ဗျူး  >>>>> နောက်ထပ်သတင်းထူးတာလေးများ ရှိသေးလားခင်ဗျာ..

ယွန်း  >>>>>  ရှိပါတယ် ..သူကတော့ ဘလော့ဂါတွေ ချစ်ခင်လေးစားခြင်းခံရတဲ့ ဘကျောက် ပါ..
အခု ဘလော့ဂါဝီကလိပို့ စ်ကိုရေးပြီးတဲ့နောက် ..စတေးရှောင်တဲ့အနေနဲ့  နှစ်ကုန်တဲ့အထိနားမယ်လို့
သိရပါတယ်.. ပြီးတော့ ဘလော့ဂါတွေကို အခုနှစ်ကုန်တဲ့အထိ သတိလေးနဲ့ နေဖို့  ပြောချင်ပါတယ်
ဘာလို့ လဲဆိုတော့ ကျောက်ဝီိကလိ က အရှိန်ဟုန်ကြီးထွားလာတာကြောင့် မိမိတို့ ရဲ့ အတွင်းရေး ကို အတတ်နိုင်ဆုံး သိုဝှက်ထားကြပါလို့ ...

ဗျူး  >>>>> နောက်ထပ် ဘလော့ဂါမြတ်မွန်အကြောင်းေ၇ာ ..ထူးခြားတာလေး ရှိလားမသိဘူး ..

ယွန်း  >>>>> ဟုတ်ကဲ့..မြတ်မွန် အကြာင်းကတော့ သိပ်ထူးထူးခြားခြားမရှိသေးပါဘူးး
ထူးခြားတာတစ်ခုက  သူမဟာ အလွန်သေးနေတာကိုတွေ့ ရပါတယ် ။

ဗျူး  >>>>> ခင်ဗျာ...

ယွန်း  >>>>> သြော်..ဒီလိုပါ .. ဂျီတော့ဆိုင်ရာ သတင်းများအရ ..ဘလော့ဂါမြတ်မွန်ဟာ ..
အရပ်ပုပြီး ..လူကောင်သေးသေးလေးဖြစ်ကြောင်း ..ဒါပေမဲ့  တရုတ်မင်းသမီးလိုလို
ကိုရီးယားမင်းသမီးလိုလို ရုပ်ရည် အင်မတန် ချောကြောင်း ..
အထူးလျှို့ ဝှက် သတင်းများအရ..သိရပါတယ်။

ဗျူး  >>>>> မယွန်းတို့ က သတင်းစုံပါဗျာ ဒါလဲသိတာပဲနော်..

ယွန်း  >>>>> အို ..သိပ်မသိပါဘူး ...ကိုယ်သိတာလေးပြန်မျှဝေတာပါနော် .

ဗျူး  >>>>>  ဒါနဲ့  ဘလော့လောကက သူကြီးကိုကိုမောင်အကြောင်းရော ဘာများကြားသေးလဲခင်ဗျာ..

ယွန်း  >>>>> သူကြီးလားး သူကြီးကတော့  မစွံ တဲ့အဆုံး စိတ်နာနာနဲ့  ညစ်တွန်းတွန်းပြီး  မမမ ပို့ စ်တွေပဲ ဖိရေးနေကြောင်းပါ ....

ဗျူး  >>>>> ဒါလဲသတင်းထူးပဲဗျ...  အဲ..ဒါနဲ့ ဘလော့ဂါ ချစ်ကြည်အေးအကြောင်းလေးနဲနဲ သိရမလား ခင်ဗျာ..

ယွန်း  >>>>> အစ်မချစ်လားး ..အစ်မချစ်ကတော့  အခု အလုပ်မှာ နေရာကောင်းရထားတဲ့အတွက် အထက်လူကြီးမသိအောင် ဘလော့ပို့ စ်တွေကိုပဲ ဖိပြီးရေးနေတယ်လို့ သိရပါတယ် ...
အခုဖိပြီးရေးနေရင်းက ခဲတံကျိုးသွားတဲ့အတွက် ဘောဘ်ပင်နဲ့ ပြောင်းရေးနေတယ် လို့ သိရပါတယ်ရှင် ။

ဗျူး  >>>>> တော်တော်ကို သတင်းတွေ စုံနေပါပြီခင်ဗျာ .. ကျေးဇူးပါပဲ ..ကျတော်တို့  မဟုတ်တရုတ်ဂျာနယ်
က ဒီတပတ်စောင်ရေတက်ရင် မယွန်းကျေးဇူးကို မမေ့ပါဘူးဗျာ...

ယွန်း  >>>>> ကောင်းပါပြီကွယ် ..

မောင်မောင်ဗျူးမှာ စာမူတထပ်ကိုပွေ့ ကာ ၀မ်းသာအားရပြန်သွားလေတော့သည် ။
ယွန်းမှာလည်း  ဘလော့ဂါတို့ ထံမှ တန်ပြန်လာမည့် အသံများကို
ဆိုင်ကယ်ဦးထုပ်ဆောင်းကာ စောင့်ရမည်လော.. သို့ မဟုတ် သံချပ်ကာဝတ်စုံဝတ်ကာ
စောင့်ရမည်လောဟုစဉ်းစားနေမိလေတော့သည် ။



(ချစ်သော ဘလော့ဂါမောင်နှမများ၏ အမည်များကို ပျော်စေလိုသောသဘောနှင့်
 ခွင့်မတောင်းပဲ ထည့်ရေးမိတဲ့အတွက် တောင်းပန်ပါသည် ။ )

ချစ်ခင်လေးစားစွာဖြင့်
ယွန်း

22 comments:

ကိုဇော် said...

အင်း...
သူက ကိုကြီးကျောက် ရဲ့ ကျောက်ကလိ အဖွဲ့ဝင်ပဲ ဖြစ်ရမယ်။ သူ့ကို သတိထားပြီး ဆက်ဆံမှ... မဟုတ်ရင် အကုန်ဖော်မဲ့ ပုံမှာ ရှိဒယ်။

ှဖလပ် ...ဖလပ်...ဖလပ်...
( ခြေဖျားထောက်၍ ပြန်သွားခြင်း )

ချစ်ကြည်အေး said...

ကြည့်စမ်း ယွန်းလေး...အမချစ်က ခဲတံတွေ ဘော်လ်ပင်တွေနဲ့ ပိုစ့် မရေးဘူး၊ ကြွက်နဲ့ ကီးဘုတ်နဲ့ ရေးတယ်....ဟဟဟ၊ သတိတရ ထည့်ရေးတာ ကျေးဇူးပါ ညီမငယ်။ ဟို ဖေ့စ်ဘုတ်ဘလော့ဂ်ဂါ ဘဝကို ပြောင်းသွားတဲ့ မိတ်သလင်ကလေးကတော့ တမြို့ထဲနေတာတောင် ဖမ်းမမိပါဘူးကွယ် ပြေးနေတာ အဲသလို....:)

လင်းခေတ်ဒီနို said...

ယွန်းစုတ်းးးးး))))))

ဝိကလိခ် တင်မဟုတ်ဘူး အခု ယွန်းကလိခ်ကိုပါ ကြောက်ရမယ့် အနေအထားမှာရှိတယ်

ရှောင်ရန် ဆောင်ရန် ဘလော့လောကမှာ
ယွန်းကို ထည့်ထားရတော့မယ်နဲ့ တူတယ် အရပ်ကတို့ရေးးးးးးး

ဟားဟားဟား

ခင်တဲ့
ဗညား

khin oo may said...

:D

~ဏီလင်းညို~ said...

ဟိဟိ......
ဗညားလေးခမြာ....သနားဇရာပါလားကွယ်တို့.....:P

ဟုတ်ပ..ကိုဏီးတို့ ညီမလေး..ဒေါ်အင်ဂျင်းခမြာလည်း.....မတွေ့တာအတော်ကြာ.....
လတ်စသတ်တော့.ဒင်းက......ဖေ့ဘွမမဖြစ်နေရှာသကိုးးးး

ခင်မင်ခြင်းအားဖြင့်....
ဏီလင်းညို

မိုးယံ said...

ယွန်းကလိခ်....ယွန်းကလိခ် .. သိပ်တော့ အများကြီး မသိပါဘူး.. သိသလောက်လေးသာပြောတာ..

တော်သေးတာပေါ့ဒေါ်ယွန်းရယ်...ဟာဟ


ငြိမ်းချမ်းပါစေ
မိုးယ့

ရွှေရတုမှတ်တမ်း said...

ထိုင်ရာမထ သတင်းစုံရနေတာတော့...အံ့ဖွယ်သုတပဲ..
ဧကန်တ သံရုံးသတင်းတွေ ရတာပဲဖြစ်မယ်...

ညိမ်းနိုင် said...

ညွှတ်ချွာဖြား....သတင်းပေါက်ကြားမှုတွေက ခုတလော
ကြောက်ခမန်းလိလိပါတကား....:)။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘလော့လောကမှ သတင်ပေါက်ကြားမှုတွေ အတော်ဖြစ်နေတယ်နော်..
အင်ဂျင်းမကတော့ ဘလော့ပေါ်ကနေတင် မက ဂျီတော့ပေါ်ကနေပါ ပျောက်ပြီး လယ်ထဲမှာ ကောက်စိုက်နေပါကြောင်း
ရှေ့လျောက် ပိုဆိုးဖို့သာမြင်ပြီး လယ်ကွက်ထဲ အိမ်ထောင်ကျနိုင်ကိန်းပါရှိကြောင်းး)

ဝက်ဝံလေး said...

ယောက်ခမကြီးက ရွှေချောကိုချွေးမ တော်ထားတယ်ပေါ့လေ ကိုယ့် ဆီတောင် မလာဘူး ခုမှတော့ မလာနဲ့တော့ များ ခရီးသွားတော့မှာ
ပို့လေးကို ရယ် ပြီးဖတ်သွားတယ် တာ့တာ

သားသားလေးရော နေကောင်းတယ်မလား ရွှေယွန်း

ဘိုင် ....

ဖိုးကြယ် said...

ဒေါ်ယွန်း..... သတင်းတွေဖတ်သွားပါတယ်....ဟုတ်မှာ အင်ကြင်းတစ်ယောက် ပျောက်တာကတော့ အတော်ကလေးကို ပျောက်နေတော့တာ...:) ဘယ်တွင်းထဲ ဝင်ပုံးနေလဲကိုမသိတာ :)

ခင်တဲ့(ဖိုးကြယ်)

မြတ်မွန် said...

ဟားဟား..
ဖော်ကောင် မမယွန်းလဲ လှကြောင်းပါ။
ဆံပင်ပုံလေးက မွန်နဲ့ တူနေကြောင်းပါ။
သိတာလေး ထပ်ဖွလိုက်တယ်။

ဒေါ်ဂျင်းရေ..အားလုံးကတော့ မျှော်နေကြပြီ အော်နေကြပြီ
ရောက်ရာအရပ်က အမြန်လာပါ။

တွေ့ရှိသူအား ဆုချမည်။

ပုံ ဒေါ်ယွန်း

အင်ကြင်းသန့် said...

ယွန်းရေ....အခုလိုဂျင်းကိုသတိတရနဲ့ထည့်ရေးပေးထားတာကို မမျှော်လင့်ဘဲ ရုတ်တရက်တွေ့လိုက်ရတာကိုရော ဂျင်းချစ်ခင်တဲ့ဘလော့ဂါမောင်နှမတွေကပါ ဂျင်းကိုမမေ့ကြဘဲ သတိတရရှိနေကြတဲ့အတွက်ရော ဂျင်းအရမ်းကိုဝမ်းသာမိတယ်။ ပိုစ့်လေးကိုရေးပေးတဲ့ယွန်းကိုလည်းအရမ်းကျေးဇူးတင်သလို သတိတရရှိနေပေးတဲ့မောင်နှမတွေကိုလည်းအရမ်းကျေးဇူးတင်ပါတယ်။ အခြေအနေအရပ်ရပ်တွေကြောင့်ဘလော့ဘက်ကိုမလှည့်နိုင်တာပါ။ တတ်နိုင်သမျှတော့ပြန်လာဖို့ကြိုးစားနေကြောင်းပါ....
ဟုတ်ပ ဟုတ်ပ ဂျင်းရဲ့သူငယ်ချင်းနှစ်ကောင်ဖြစ်တဲ့ယွန်းနဲ့မွန်က ချောချောလှလှလေးတွေဖြစ်ကြောင်းထပ်မံအတည်ပြုသွားပါတယ်။ (နောက်တစ်ခါအင်တာဗျူးသမားကိုဖြေလို့ရအောင်သတင်းတွေပေးသွားတယ်နော်)း))))

သုခုမလေဒီ said...

သိသလောက်လေးထဲမှာ မသိတာတွေရှိသေးလို့ တော်ပါသေးရဲ့ ယွန်းယွန်းရယ်...း))
ဖတ်လို့ကောင်းပါတယ် ယွန်း.. ပျော်စရာလေးပေါ့....

သော်ဇင်စိုး said...

အမ ယွန်း facebook ma ma လို့ ပြောလိုက်လို့ facebook မှာတောင် ပေါ်မလာတော့ဘူး.. ဟီးဟီး..

သူကြီးမင်း (တုံးဖလား) said...

ငါ့ညီမကတော့ လုပ်ပြီ။ ဟိုလူကြောက်ရ ဒီလူကြောက်ရ ဖြစ်နေရတဲ့အထဲ ငါ့ညီမကပါ ဖော်ကောင်လုပ်ပြန်ပြီ။ ကြောက်ပါတယ်ဆိုနေမှ ဖြဲခြောက်တယ်။ မခေါ်တော့ဘူးးးးးး။းဝ))

သူကြီးမင်းက မစွံလို့ မမမတွေ အကြောင်း ဖိရေးနေရတာ မဟုတ်ပါဘူး ငါ့ညီမရယ်. စွံလွန်းလို့ ရွေးရခက်နေတာပါ။ ဟာ ဟ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

blackroze said...

မယွန်းရေ...
လာဖတ်ပြီးရီသွားပါတယ်..
ရေးလဲရေးတတ်ပါပေတယ်..

မိုးယံ said...

ဒေါ်ယွန်းရေ... မေးလ် မတွေ့ပါခင်ညာ

kyawlaymoe@gmial.com သည် မောင်မိုးပျံ ၏ မေးလ် ဖြစ်ပါဂျောင်း

Anonymous said...

မရေ.........POST လေးဖတ်ပြီး
တယောက်တည်း တသောသောလေးရယ်သွားတယ်။
" HAPPY MERRY CHRISTMAS " ပါ။
အေးချမ်းပျော်ရွှင်ပါစေရှင်။ :)
..ခင်မင်လျှက်...ခင်မာလာအောင် .:)

မြစ်ကျိုးအင်း said...

ဒုတိယပိုင်းလေး ဆက်ရေးအုံး တူမကြီးရေ။
ဦးမြစ်အကြောင်းတော့ မပါကြေး
း))

ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ

အဖြူရောင်နတ်သမီး said...

ဖတ်ပြီး ရီသွားတယ် ယွန်းရေ...
HAPPY NEW YEAR...ပါနော်

SHWE ZIN U said...

ညီမ ယွန်းရေ

ဖတ်သွားတယ်နော် တော်သေးတာပေါ့ အမ ရဲ့ လှို့ဝှက် သတင်းလေး မပေါက်ကြားလို့

ခင်တဲ့
ရွှေစင်ဦး

About me

Blogger templates