Jan 6, 2011

ကရင်နှစ်သစ်ကူး 2011

နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကို ဇန်န၀ါရီလ ၁ရက်နေ့ က
နယူးယောက်ပြည်နယ် Buffalo မြို့ တွင်ကျင်းပခဲ့ပါတယ် ။
ရာသီဥတုက  အေးခဲနေတဲ့ကြားက တွေ့ သမျှ အမျိုးသားအမျိုးသမီးတို့ ဟာ
ကရင်တိုင်းရင်းသားဝတ်စုံနဲ့  ကိုယ်စီလှပနေကြတာကိုတွေ့ ခဲ့ရပါတယ် ။

ချစ်စရာကောင်းတဲ့ ကရင်ဒုံးယိမ်းအကနဲ့  ဖျော်ဖြေတဲ့ အခါ နိုင်ငံခြားသားများ
အလွန်စိတ်ဝင်စားကြသလို မြန်မာပြည်သားများလည်း မျက်နှာပေါ်တွင် ပီတိအပြုံးများနှင့် ပျော်ရွှင်နေကြလေသည် ။အမေရိကန်လူမျိုးများပင်လျှင် ကရင်ရိုးရာဝတ်စုံများနှင့်
ကြည့်ရမြင်ရတာ မျက်စိထဲတစ်မျိုးဆန်းပြားလို့ နေလေတော့သည်။
ဒါကတော့ ယွန်းတို့ မြို့ က က၇င်ဒုံးအဖွဲ့နှင့်  အခြားမြို့ မှလာ က သော
က၇င်ဒုံးအဖွဲ့တို့ တွဲလျှက်အမှတ်တရ ဓာတ်ပုံရိုက်ကြတာပါ။
ယွန်းတို့ မြို့ က အကအဖွဲ့ က အစိမ်းလေးတွေနဲ့ ပါ ။ ဒုံးကထားတဲ့ ဗီဒီယိုဖိုင်ကတော့ Edit  ပြန်မလုပ်ရ
သေးတဲ့အတွက် မတင်ပေးသေးဘူးနော် ။ အကြွေးမှတ်ထားလိုက်ကြပါ :)))))


 ကင်မရာမပါသွားပဲ ဗီဒီယို ကင်မရာနဲ့  ရိုက်လာတာကြောင့် ဓာတ်ပုံများမှူန်ဝါးကုန်တာ
သည်းခံကြပါနော် ။





ဒါကတော့ မနှစ်က ရိုက်ထားတဲ့ ကရင်ဒုံးယိမ်းအကပါ ။ မကြည့်ဖူးသူများအတွက် ရည်ရွယ်ပြီးတင်ပေးလိုက်ပါတယ် ။






ချစ်ခင်လေးစားစွာဖြင့်
ယွန်း

4 comments:

မိုးယံ said...

အဟောင်း ဘီဒို ကြည့်သွားတယ်.. အသစ်ဘီဒို အကြွေးမှတ်သွားတယ်.. အက်ဒစ် လုပ်ပြီး တင်ပေးပေါ့ နော့..

ကိုဇော် said...

ဟေး . . ထီးပေါင် ဖိနပ်ပေါင် မလားဟေ့ ဆိုတာ ဒီလို ကတာကိုး။

မြစ်ကျိုးအင်း said...

ကျနော်တို့ အမေဘက်က ကရင်စပ်တော့ ဒီလိုနှစ်ကူးချိန်ဆိုရင် အဖွားနေတဲ့ရွာဘက်မှာ တအားပျော်ဖို့ကောင်းတာ။ ပျော်ပွဲရွှင်ပွဲတွေ အစုံအလင်နဲ့ အမှတ်ရစရာပါပဲ။

သူကြီးမင်း (တုံးဖလား) said...

နိုင်ငံရပ်ခြားမှာ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုလေးတွေ ရှိနေတာကို ဂုဏ်ယူလို့ မဆုံးပါဘူး။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

About me

Blogger templates