၂၀၀၉ ဖေဖော်ဝါရီ ၁၄
ချစ်သူများနေ့ က ကျမတို့ အိမ်ထောင်သည်တွေအတွက် ဘာမှထွေထွေထူးထူး
မဟုတ်သလိုပါပဲ။လူပျို အပျိုတွေအတွက်ကတော့ သိပ်ပျော်စရာနေ့ လေးတစ်
နေ့ ပေါ့။ဟိုဟိုဒီဒီလျှောက်လည်ကြ စားကြသောက်ကြနဲ့ ..
ချစ်သူအချင်းချင်း လက်ဆောင်လေးတွေဖလှယ်ကြ..
ပျော်စရာလေးပေါ့ ။ဘ၀မှာကိုယ်ချစ်တဲ့
ချစ်သူအချင်းချင်း လက်ဆောင်လေးတွေဖလှယ်ကြ..
ပျော်စရာလေးပေါ့ ။ဘ၀မှာကိုယ်ချစ်တဲ့
ဒါပေမဲ့ ဒါတွေက ကျမတို့ လိုအိမ်ထောင်သည်တွေအတွက် ပြန်မရနိုင်တော့တဲ့
ပျော်ရွှင်စရာလေးတွေလို့ ကျမယူဆထားခဲ့တယ်၊ဘာလို့လဲဆိုတော့ နေ့ တိုင်း
တွေ့ နေရတာကိုးးးး၊၊ အပြင်မှာတွေ့ ဖို့ ချိန်းစရာမှမလိုတာ၊တွေ့နေမြင်နေရတာ
ကြာတော့ တစ်ယောက်နဲ့တစ်ယောက်ဂရုစိုက်တာလေးတွေတောင်လျော့နဲ
လာသလိုပါပဲ။ဖေဖော်ဝါရီ၁၄ရက်နေ့ က ခါတိုင်းလိုလို သိပ်မထူးခြားပဲဖြတ်သန်း
ခဲ့တာ ပျင်းတိပျင်းခြောက်နဲ့ပါ။သူလဲသူ့ အလုပ်သူသွား ။ကိုယ်လဲ ကိုယ့်အလုပ်
နဲ့ကိုယ်ရှူပ်နေခဲ့ကြတယ်။ဒါပေမဲ့ ညနေသူ အလုပ်ကပြန်လာတဲ့အခါလက်ထဲမှာ
ပန်းစည်းနဲ့။အော်...ဘုရားပန်းသွားဝယ်လာတာလား ..အတော်ပဲ.. လို့ 
ကျမလှမ်းပြောလိုက်တယ်..သူက ခပ်ပြုံးပြုံး နဲ့ ဘုရားပန်းမဟုတ်ဘူး..ကိုယ့်မိန်းမ
အတွက် ချစ်သူများနေ့ လက်ဆောင်တဲ့။ကျမအံ့သြတဲ့စိတ်နဲ့ရယ်ချင်သွားမိတယ်။
ကြံကြံဖန်ဖန်အိမ်ထောင်ကျပြီးမှ..ဆိုပြီး။ရင်ထဲမှာကြည်နူးသွားတာတော့ အမှန်ပါပဲ။
ချစ်သူများနေ့ ဆိုတာကိုယ်ချစ်တဲ့သူ ဘယ်သူ့ ကိုမဆိုပေးလို့ ရတာပဲ..လူလွတ်
တွေအတွက်သီးသန့်  အစွဲပြုထားတဲ့နေ့ မှမဟုတ်တာတဲ့။
ပန်းရောင်အပွင့်ဆုပ်ဆုပ် ပန်းစည်းကြီးကိုကျမလှမ်းပွေ့ လိုက်တဲ့အခါ လွန်ခဲ့တဲ့
နှစ်နှစ်ကျော်ကချစ်သူဘ၀လေးကို ပြန်ရောက်သွားသလိုပါပဲ..
ပန်းစည်းထဲမှာ ပန်းရောင်ကတ်လေးတစ်ခုပါလာတယ်။
ပန်းစည်းထဲမှာ ပန်းရောင်ကတ်လေးတစ်ခုပါလာတယ်။
ဒီကတ်လေးပေါ့....
သူပေးတဲ့ ပန်းစည်းကြီးကတော့ ဘုရားပန်းထိုးလိုက်ပါတယ်..သူရောကိုယ်ရောကုသိုလ်ရတာပေါ့...
ဘာပဲဖြစ်ဖြစ် ချစ်သူဆီကရတဲ့ လက်ဆောင်လေးအနေနဲ့  ပျော်ရွှင် အမှတ်ရခဲ့တာတော့ အမှန်ပါပဲ...
တချို့ တွေကတော့ထင်ချင်ထင်ပါလိမ့်မယ်....အပိုအလုပ်တွေပါလို့....
ကာယကံရှင်ဖြစ်တဲ့ကျမအတွက်ကတော့ တစ်မိနစ်လောက်ဖြစ်စေ...တစ်နာရီလောက်ဖြစ်စေ
ဘ၀တစ်လျှောက်လုံးအတွက်ဖြစ်စေ..ချစ်သူဆီကရရှိခဲ့တဲ့ ကြည်နူးအမှတ်ရမှူလေးတွေပါပဲ....
၂၀၁၀ ဖေဖော်ဝါရီ ၁၄
ဘယ်လိုများကုန်ဆုံးသွားမလဲ..ဆိုတာ ကျမတိတ်တဆိတ် တွေးနေမိပါတော့တယ်...
1 comment:
ကွန်မန့် setting မှာသွားကလိလိုက်တာ အခုမန့်လို့ ရပါပြီဗျို့ ...
Post a Comment