Sep 24, 2009

မြန်မာနိုင်ငံမှာ ကျပ် ၅,၀၀၀ တန် ငွေစက္ကူသစ် ထုတ်မည် တဲ့

24 September 2009

မြန်မာနိုင်ငံမှာ အခုလာမယ့် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ၅,၀၀၀ ကျပ်တန် ငွေစက္ကူသစ်တွေ ထုတ်ဝေတော့မှာ ဖြစ်တယ်လို့ ဒီညသတင်းမှာ ကြေညာသွားပါတယ်။ အရင်ငွေစက္ကူတွေလို ခြင်္သေ့တံဆိပ် မဟုတ်တော့ဘဲ ဆင်ဖြူတော်တံဆိပ်ဖြစ်ပြီး လက်ရှိ လည်ပတ်သုံးစွဲနေတဲ့ ငွေစက္ကူတွေကိုလည်း ဆက်ပြီး တရားဝင်အဖြစ်နဲ့ တည်ရှိသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်ကဆိုဒ်တစ်ခုမှာ ဒီ သတင်းလေးဖတ်မိပြီး ရယ်ချင်သွားမိတယ်
မြန်မာနိုင်ငံက အင်ဒိုနီးရှားးတို့...ကိုးရီးယားးတို့ကိုအမှီလိုက်နေတာထင်တယ်...........Photobucket
မြန်မာပြည်ကိုပြန်သွားတဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်....
နိုင်ငံခြားမှာနေတော့ အကြွေစေ့လေးတွေ..........ပိုက်ဆံအိတ်သေးသေးလေးထဲ သုံးဖို့လောက်ငတဲ့ပိုက်ဆံလေးတွေ ထဲ့သွားလို့ရတယ် ... ပေါပေါ့ပါးပါးပဲလေ.........မြန်မာပြည်ပြန်ရောက်တော့ ပိုက်ဆံအိတ်အကြီးကြီးထဲ အရေအတွက်များများနဲ့  တန်ဖိုးနဲနဲပါတဲ့ ပိုက်ဆံတွေသယ်သွားရတာ
ပွဲစားလိုလို ဘာလိုလိုနဲ့ ရီတော့ရီစရာကြီးနော်.......ဟာဟ...နောက်ဆယ်နှစ်လောက်ကြာရင်
ယွန်းတို့မြန်မာပြည်ပြန်ရောက်ရင် လက်ဘက်ရည် တစ်ခွက်ကို ၀ယ်ဖို့ ပိုက်ဆံကို လှည်းနဲ့ ထည့်သယ်သွားရမလားပဲ.......................mk12

1 comment:

ဝက်ဝံလေး said...

ဟုတ်ပါ့ ယွန်းရယ် ပြောချင်ပါဘူး ညီမ့ပိုက်ဆံအိတ်ထဲမှာ လိုရမယ်ရ ပိုက်ဆံ ၁၀ ပဲ ရှိတယ်သိလား လိုရင် card machine ထဲကနေ ထုတ်လိုက်တယ် မလိုပါဘူး card machine ကလဲ ပေါတယ် ဘယ်လောက်ကောင်းတုံး ပိုက်ဆံအိတ်လေးဆို သေးသေးလေးပဲ

အင်းးးး ငွေးကြေးတွေ အားကြီးဖောင်းပွနေတယ်လေ မကောင်းဘူး မကောင်းဘူး ဒါပဲ ပြောနိုင်တယ် ပြန်ပြီ တာ့တာ

About me

Blogger templates