Apr 8, 2009

ဘဲပုံပြင်

တခါကလူသုံးယောက်ဟာကောင်းကင်ဘုံကိုရောက်သွားတယ်တဲ့..ကောင်းကင်ဘုံရဲ့
အ၀င်အ၀မှာဘဲတွေဖွေးဖွေးလူပ်နေတာပဲတဲ့..
ကောင်းကင်တမန်ကပြောတယ်ဒီဘဲတွေကိုတက်မနင်းမိအောင်ရှောင်သွားရမယ်တဲ့..
တက်နင်းမိတဲ့သူကိုရုပ်ဆိုးဆိုးမိန်းမတစ်ယောက်နဲ့ ပေးစားပစ်မယ်လို့ ပြောတယ်
ဒါနဲ့ လူပထမလူကဘဲတစ်ကောင်နင်းမိတဲ့အခါရုပ်ဆိုးဆိုးမိန်းမတစ်ယောက်ပေါ်လာပြီး
ကောင်းကင်တမန်ကသူနဲ့ ပေးစားလိုက်သတဲ့..။ဒုတိယလူလဲဒီလိုပဲ..။
တတိယလူအလှည့်လဲရောက်ရောရုပ်ဆိုးတဲ့မိန်းမယူရမှာစိုးပြီးဘဲတွေကိုရှောင်သွားလိုက်
တာအောင်မြင်သွားသတဲ့...။ဒါနဲ့ ကောင်းကင်ဘုံမှာသူ၃လလောက်နေလဲပြီးရော...
တနေ့ မှာကောင်းကင်တမန်ကသူ့ ကိုလာခေါ်ပြီး..သူ့ ကို ခပ်ချောချောမိန်းမတစ်ယောက်နဲ့ပေးစားလိုက်တယ်...သူအင်မတန်ပျော်သွားတာပေါ့..။
ဒါနဲ့ လက်ထပ်ပြီးတဲ့အခါသူ့ ဇနီးကိုမေးလိုက်တယ်..မင်းဘာလို့ ကိုယ့်ကိုလက်ထပ်တာလဲပေါ့..။
ဒါနဲ့ သူ့ မိန်းမကပြန်ပြောတယ်...
ကျမလဲမသိပါဘူး...ကောင်းကင်ဘုံအ၀င်အ၀မှာဘဲတစ်ကောင်တက်နင်းမိတာနဲ့ ပဲရှင်နဲ့ 
လက်ထပ်လိုက်ရတာပါတဲ့...။

2 comments:

Anonymous said...

ဟုတ်တယ်နော်

မြစ်ကျိုးအင်း said...

တကယ်ကောင်းတဲ့ ပုံပြင်လေးပါပဲ
ဟုတ်တယ် လူဆိုတာ ကိုယ့်ကိုကိုယ်ပြန် မမြင်ကြဘူးလေ ကျွန်တော်လည်းပါနေတုန်းပဲ

About me

Blogger templates