စာမရေးတာကြာတော့ စာကိုဘယ်ကစရေးရမှန်းမသိ ဖြစ်နေတယ် ။ စကားလုံးတွေက ပျောက်လိုက်ပေါ်လိုက်နဲ့  ဖြစ်နေမိပြန်တယ် ။
အဲဒါနဲ့  ရေးပြီးသားအဟောင်းလေးတွေ ပြန်ရှာဖတ်မိတော့ ကိုယ့်ကိုယ်ကိုယ် တကယ် ရီရမှန်းသိလာတယ်။
တချို့ စာလေးတွေက ရင့်ကျက်သယောင်ယောင်ရှိပေမဲ့ တချို့ စာလေးတွေက ကလေးကလားနဲ့
ကျမတော်တော် လိုနေသေးတာပဲလို့  ကိုယ့်ကိုယ်ကိုယ် ရယ်လိုက်မိပါသေးတယ် ။တချို့ ကဗျာလေးတွေ
ပြန်ဖတ်မိရင် ခံစားချက်တွေ မကွယ်ဝှက်တမ်း ပေါက်ကွဲထားသေးတယ် ..သြော်..ကျမတော်တော်
ညံ့တာပဲလို့  .. ။ပြီးတော့ စာမရေးဖြစ်တဲ့ ၁နှစ်အတွင်းမှာ follower အဖြစ် ရှိနေသေးတဲ့ သူငယ်ချင်း မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ် ။ အခုလဲ အလှအပရေးရာလေးတွေ တတ်သလောက် မှတ်သလောက်လေးတွေ ပြန်ဖွပါဦးမယ် ။
လိုနေသေးတာလေးတွေအတွက်လည်း သည်းခံ ရှူစားတော်မူကြပါ ။
ကျမတို့ အသားအရည်ဟာ နေ့ စဉ်နေဒဏ် .လေဒဏ် ၊ ရာသီဥတုဒဏ် များကြောင့် အလွယ်တကူ
ခြောက်သွေ့ခြင်း ၊ စိုပြေမှူမရှိခြင်း စတဲ့ အခြေနေအမျိုးမျိုး ဖြစ်ပေါ်နေလေ့ ရှိပါတယ် ။
သူငယ်ချင်းတွေ အတွက် နေ့ စဉ် အသားအရည်ထိန်းသိမ်းနည်းလေးတွေ ကို ကျမသိသလောက် ပြန်လည်
ဝေမျှထားခြင်းဖြစ်ပါတယ် ။
၁ ) အသီးအရွက် များများစားပေးခြင်း
အသီးအရွက် စားပေးခြင်းဖြင့် ကျန်းမာရေးအတွက်ကောင်းသလို အသားအရည်ကို ကြည်လင်စေပါတယ် ။
များသောအားဖြင့် Vitamin C နဲ့  E ပါဝင်တဲ့ အသီးအရွက်များဟာ အသားအရည်လှပအောင် အထောက် အကူပြုပါတယ် ။ အသီးအရွက်ကို များသောအားဖြင့် soup ပြုလုပ် သောက်သုံးခြင်းဟာ အသားအရည်ကို
လှပစေတဲ့အပြင် အဆီချရာမှာလည်း အသုံးဝင်စေပြီး ဘော်ဒီကိုလည်း သွယ်လျှ လှပစေတယ် ။
၂) အိပ်ရေးဝအောင်အိပ်ခြင်း
အိပ်ရေးဝအောင်အိပ်ခြင်းဖြင့် အသင့်အသားအရည်စိုပြေမှူအတွက် အထောက်အကူဖြစ်စေတဲ့အပြင်
မျက်နှာ အရေးအကြောင်းများ ဖြစ်စေခြင်းမှ ကာကွယ်ပေးပါတယ် ။ အိပ်ရေး၀၀မအိပ်ရတဲ့သူတွေဆိုရင်ြ ကာလာတဲ့အခါ မှာ အသားအရည်ခြောက်လာခြင်း မျက်ကွင်းညိုလာခြင်းများ ၊ ( အချို့ လူများတွင် ) မျက်လုံးတ၀ိုက်မှာ အရေးအကြောင်းအနည်းငယ်ပေါ်လာခြင်းများ ဖြစ်ပေါ်လာလေ့ရှိပါတယ် ။ တနေ့ မှာ အနည်းဆုံး (၇ )နာရီမျှ လုံလောက်စွာ အိပ်စက် အနားယူပါ ။ နေ့ စဉ် အိပ်ရေး၀၀အိပ်စက်ခြင်းဖြင့်အသားအရည်စိုပြေစေပြီး သင် မနက်နိုးထလာတဲ့အခါမှာ တနေ့ တာအတွက် လန်းဆန်းတက်ကြွနေပါလိမ့်မည် ။
၃) ရေချိုးပြီးချိန် နှင့် နေပူထဲထွက်ခါနီး Moisturizer ပါသော Lotion လိမ်းပါ
ရေချိုးချိန်တွင် Moisturizing Body Wash ကို အသုံးပြုပါ ။ ပြီးလျှင် Moisturizer ပါဝင်သော lotion ကို အသုံးပြုခြင်းဖြင့်သင့် အသားအရေကို စိုပြေစေပါသည် ။ တကယ်လို့ သင့် အသားအရည်က အဆီပြန်သော အသားအရည်ဖြစ်ခဲ့မယ်ဆိုရင် oil free moisturizer ကို အသုံးပြုပေးပါ ။( ကျမကတော့ Aveeno Body Lotion ကိုသုံးပါတယ် .. တပတ်အတွင်း အသားကို သိသိသာသာ ကြည်လင်လာစေပါတယ် )
၎) ဆေးလိပ်သောက်ခြင်း မှ ရှောင်ကြဉ်ပါ
ဆေးလိပ်သောက်ခြင်းဖြင့် အဆုတ်ကင်ဆာ ဖြစ်နိုင်သလို သင့်အသားအရည်ကို အလွန်အိုမင်းစေသည် ။
ဆေးလိပ်သောက်သူနှင့် ဆေးလိပ်မသောက်သူတို့ အသားအရည်ကွာခြားပုံကို သင် နိုင်းယှဉ်ကြည့်နိုင်ပါသည် ။ ဥပမာ နုတ်ခမ်းများက်ုကြည့်ပါ ။ဆေးလိပ်သောက်သူ၏ နုတ်ခမ်းမှာ ပြာခြင်း (သို့ ) မဲခြင်း များဖြစ်ပေါ်သည်ကိုတွေ့ နိုင်ပါသည် ။ ဆေးလိပ်သည် သင့်အသားအရည်ကို မွဲခြောက်စေသော အကြောင်းအရာများထဲမှတစ်ခုဖြစ်ပါသည် ။
၅ ) ရေများများသောက်ပါ
နေ့ စဉ် ၆ခွက်မှ ၈ခွက်အထိသောက်ပေးပါ ။ ရေသောက်ခြင်းဟာလည်း အသားခြောက်ခြင်း ၊ အသားအရည် အက်ကွဲခြင်းတို့ မှကာကွယ် ပေးပြီး သင့်အသားအရည်ကို ကြည်လင်စေတဲ့အချက်တစ်ခုဖြစ်ပါတယ် ။
၆)နေ့ စဉ် လေ့ကျင့်ခန်းလုပ်ပါ
နေ့ စဉ်လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေးခြင်းအားဖြင့် သွေးလည်ပတ်မှူအတွက်ကောင်းသလို အသားအရည်ကိုလည်း ကျစ်လစ်လှပစေတယ် ။ လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ကိုယ်ခန္ဒာထဲက
အဆီစုတွေကို ဖယ်ရှားပေးတဲ့အတွက် ကျန်းမာရေးအတွက် အတွက်ကောင်းစေတဲ့ အချက်တစ်ခုဖြစ်တယ် ။
ဒီနည်းတွေက အသားဖြူစေတဲ့နည်းတွေတော့ မဟုတ်ဘူး ။ဒါပေမဲ့ အသားအရည်ကို ကြည်လင် စိုပြေစေပါလိမ့်မယ် ။ပျိုပျိုမေတို့  လှသထက်လှနိုင်ကြပါစေ ။
ချစ်ခင်လေးစားစွာဖြင့်
ယွန်း
Aug 25, 2012
Aug 12, 2012
တံတောင်ဆစ်နှင့် ဒူးခေါင်းမှ အညိုမဲများပျောက်ကင်းပြီး အသားအရည်လှပစေရန်
အားလုံးမင်္ဂလာပါ .........
အချိန်အတော်ကြာ စာမရေးပဲ ပစ်ထားခဲ့တဲ့ ဒီဘလော့လေးကို ဖုန်ခါ ပြီး ချောင်ထဲကနေဆွဲထုတ် လာပါပြီ ။
ရေးချင်စိတ်ပေါက်လာလို့  အလှအပရေးရာလေးတွေ နည်းနည်းတော့ပွားပါရစေ ။
အလုပ်ရှူပ်နေတာကြောင့် ဘလော့ကို ပစ်ထားခဲ့တာတော်တော်ကြာခဲ့ပါပြီ ။
သို့ သော်လည်း ရသစာပေမရေးနိုင်ရင်တောင်မှ ပေါ့ပေါ့ပါးပါးလဲဖြစ်တဲ့
အလှအပရေးရာပိုစ့် လေးတွေကို ကိုယ်သိသလောက် မျှဝေဖို့  စိတ်ကူးရလာတာနဲ့  ဘလော့လေးကို ခြေဦးလှည့်လာမိပါတယ် ။ဒီပို့ စ်လေးက အလှအပစိတ်ဝင်စားတဲ့ မမတွေအတွက် အသုံးတည့်လိမ့်မယ်လို့ မျော်လင့်ပါတယ် ။ သိပြီးသားဖြစ်လိမ့်မယ်လို့ လဲထင်ပါတယ် ။
( တချို့ မသိသေးတဲ့ သူများအတွက် ရည်ရွယ်ပါတယ် )
သင့်ရဲ့ တံတောင်ဆစ်နဲ့  ဒူးခေါင်းတွေမှာရှိတဲ့ ဆဲလ်အသေတွေစုဝေးပြီး ဖြစ်ပေါ်လာတဲ့ အညိုကွက်တွေ
ကြောင့် Dress နဲ့  စကတ်အတိုဝတ်လို့ မလှပဲ စိတ်ညစ်နေရတဲ့ သူငယ်ချင်းများအတွက် သိထားတဲ့ နည်းလမ်းကောင်းလေးတွေ ပြန်လည်မျှဝေပေးပါရစေ ။ဒီနည်းလမ်းလေးတွေ အိမ်မှာကိုယ်တိုင်ပြုလုပ်နိုင်ခြင်းကြောင့် အဆင်ပြေလွယ်ကူစေမှာပါ ။
၁ ။ သံပုရာသီး
သံပုရာသီးကို ထက်ခြမ်းခွဲပါ ။
ပထမတစ်ခြမ်းနှင့် သင့်ရဲ့  တံတောင်ဆစ် ညိုနေသောနေရာများသို့ သေချာပွတ်တိုက်ပေးပါ ။ ထို့ အတူ နောက်တခြမ်းဖြင့် သင့် ဒူးဆစ်မှညိုသောနေရာများတွင် ပွတ်တိုက်ပေးပါ ။
ထိုနောက် ( ၁၀ မိနစ် မှ ၁၅မိနစ်ခန့်  ) ခြောက်သွားသည်အထိ ထားပါ ။
ထို့ နောက် pumice stone ဖြင့် ညိုသောနေရာများသို့ ပွတ်တိုက်ပေးပါ ။
ပြီးလျှင်ေ၇နွေးဖြင့် ဆေးပေးပါ ။ ထိုသို့ တစ်ပတ်မျှကြာအောင်အသုံးပြုပေးပါ ။
၂ ။ Baking soda (သို့  ) ဆား နှင့် သံပုရာရည်
အိမ်မှာရှိတဲ့ မိးဖိုချောင်သုံး ပစ္စည်းတွေ နဲ့လည်း အသုံးပြုလို့ ရပါတယ် ။
Baking soda (သို့  ) ဆား ကို သံပုရာရည်နှင့်ေ၇ာစပ်ပြီး
ညို သာနေ၇ာများလျောနဲစေရန်လည်း အသုံးပြုလို့ ရပါတယ် ။
Baking soda ထဲမှာပါဝင်တဲ့ အရာတွေဟာ အသားကို နူးညံ့သွားစေပြီး ဆဲလ် အသေတွေကို ထိထိရောက်ေ၇ာက် ဖယ်ရှားပေးနိုင်တယ်လို့ ဆိုပါတယ် ။
Baking soda (သို့  )ဆား လေးပုံတစ်ပုံခန့်ကို သံပုရာသီး အရည်ညှစ်ထားတာနဲ့
ရောပြီး အ၀တ်တစ်ခုနှင့် ဆွတ်ကာ သင့်ရဲ့  တံတောင်ဆစ်နှင့် ဒူးခေါင်း
ညိုသောနေရာများတွင် ပွတ်ပေးပါ ။ ပြီးလျှင် မိနစ်၂၀ ခန့် ထားပေးပါ
။ပြီးလျှင်ေ၇နွေးဖြင့် ဆေးပေးပါ ။ သင့်ဒူးမှ အညိုေ၇ာင်များ သိသိသာသာ လျော့ကျလာပါလိမ့်မယ် ။
၃။ Vitamin E အသုံးပြုခြင်း
Vitamin E သုံးခြင်းဖြင့်လည်း ဒူးနှင့် တံတောင်ဆစ်မှ အညိုကွက်များကို
လျော့ပါးပျောက်ကွယ်စေနိုင်ပါသည် ။ ပြုလုပ်ပုံမှာ
Vitamin E လ္ဘက်ရည်ဇွန်း တစ်ဇွန်း ခန့်  ၊ သံပရာသီးအရည်ညှစ် လ္ဘက်ရည်ဇွန်း တစ်ဇွန်း ခန့် ၊ ကြိုက်နှစ်သက်ရာ glycerine (အလှဆီ )လ္ဘက်ရည်ဇွန်း တစ်ဇွန်း ခန့်  နှင့်
နွားနို့  ထမင်းစားဇွန်း ၄ဇွန့် ခန့် ကို ရောစပ်ပြီး တံတောင်ဆစ်နှင့် ဒူးခေါင်း
ညိုသောနေရာများတွင် ပွတ်လိမ်းပေးပါ ။ ပြီးလျှင် မိနစ်၂၀ ခန့် ထားပေးပါ
။ပြီးလျှင်ေ၇နွေးဖြင့် ဆေးပေးပါ ။သင့်ဒူးမှ အညိုကွက်များ သိသိသာသာ လျော့ကျလာပါလိမ့်မယ် ။
၎။ Moisturize သုံးခြင်းဖြင့်လည်းကာကွယ်နိုင်
အထက်ပါနည်းအတိုင်း ချေးချွတ်ပြီးလျှင် Moisturize လိမ်းပေးခြင်းဖြင့်လည်း အညိုကွက်များ ပြန်မဖြစ်ပေါ်စေ၇န် ကာကွယ်ပေးရာေ၇ာက်ပါသည်။
တံတောင်ဆစ်နှင့် ဒူးခေါင်းမှ အညိုမဲများမှာ ခြောက်သွေ့ သော အသားအရည်ပိုင်ရှင်များတွင် ပို ဖြစ်စေနိုင်သည် ။ခြောက်သွေ့ သော
အသားအရည်ပိုင်ရှင်များ မှာ အသားအရည်ထိမ်းသိမ်းခြင်း မပြုလုပ်လျှင် အသားအရည် ပျက်စီးရန် အလွန်လွယ်ကူသည် ။ သင့်ရဲ့ အသားအရည်မှာ ဆဲလ်အသစ်များ ထပ်မံပေါ်ထွက်လျှက်ရှိရာ ဆဲလ်အသေများမှာ အကွေးအဆန့် ပြုလုပ်သော သင်၏ တံတောင်ဆစ် နှင့်ဒူးခေါင်းတ၀ိုက်တွင်
စုဝေးလာပြီး အမဲကွက် အညိုကွက်များဖြစ်ပေါ်လာစေသည် ။
Moisturize ထဲတွင်jojoba oil (သို့  ) shea butter ပါဝင်သော lotion များက အသားအရည်မှ အစိုဓာတ် နှင့် ရေဓာတ် ကို ထိန်းသိန်းပေးခြင်းကြောင့် အညိုကွက်များကို လျော့နဲစေသည် ။
olive oil ကိုလဲ အသုံးပြုနိုင်ပါသည် ။
ကြိုက်နှစ်သက်ရာနည်းလမ်းကို ရေရှည် စွဲပြီး အသုံးပြုခြင်းဖြင့် တံတောင်ဆစ်နှင့် ဒူးခေါင်းမှ အညိုမဲများပျောက်ကင်းစေမှာဖြစ်ပါတယ် ။ ပျိုမေတို့  လှပကျော့ရှင်းပြီး အပြစ်အနာဆာ ကင်းတဲ့ အသားအရည်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ ။

![]() |
pumice stone |

glycerine (အလှဆီ ) |

Subscribe to:
Posts (Atom)