Sep 29, 2011

လှေကားထစ်

Image from Google


ပြင်းရှရှ ၀ိုင်တစ်ခွက်ကိုမှ
မျက်လုံးစုံမှိတ်လို့ 
ငါ .........
သောက်သုံးခဲ့မိတယ်..

ငါ့ရင်ဘတ်နဲ့  ခင်းခဲ့ရတဲ့
လှေကားထစ်တွေကို
တထစ်ခြင်း
နင်............
နင်းတက်ခဲ့ပြီးမှ
 ” ငါ့အတွက် နင်မလိုတော့ဘူး ” တဲ့...
ပြောရက်တယ်...........

နုတ်ခမ်းကိုစုံပိတ်
မျက်လုံးတွေကို မှိတ်ထားလဲ
မခံချင်စိတ်တွေနဲ့ 
နင့်အတွက်ဆိုပြီး  ချိုးနိုမ်ထားခဲ့တဲ့
မာနလေးက ခေါင်းထောင်လာတယ်...

 ( မပြောရက်ခဲ့ပါဘူးလေ )
စကားလုံးတွေကိုမျိုသိပ်
အံကြိတ်ပြီး
ခေါင်းငုံ့  လိုက်မိတဲ့အခါတိုင်းးးး..
ငါ့ရင်ဘတ်မှာ
တစစီ ကြေမွအက်ကွဲလို့ 
လောကကြီးထဲ..
ငါကိုယ်တိုင်...
ပျောက်..ဆုံး...နေ......ခဲ့........တယ်............။

စာဖတ်သူများအား ချစ်ခင်လေးစားစွာဖြင့်

ယွန်း

14 comments:

မြသွေးနီ said...

ကဗျာလေးကို လာရောက်ဖတ်သွားပါတယ် ညီမရေ..။

စံပယ်ချို said...

ပြင်းရှရှ ၀ိုင်တစ်ခွက်ကိုမှ
မျက်လုံးစုံမှိတ်လို့ 
ငါ .........
သောက်သုံးခဲ့မိတယ်....
ကြိုက်တယ်
ကဗျာကိုလဲခံစားခဲ့တယ်။

SHWE ZIN U said...

လာရောက်ခံစားသွားပါကြောင်း

ချယ်ရီမြေ said...

လောကကြီးထဲကနေ ပျောက်ဆုံးတဲ့အထိပဲလားကွယ်.. ဖတ်သွားပါတယ်...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

Candy said...

ကဗျာလေး အရမ်းကောင်းတယ်နော်... ခံစားသွားပါတယ်... ^_^

blackroze said...

ခံစားဖတ်ရှု့သွားပါတယ် မယွန်းရေ

လင်းခေတ်ဒီနို said...

တထစ်ခြင်း
နင်............
နင်းတက်ခဲ့ပြီးမှ
” ငါ့အတွက် နင်မလိုတော့ဘူး ” တဲ့...
ပြောရက်တယ်...........

နုတ်ခမ်းကိုစုံပိတ်
မျက်လုံးတွေကို မှိတ်ထားလဲ
မခံချင်စိတ်တွေနဲ့ 
နင့်အတွက်ဆိုပြီး ချိုးနိုမ်ထားခဲ့တဲ့
မာနလေးက ခေါင်းထောင်လာတယ်...


း) တယ်ထက်တဲ့ ကလောင်လေးပါလားး))

ဖရက်ရှာလားဟေ ဖရက်ရှားလား ( ငါ့မွေးစားသမီးကို ပြောတာ ဟားဟား )

ကိုကိုမောင်(ပန်းရနံ့) said...

မိရွှေယွန်း ဘာတွေ ဖြစ်နေတုန်း။ ကဗျာထဲမှာ အသက်ပါနေတယ်။း(

ခင်မင်လျှက်

ချော(အစိမ်းရောင်လွင်ပြင်) said...

ယွန်းရေ
ကိုယ့်ကို လှေကားလိုနင်းတက်သွားပြီး နောက်ဆုံးမှာ မလိုတော့ဘူးပြောတဲ့သူတွေ အများကြီးရှိပါတယ်။
ယွန်းကဗျာလေးဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်..
လူတွေအကြောင်းသိရတယ်လို့ဘဲ သဘောထားရမှာပေါ့နော်။.
ပျော်ရွှင်ပါစေယွန်းရေ..

မိုးယံ said...

သူက ဘာအတွက် ဘယ်လိုရေးသလဲ သေချာမသိပေးမယ့်... ကိုယ့် အသိနဲ့ ကိုယ့်အတွေ့ အရတော့...တော်တော်ထိတယ်.. .ဒေါ်လေးယွန်းရယ်။

Anonymous said...

ကဗျာလေးအရမ်းကောင်းတယ် "ယွန်း"

ကိုယ်ရောစိတ်ပါကျမ်းမာရွှင်လန်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

မေသိမ့်သိမ့် ကျော် said...

ရက်စက်လိုက်တာပါလား။ ခံစားရသူမှာ ဝမ်းနည်းကြေကွဲနေမှာပဲနော်။ ကဗျာလေးကို ခံစားမိပါတယ်။


ခင်တဲ့
မေသိမ့်

Green said...

ကဗျာလေး နှစ်သက်မိပါသည်။

စကားလုံးများ ပြေပြစ်သည်ဟု ထင်မိပါသည်။

ခံစားချက်ပေါ်လွင်သည်ဟု မှတ်ချက်ပြုသွားပါသည်။

ကြေကွဲခြင်း ကင်းဝေးပါစေ အမ ...

ခင်မင်လျက်

သန့်သူရဦး (နည်းပညာ) said...

ဒီကဗျာလေးကို အကြိုက်ဆုံးပဲ။ ကျွန်တော့်ခံစားချက်နဲ့ တစ်ထပ်တည်းပါပဲ။ အရမ်းကြိုက်တယ်ဗျာ။ အရမ်းခံစားရပါတယ်။

About me

Blogger templates