Sep 7, 2009

ကျမကို အမြင်ကတ်ရသော အကြောင်းအရင်းများ

ဝက်ဝံလေး တဂ်ထားတာပါ.........ရက်စက်ပါပေ့ဝက်ရယ်.........
ဝက်လို လူချစ်လူခင်ပေါတဲ့ သူတောင်အမြင်ကတ်တဲ့သူရှိရင်....ယွန်းတို့လိုဆို ဘယ်လိုလုပ်ပါ့မလဲနော်......
ယွန်းကို ဘယ်လိုအမြင်ကတ်သလဲဆိုတာတော့ ဘယ်သိပါ့မလဲဝက်ရယ်.........(ပေါ်တင်မှမပြောတာ..အဟီး)
ဒါပေမဲ့ ၀က်..စိတ်ကျေနပ်အောင်...ရေးပေးလိုက်မယ်.......ကိုယ်ရဲ့ မကောင်းတဲ့ ဥာဉ်လေးတွေ အကြောင်းး
အဲဒါကြောင့်လည်း အမြင်ကတ်တဲ့သူတွေတော့ရှိမှာပေါ့ နော..............စိတ်ထင်တာပြောတာပါ..
ဘာလဲဆိုတော့................ သိဘူးးးးရယ်................


မဟုတ်မခံတတ်ခြင်းး
ယွန်းက ကိုယ့်ဘာသာ အေးအေးနေတတ်ပေမဲ့ စိတ်ကတော့ဆတ်တယ်....မကျေနပ်ရင်စိတ်ထဲ မြုံမထားတတ်သလို ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်.......
ကွေ့ ကွေ့ ကောက်ကောက် မလုပ်တတ်ဘူးးး
ပြီးတော့ ကိုယ်မှန်တယ်ထင်ရင် ခေါင်းအရမ်းမာတယ်...............ဘယ်တော့မှနောက်ပြန်မလှည့်တတ်ဘူးးး
ပြောရရင်တော့ သိပ်မာယာများတဲ့ ကွေ့ ကောက်တတ်တဲ့ သူတွေနဲ့ဆို သိပ်မကိုက်ဘူးးး

အရယ်သန်ခြင်းး
အဟဲ...ပြောရမယ်ဆိုရင်တော့ ........ အစအနောက်သန်ပြီးး အရယ်ကလည်းသန်တယ်..........
သဘောကျပီဆိုရင် မိန်းကလေးပီပီ အော်ကြီးဟစ်ကျယ် ဗိုက်နိုပ်ပြီးတော့ကိုရယ်တတ်တယ်.........
ပြီးရင်လဲ တွေးတွေးပြီးရယ်တတ်သေးတယ်...........အဲဒိတော့ မိန်းမပီသတဲ့ မမတွေက အမြင်ကတ်တယ်ထင်ပါ့
မိန်းကလေးဖြစ်ပီးးးးဘာညာကွိကွပေါ့......
ထမီခြေမျက်စိဖုန်းအောင်ဝတ်ပြီးးး သနပ်ခါးခြေဆုံးခေါင်းဆုံးလိမ်းနေရတာ
လောက်စိတ်ကျဉ်းကျပ်တာ မရှိဘူးးးမာနကြီးတခွဲသားနဲ့ မတူသလိုမတန်သလိုလဲ မနေတတ်ပါဘူးးးးဘ၀ကို
ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းတယ်...........ကိုယ့်ကိုကိုယ် နိုမ့်ချတတ်တဲ့ လူတွေကိုလေးစားတယ်....
အမှန်အတိုင်း ၀န်ခံပါတယ်.........ယွန်းက သိပ်ပြီး မိန်းမပီပီသသ ထဲကမဟုတ်ဘူးးလို့ ......
..........ဒါပေမဲ့ အခုတော့ ကိုယ့်ကိုကိုယ် ကြိုးစား ပြုပြင်နေပါတယ်...........
မှန်ထဲကြည့်ပြီး နုတ်ခမ်းလေးစေ့ပြီး ကြိုးစား လေ့ကျင့်ပြီး ပြုံးကြည့်တယ် (တနေ့ကို ၁၂ခေါက် .... ဟီးဟီးး)
(ယုံတယ်မှတ်လားးးးးးးးးး)


ဟုတ်ကဲ့ ကြိုက်သော လူတွေရှေ့တွင် အနေအထိုင်မတတ်ခြင်း
ဒါကတော့ ယွန်းရဲ့ အဆိုးဆုံး ဥာဉ်လေးပဲ...........တချို့ တချို့ သောလူတွေက သူတို့ပြောသမျှ ဟုတ်ကဲ့ လိုက်မှကြိုက်ပါတယ်..........
(ယွန်းရဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းထဲက တချို့ ပါ.....)
ဒါပေမဲ့ ..........ယွန်းကလဲ မဟုတ်ရင်မဟုတ်ဘူးလို့  ပြောပြလိုက်ရမှ စိတ်မှာ နေသာပါတယ်.........
အမှားတွေပြောနေတာလို့ စိတ်မှာ သိနေရင် စေတနာနဲ့ ဒါကအမှန်ပါ..လို့ ၀င်ပြီးပြောမိပါတယ်....
တဖက်သားအပေါ် အမြင်စောင်းနေရင် ခံရတဲ့ သူဘက်က မနေနိုင် မထိုင်နိုင် ၀င်ဝင်ပြောပေးမိလို့ အမြင်ကတ်ခံရတယ် ထင်ပါရဲ့.................
(အဲဒါပြောတာပေါ့...........အနေအထိုင်မတတ်ဘူးဆိုတာ.....)


ဒါအကုန်ပဲ ထင်ပါတယ် ၀က်ရေ.............
ယွန်းကတော့ ကိုယ့်ကိုကိုယ် သိဘူးးးရယ်..................မရေးတတ်ရေးတတ်နဲ့တော့ ရေးလိုက်ပီ.....ဟဲဟဲ..
စိတ်ရှည်သည်းခံပြီးးးးဖတ်နော်.............
သိတယ်လားးးးးးးးးးးဟုတ်တာမဟုတ်တာအပထားးးးရေးချင်ရေးပစ်လိုက်ပြီ..............
ခုလိုတဂ်တဲ့အတွက်.........၀က်ကို ကျေးဇူး ဘလိုင်းကြီးတင်ပစ်လိုက်ပီ..........ဆိုင်လားမဆိုင်လားတော့
သိဘူးးးးးးးးးးးးးပေါ့နော့..........................

5 comments:

ဝက်ဝံလေး said...

ဟဟဟဟ ယွန်းရေ ညီမ နဲ့ တူလှချည်လား ဟိဟိ ဟုတ်တယ် ညီမလဲ အဲလို စိတ်ဓာတ်တွေ ရှိတယ် ခိခိ

ဝက်ဝံလေး said...

ရေးပေးတဲ့အတွက်ကျေးဇူးနော် ဟဟဟဟ ဘိုင် တာ့တာ

ဝက်ဝံလေး said...

ကျေနပ်ပါတယ် ရေးပေးတဲ့အတွက် နော် ဟိဟိ

မေလေး said...

ဒီလိုပါဘဲ ယွန်းရယ်။
ဘုရားတောင်မှ အကဲ့ရဲ့ ခံရသေးတာ
တို့တွေလို သာမန်လူအဖို့တော့
ချစ်တဲ့သူ ရှိသလို
မုန်းတဲ့သူ အမြင်ကတ်တဲ့သူလဲ ရှိနေအုန်းမှာပါ။

ခင်မင်လျှက်
မေလေး(ဆုံနိုင်ခွင့်)

မြစ်ကျိုးအင်း said...

ဒီလိုမျိုးနေလို့ အမြင်ကပ်ရင် ကပ်ပလေ့စေ ပိုတောင်ကောင်းသေး စကားကိုတောင်တမျိုးပြော မြောက်တမျိုးပြောတဲ့ သူတွေနဲ့ မပေါင်းနိင်တာ အရေးမစိုက်နဲ့။

အားနာပြီးပေါင်းမှ နစ်နာတာလေ။အားမနာတာ ကောင်းတယ်။

About me

Blogger templates