Oct 14, 2011

လွဲမှလွဲတတ်ပါပေတယ်

တစ်နှစ်တစ်ခါ သီတင်းကျွတ် တန်ဆောင်တိုင်ရောက်ရင် မြန်မာပြည်ကို ပြန်ပြန်ြပီး သတိရလာမိတယ်
ကိုယ့်ရိုးရာ ဓလေ့အတိုင်း လူကြီးသူမတွေကို ကန်တော့တာတို့ ၊ သူငယ်ချင်းတွေနဲ့  အပျော်ခရီး ထွက်
ရတာတို့  ပြီးတော့ သီတင်းကျွတ်ညမှာ စက်ဘီးလေးတွေနဲ့  လမ်းတကာလျှောက်စီးရတာတွေ ကိုက
ဘ၀မှာ နောက်တစ်ကြိမ် ပြန်မရနိုင်တဲ့  လွတ်လပ်ပျော်ရွှင်ပြီး အပူပင်ကင်းတဲ့အရသာလေးတွေပါ ။



ဒီလိုနဲ့ ဖြစ်ချင်တော့ လွန်ခဲ့တဲ့(၃)နှစ်ကသီတင်းကျွတ်အမှီ မြန်မာပြည်ပြန်ချင်ရက် မပြန်ဖြစ်တာနဲ့ 
သီတင်းကျွတ်အချိန်ရောက်ရင် မြန်မာပြည် ဓလေ့ထုံးစံလိုမျိုး လူကြီး တစ်ယောက်
ယောက်ကို ကန်တော့ဖြစ်အောင် ကန်တော့လိုက်ဦးမယ်လို့  စိတ်မှာတေးထားတာပေါ့။
ကျမနဲ့ အကြံတူနေတဲ့ အစ်မတစ်ယောက် ရှိတယ်။(အစ်မရင်းလို ခင်မင်ရသူပါ)သူကလဲအဲလိုပဲ။
သီတင်းကျွတ်ကာလမှာ လူကြီးတစ်ယောက်ယောက်ကို ကန်တော့ချင်တာ။
ဒီလိုနဲ့ ကျမတို့ နှစ်ယောက်ပေါင်းမိတော့ ကန်တော့ခံမဲ့ လူကြီးတစ်ယောက်ကို ရှာရတယ်။
ထိုစဉ်က ကျမတို့ မြို့ မှာ ရှားရှားပါးပါး အသက်၆၀ ကျော်လူကြီးဆိုလို့  အဘတစ်ယောက်ပဲရှိတယ်။

အဘဆိုလို့ အထင်မသေးလိုက်နဲ့ဦး။ အဘကအမြဲပေါ့ပေါ့ပါးပါးနဲ့ ၊လူငယ်တွေနဲ့လည်း ၀င်ဆန့်တယ်၊
ကျမတို့ မြို့ က လူငယ်တွေဆိုရင် အဘကို ချစ်စနိုးနဲ့ ဘီးကျဲ လို့ ခေါ်ကြတယ်၊ ကျမတို့ ကတော့ ပထမဘာမှန်းမသိဘူး၊နောက်မှသူတို့ ပြောတာ ဘီးကျဲ ဆိုတာ ဘဲကြီး ဆိုလား..ဘာလား။
ဘာပဲဖြစ်ဖြစ် ကျမတို့ ကတော့ ကိုယ့် အဘိုးအရွယ်ဆိုတော့ အဲလို မခေါ်ဝံ့ဘူးပေါ့။

အဘဟာ အသက်၆၀ကျော်လို့  အစိုးရပင်စင်စား  အဖြစ် ဘ၀ကိုခပ်အေးအေးပဲ ဖြတ်သန်းနေပုံရပါတယ်။
ကျောထောက်နောက်ခံ သားသမီးမရှိတဲ့ အဘဟာ အမြဲ ခပ်ပျော်ပျော်ပါပဲ။ ကားလေးတစ်စီးနဲ့ 
တစ်နေ့ တစ်နေ့  ဂေါက်ရိုက်လိုက် ဘုန်းကြီးကျောင်းလေးသွားလိုက် သူငယ်ချင်းတွေ အိမ်လည်လိုက်နဲ့ 
ဘယ်အချိန်ကြည့်ကြည့် နုပျိုလတ်ဆတ်နေတယ်။ အဘကို တမြို့ လုံးကလည်းချစ်ကြတယ်။အဘအိမ်မှာဆို
လူငယ်တွေ တရုန်းရုန်းနဲ့ ။ သူတို့ တွေကလည်းအဘကို လူရှေ့ သူရှေ့မရှောင် စတတ်နောက်တတ်လွန်းလို့ 
ကျမတို့ တောင် မျက်စိနောက်ရတဲ့ အထိပဲ၊ ဒါပေမဲ့ အဘကတော့ အေးဆေးပဲ။

(ခုနကစကားပြန်ဆက်လိုက်ဦးမယ်) အဲလိုနဲ့ ကျမနဲ့ ကျမအစ်မ တရက်ဆုံပြီး အဘဆီသွားခဲ့ကြတယ်။
နှစ်ယောက်သား ကန်တော့မဲ့ ပစ္စည်းလေးတွေကို ခြင်းထဲထည့်လို့ ပေါ့။ ဘီစကစ်လေးတွေ ၊ကိတ်ခြောက်
ဆေးပေါ့လိပ် (ဆေးပေါ့လိပ်က ကျမတို့ ဆီမှာ ရှားပါးပစ္စည်းပါ.အဲဒိအချိန်တုံးက တခြားstate မှာဝယ်ရပါတယ်)
ကော်ဖီ အစရှိသဖြင့် အဘ ကြိုက်တတ်မဲ့ အရာလေးတွေမှန်းဝယ်ပြီး အဘဆီရောက်သွားကြတယ်။
ဟိုရောက်တော့ အဘရေ  အဘ ကိုကန်တော့ချင်လို့ ပါပေါ့။အဘ ကလဲ ခပ်တည်တည်ကြီးလုပ်ပြီး အေး..အေးကန်တော့ကြ..ကန်တော့ကြပေါ့လေ..ဒီအထိ ဘာမှမဖြစ်သေးဘူး ..ဟုတ်နေတုန်းး။ ကန်တော့ပြီးတော့ 
ကျမအစ်မက အဘကိုကန်တော့ပြီးပြီ ဆုလေးဘာလေး ပေးဦးလေအဘဆိုတော့ အဘက ခေါင်းတဆတ်ဆတ်ငြိမ့်ပြီး ခပ်တည်တည် ပေးလိုက်တဲ့ ဆုကြောင့် ကျမရော ကျမအစ်မရော ပေးတဲ့ဆုနဲ့ပြည့်ပါစေလို့ တောင် မပြောနိုင်တော့ပါဘူးး။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လို့  ပါးစပ်အဟောင်းသားနဲ့ ။စိတ်ထဲကနေ ဖွဟဲ့ လွဲပါစေဖယ်ပါစေလို့ မြန်မြန်ပြောလိုက်မိတယ်။
အဘပေးလိုက်တဲ့ ဆုကတော့
အေး..အေး...ခုလို သီတင်းကျွတ်မှာ လူကြီးသူမကို ကန်တော့ရတဲ့ အကျိုးကြောင့် အပြန်လမ်းမှာ 
ချောချောမောမောနဲ့  ကောင်းရာသုဂတိလားပါစေ .. .ဟူသတည်းး။

(အဲဒိနေ့ က အပြန်လမ်းမှာ ကားမောင်းဖို့ တောင် သူမောင်း ငါမောင်းနဲ့  ငြင်းနေကြတာ တကယ်ကို
အဘပြောသလို ကောင်းရာသုဂတိလားရမှာကြနေတာပါပဲ.....ဟဲဟဲ  :D :) )

ချစ်ခင်လေးစားစွာဖြင့်
ယွန်း
(သီတင်းကျွတ် အမှတ်တရ )

15 comments:

blackroze said...

အဘကလည်းစလိုက်တာလားမှမသိတာ
မယွန်းရဲ့..
အဲလိုဆုပေးပုံကြီးကတော့
တမျိုးကြီးပါဘဲ ဟီးးဟီးးး

Green said...

အဲအမ နှစ်ယောက်က အမ တို့လား ဟိ

ဘာပဲဖြစ်ဖြစ် သီတင်းကျွတ်အမှတ်တရလေးပေါ့နော်

ဆုပေးတယ်ဆိုတာက ကောင်းစေချင်လို့ဆိုတော့

လက်ခံရမှာပေါ့ ဟီး

Candy said...

ဟားဟားဟား.... ပေးတဲ့ဆုက ရီရတယ်.. ဟိဟိဟိ... :D :D xD

စံပယ်ချို said...

ယွန်းရေ
သီတင်းကျွတ်အမှတ်တရလေးဖတ်လိုက်ရ
တော့လွမ်းလိုက်တာအရမ်းပါပဲ...
ယွန်းအဘဆုပေးတာရယ်ရတယ်နော်
ချစ်တဲ့ jasmine

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟင် ဒီအဘတော့ ဆုပေးတဲ့ စာလေးဘာလေး ကျက်ဖို့လိုနေပြီ ဟိဟိ
တော်ကြာ နောက်ကိုလဲ ဒီလိုဘဲ ပေးနေရင် ဒုက္ခ။
သီတင်းကျွတ်မှာ ပျော်ရွှင်ပါစေယွန်းရေ

ညိမ်းနိုင် said...

ဟွင်း....အစ်မယွန်း....ဆားချက်တယ်....ငံပြာရည်ချက်
တယ်...ပြီးခဲ့တဲ့နှစ်ကပို့စ်ကြီး...မှတ်မိပါ့......

ယွန်း said...

ညိမ်းနိုင် @>>> ရှူးးးးးးတိုးတိုးးး မောင်လေးရေ ..သိရင်လဲ မသိချင်ယောင်ဆောင်နေလေ... ဟိဟိ
( တစ်ယောက်တော့ သိသွားဘီ.. :D )

လွင်ပြင်လှိုင်းငယ် said...

အားပေးသွားပါတယ်နော်

မေသိမ့်သိမ့် ကျော် said...

အဟီးဟီး။ ရယ်ရတယ်။ အဘကလည်း ဆုပေးတတ်လိုက်တာ။ အသည်းထဲ အူထဲရောလိမ့်နေအောင်ကို ရယ်မိတယ်။း)


ခင်တဲ့
မေသိမ့်

နေ၀သန် said...

:D.. ကြည့်ရတာ မြန်မာပြည်နဲ့ဝေးသွားလို့ထင်ရဲ့နော်.. :P

ခင်မင်လျက်
နေ၀သန်

(ပြီးခဲ့တဲ့နှစ်က ပို့စ်ကြီးတဲ့... :P.. မြင်ဖြစ်အောင် မြင်လိုက်တယ်... ဟီး)

Anonymous said...

စာဖတ်သွားကြောင်းပါ။

ကိုယ်ရောစိတ်ပါအေးချမ်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

မိုးယံ said...

အေးလေ...မယွန်း...ဟုတ်တယ်.. မနှစ်က ပို့စ်ကြီး...

ဟာဟ တစ်ကယ်သိတာမှုတ်ဘူး...သံယောင်လိုက်တာ.. ၀ါလ ကင်းလွတ်မှာ ....တစ်ခါက သီတင်းကျွတ်အကြောင်းကြီး ပြန်တင်တယ်..:P :P

မြသွေးနီ said...

ဖတ်ပြီးသဘောကျလို့ရယ်မိတယ်။
လူကြီးဆိုတော့ မှားပြောမိတာနေမှာပါ..။
အင်းယားလိပ်မင်္ဂလာဆောင်တစ်ခုမှာ နာမည်ကြီးအဆိုတော်တစ်ယောက်က ပန်းတွေနဲ့ဝေသီချင်းမှားဆိုဘူးတယ်။
သူကမှ တစ်ကြောင်းမှားတော့ နောက်ကစာကြောင်းတွေပါမှားတာ..။

" ပန်းတွေနဲ့ ဝေ... ပန်းတွေနဲ့ ဝေ...
ကိုယ့်ချစ်ဦး ပန်းမှာ ခေါင်းကလေးတွေဝေ...
".......တဲ့။ ဟဟဟ...အဲ့ဒီလို မထင်မှတ်ပဲ မှားတာလေးတွေက ရယ်ဖို့တကယ်ကောင်းတယ်

သူကြီးမင်း (တုံးဖလား) said...

မနှစ်က ပို့စ်ကြီး။း))

ဟာ ဟ။ မောင်လေး ပြောလို့ သိတာ။ အခုမှ ဖတ်ဖူးတာဆိုတော့ အသစ်ဘဲပေါ့။

အဲဒီ ဆုပေးလေး ကျက်ထားရမယ်။ ဒါမှ နောက်နှစ်တွေမှာ ထပ်ပြီး လာမကန့်တော့ရဲကြတော့တဲ့အတွက် မုန့်ုဖိုးပေး သက်သာမှာ။ အဟီးးးးးး။

ခင်မင်လျှက်

Anonymous said...

haha wo xi huang.

About me

Blogger templates