ကြားကြားခြင်း ကျမကိုယ့်ကိုယ်ကိုယ် မယုံနိုင်လို့  သူအတည်ပေါက်နဲ့ နောက်နေလားလို့ တောင် ထင်မိပါသေးတယ် ။ နောက်မှ ဘလော့တွေကိုလိုက် ဖတ်ကြည့်တဲ့အခါမှ ဘကျောက်ရဲ့ သတင်းက
အမှန်ပဲဆိုတာ သိလိုက်ရတယ် ။ ကျမတော်တော် စိတ်မကောင်း ဖြစ်သွားမိတယ် ။
အစကဘကျောက်အခြေအနေ တိုးတက်လာလို့  ကျန်းမာစွာနဲ့ ပဲလို့  ထင်ထားမိတာ ။
အခုလို ရုတ်တရက် ဒီလိုသတင်းကြားသိလိုက်ရတော့ ဘာပြောရမှန်းမသိအောင်ကို ဖြစ်ရပါတယ်။
စိတ်ထဲ မယုံနိုင်လောက်အောင်ပဲ ...နှမြောတသစွာ စိတ်မကောင်းခြင်း ၀မ်းနည်းခြင်းတို့ ဖြစ်ရပါသည် ။
ဘကျောက်ရေ...
ဘကျောက် ကောင်းရာ သုဂတိလားပါစေ ....
ဘကျောက်လို စိတ်ရင်းကောင်းတဲ့ သူတစ်ယောက်ဟာ ကောင်းရာဘုံဘ၀မှာ
အေးချမ်းနေလိမ့်မယ်လို့  ယုံကြည်ပါတယ် ..
ယွန်း
7 comments:
ထပ်တူပါပဲ မယွန်းရယ်.... ပထမ တော့ ဖုန်းဝင်လာတော့ ဟုတ်ရဲ့လားပြောမိသေးတယ်. ...နောက်တော့ ယတြာ ခြေတာဖြစ်မှာပေါ့လို့။ ပြောမိသေးတယ်... ဒါပေသိ ညကျတော့ အွန်လိုင်းလဲရောက်ရော... မယုံချင်ပေမယ့် ယုံလိုက်ရတာပဲ အစ်မရယ်...
ဘလော့ဂ်မောင်နှမတွေ အားလုံး ထပ်တူ ၀မ်းနည်းကြရပါတယ်..
ဘကျောက်တစ်ယောက် ကောင်းရာ သုဂတိ စုတိပါစေဗျာ။
ဘကျောက် ကောင်းရာသုဂတိလားပါစေရှင်...
ကိုကြီးကျောက် ကောင်းရာမွန်ရာ ဘုံဘဝမှာ အစွဲကင်းကင်းနဲ့ ရောက်ရှိနေပါစေ...
ထပ်တူ ဝမ်းနည်း ရပါတယ် ညီမရေ
ကိုကြီးကျောက်တစ်ယောက်
ကောင်းရာမွန်ရာကို ရောက်ရှိပြီး နောက်ဘဝမှာ ဒီသံသရာကလွတ်မြောက်နိုင်သူဖြစ်ပါစေ။
ပြန်ကောင်းလာမယ်လို့ မျှော်လင့်ခဲ့တာ
ကိုကြီးကျောက် ကောင်းရာ သုဂတိ လားပါစေ
ဟုပ်တယ်။ ကိုယ်မိသားစုဝင် တစ်ဦးကို ဆုံးရုံးရသလိုပါပဲ။ သူပြခဲ့ တရားကိုပဲ ကိုယ့်အလှည့်မှာ ရင်ဆိုင်နိုင်အောင် ကြိုးစားရမှာပေါ့။
Post a Comment