Feb 20, 2010

ချစ်သူပြောတဲ့အချစ်အကြောင်း




ဆောင်းတွင်းရဲ့ အေးစိမ့်စိမ့် မနက်ခင်းတစ်ခုမှာ သူ့ နာမည်ကို ကျမစတင်
သတိတားခဲ့ မိတာဖြစ်သည်။

ရှားရောင်တဲ့။ တစ်ရာမှာတစ်ယောက် ကြားရခဲတဲ့နာမည်မျိုး ။
ကျမတို့ သူငယ်ချင်းထဲမှ စပ်စုတတ်ပြီးသိပ်ချစ်စရာကောင်း
တဲ့ ကောင်မလေးတစ်ယောက် ကစပြီး သယ်ဆောင်လာတဲ့ ခပ်ဆန်းဆန်း
နာမည်လေး။အဲဒိတုန်းက ကျမက ၉တန်း။ သူက ၁၀တန်း ။ကျောင်းသား
တွေကြားမှာ သူကပေါ်ပြူလာ ဖြစ်ပါတယ်။ခပ်လတ်လတ် အသားအရေ ရှိပြီး
မျက်ခုံးနက်နက် ...မျက်လုံးနက်နက်လေးတွေက သူတကိုယ်လုံးမှာမိန်ကလေး
တွေ သတိမထားပဲမနေနိုင်လောက်အောင် ထင်ပေါ်လွန်းနေတယ်တဲ့
(သူငယ်ချင်းကမှတ်ချက်ချတာပါ)။ 
ငယ်ငယ်တုန်းက ကျမက အေးဆေးစွာနေတတ်တယ် ။ကျမ၇ဲ့ အားလပ်ချိန်
တွေမှာဆို ရသစာပေတွေခြင်းဖြင့် လည်းကောင်း .... ကျောင်းပြတင်းပေါက်
ကတဆင့် ပြင်ပသို့ငေးခြင်းဖြင့်လည်းကောင်း အချိန်ဖြုန်းနေတတ်ပါသည်။ 
အပေါင်းအသင်းကလည်း လက်တဆုပ်စာတောင်မရှိခဲ့။
ထဲထဲဝင်ဝင်ပေါင်းသောသူငယ်ချင်းအဖြစ် ၂ယောက်သာရှိခဲ့သည်။
တယောက်က မျက်နှာပြောင်ကာ အလွန်ရယ်စရာပြောတတ်ပြီး တယောက်
မှာ သဘောသိပ်ကောင်းပြီး သိပ်လည်းစပ်စုတတ်ပါသည်။ သူတို့နှစ်ယောက်မှာ 
ကျမရဲ့ မရိုးအီန်ုင်တဲ့ ငယ်သူငယ်ချင်းလေးများဖြစ်ပါတယ်။ပတ်ဝန်းကျင်ကိုသိပ် 
စိတ်မ၀င်စားတဲ့ကျမအဖို့ ပေါ်ပြူလာဖြစ်သောကျောင်းသားများနှင့် သူတို့ရဲ့
ကိုယ်ရေးရာဇ၀င်များကို ရိုးတိုးရိပ်တိတ်တောင်မသိခဲ့ပါ။ ၏သူ့ ကို စတင်
သတိထားမိချိန်က ကျမမှာ ၉တန်း တွင်ဖြစ်သည်။အတန်းရှေ့မှ ဖြတ်သွားလျှင် 
တခါမှဘေးဘီဝဲယာသို့ မကြည့်တတ်။ခေါင်းငိုက်စိုက်ငိုက်စိုက်နှင့် သူ့ 
အမူအရာသည် ကြာလာတော့ကျမအလွတ်ရလာခဲ့၏။ကျမ၁၀တန်းရောက်
တော့ သူကလဲ၁၀တန်းပဲဖြစ်သည်။ ကျမကွန်ပြူတာကောလိပ် ဒုတိယနှစ်ရောက်မှ 
သူကပထမနှစ်ကျောင်းသားလေးဖြစ်လာခဲ့သည်။ တခါတလေ သူကမေးတတ်သည်။ 
ငါကကျောင်းမှာတော်တော် ပေါ်ပြူလာဖြစ်တာတောင် နင်ငါ့ကိုဘာလို့ သတိမထား
မိတာလဲတဲ့။ကျမဟက်ဟက်ပက်ပက်ရယ်ရင်း နင်ကစာမှမတော်တာ ဟုသူ့ ကို
လှောင်သောအခါသူ့ နုတ်ခမ်းများကို ဂ ငယ်ပုံစံတွန့် ကွေးရင်း စာမတော်ပေမဲ့ 
ငါဒီလောက်ချောတာကိုဟု အတည်ပေါက်နှင့်ပြောတတ်သည်။
သူနှင့်ကျမနံနက်တိုင်း ကန်တော်ကြီးဇောင်းတွင် အပြေးလေ့ကျင့်လေ့ရှိသည်။
 အပြေးလေ့ကျင့်ရင်း ကျမဖိနပ်ကြိုးပြေသောအခါများတွင်  ဒီကြိုးလေးတောင်
ကောင်းကောင်းမချည်တတ်ဘူးလားဟု ရေရွတ်ရင်းသူက စိတ်ရှည်လက်ရှည်
ပြန်ချည်ပေးတတ်သည်။ထိုအခါ ကျမရင်ထဲကြည်နူးနှစ်သိမ့်စွာ ခံစားရစမြဲ။
ဒီလို သူ့ အပေါ်သာယာမိတာကို အချစ်လို့ ကျမအမည်မတပ်ဝံ့ပါ။
တခါတလေ သူအပြင်ကပြန်လာချိန်များတွင်ကျမအတွက် မုန့်များ၊အချဉ်ထုပ်များ
ပါလာတတ်သေးတည်။ ညနေဘက် လမ်းထိပ်စာအုပ်ဆိုင်သို့ သူနဲ့အတူရောက်မြဲ။
ကျောင်းတက်ရင်း ကျမက ကွန်ပြူတာအရောင်းဆိုင်တစ်ခုတွင် အလုပ်ရသောအခါ
သူက ညနေတိုင်းလာကြိုတတ်သည်။ညနေဘတ်စ်ကား စောင့်ရသောအခါများတွင်
သူက သူလိုက်ခဲ့ဘူးသော မိန်းကလေးများအကြောင်း ၊ သူစိတ်ဝင်စားသော
စာရေးဆရာများအကြောင်း၊ ပန်းချီကားများအကြောင်းစီကာပတ်ကုံးပြောပြတတ်သည်။ စာရေးဆရာများအကြောင်းနှင့်ပန်းချီကားများအကြောင်းကို ကျမပြန်လည်
ဆွေးနွေးနိုင်သော်လည်း သူ့ ရည်းစားများအကြောင်းကိုတော့ ကျမပြန်မဆွေးနွေးနိုင်ခဲ့။
ကျမခပ်ဆိတ်ဆိတ်နေပြီဆိုလျှင် 
သီ..နင်ငါ့ကို သ၀န်တိုနေတာလား ဟု သူကခပ်တိုးတိုးကပ်မေးတတ်သည်။
နင်ဒီလောက်ရုပ်ဆိုးတာ သ၀န်တိုစရာလားဟု ကျမပြောသောအခါ သူက 
ခေါင်းမော့ကာ ဟက်ဟက်ပက်ပက်ရယ်မောလေ့ရှိသည်။ 
ဘာပဲဖြစ်ဖြစ် သူအနားမှာရှိတော့ လုံခြုံတာတော့အမှန်ပင်။
သူနှင့်ကျမ သူငယ်ချင်းမကျ။ချစ်သူမကျဘ၀မှာ ၂နှစ်မျှကြာသောအခါ
ကျမမ၀ံ့မရဲမေးမိသည်။ 
"နင်ဘာလို့ ရီးစားမထားတော့တာလဲဟင်.."
"ဘာလို့ သိချင်ရတာလဲသီရယ်"
"ဘာမှမဟုတ်ပါဘူး..ကျောင်းတုန်းက နင်ကရီးစားများတယ်လေ..အခုမှငြိမ်နေလိ"ု့ 
"ရှိတာပေါ့...ဒါပေမဲ့ ငါသိပ်ချစ်တဲ့ကောင်မလေးက ငါနဲ့မတန်လို့ လေ...ငါဖွင့်မပြောတော့ပါဘူးဟာ.."
တို့ နောက် ဆေးလိပ်တစ်လိပ်ကိုဖွာရင်း အဝေးသို့ ငေးနေ၏။ သူ့ဆီမှသက်ပြင်းရိုက်သံသဲ့သဲ့ကျမကြားရသည်။ ကျမဘာမှဆက်မမေးဖြစ်တော့ပါ။
ကျမကျောင်းပြီးသွားသောအခါ နိုင်ငံရပ်ခြားမှ ဖေဖေ မေမေတို့ ဆီလိုက်သွားပြီး 
ပညာဆက်သင်ရန် အကြောင်းတိုက်ဆိုင်လာခဲ့သည်။ကျမက ၀မ်းသာအားရသူ့ 
ကိုပြောပြသောအခါ
"ဒီလိုမျှော်လင့်ပြီးသားပဲမဟုတ်လား ..ငါဝမ်းသာပါတယ်..
နင့်ရည်မှန်းချက်တွေပြည့်တော့မယ် "ဟုခပ်ပြုံးပြုံး ပြန်ပြောသည်။
သူ့ အပြုံးက သိပ်ပြီးအားပါးတရမရှိတာကို တိုအချိန်က ကျမသတိမထားမိခဲ့ပါ။
ဒီလိုနှင့် သွားရမည့်ရက်သို့ ရောက်သောအခါ သူပေါ်မလာပါ။လေယာဉ်ကွင်းမှာ 
လည်တဆန့်ဆန့်နှင့်စောင့်ရသောကျမအတွက် သူ့ ထံမှ ပန်းစည်းနှင့် စာတစ်စောင်
သာ ရောက်လာခဲ့ပါသည်။

သီ...
အချစ်ဆိုတာ မျှော်လင့်ချက် သာဖြစ်ခဲ့မယ်ဆိုရင် နင်နဲ့ငါအတူရှိဘူးတဲ့ ဆောင်းမနက်ခင်းတွေ...
နှစ်ယောက်အတူ ရှိဘူးတဲ့ ညနေစောင်းလေးတွေ..နင့်ဖိနပ်ကြိုးချည်ပေးရတဲ့အချိန်လေးတွေ ..
ကိုပဲငါမျှော်လင့်ပါတယ်..နင်ပျော်ရွှင်ပါစေ..
ရှားရောင်

အချစ်ဆိုတာကြီးကို ကျမတိတိကျကျမသိပါ ။သို့ ပေမဲ့ သူမျှော်လင့်သလို 
ကျမလဲမျှော်လင့်ခဲ့ဘူးပါသည်။ကျမမျှော်လင့်ချက်များထဲတွင်  ငွေကြေး၊ 
ဓန ၊ရာထူးများမပါ။ ချုပ်ကိုင်လွမ်းမိုးထားခြင်းများ မပါ ။အချစ်ဆိုတာ ကျမ
အတွက်တော့ သူနဲ့အတူရှိခဲ့ဘူးတဲ့  အဖြူရောင်သက်သက် ဆောင်းမနက်
ခင်းများအဖြူရောင်ညနေခင်းများ သာ ဖြစ်ပါတော့သည်။
.............................................................................................................................
 
ပြီးပါပြီ။

2 comments:

ဝက်ဝံလေး said...

တကယ့် အဖြစ်အပျက်လားဟင်
မ ရဲ့တကယ့်အကြောင်းလားလို့ သိချင်လို့ စပ်စုသွားပါ၏

ယွန်း said...

ဝက်ဝံလေး >>> ပြောပြဘူးးးးးD

About me

Blogger templates