Jun 3, 2010

"..ခေါင်းစဉ်မဲ့ခြင်း..."

ကိုယ့်မျက်ရည်နဲ့ကိုယ် ၀မ်းနည်းခဲ့ရတာပါ
ကိုယ့်အိမ်မက်နဲ့ကိုယ် မျော်လင့်ခဲ့ရတာ..



ကဖေးဆိုင်လေးထဲက အလွမ်းတွေ
အနည်မထိုင်သေးသလို...
ခပ်ဟောင်းဟောင်း
နာရီလက်တံတွေကလည်း
ငါ့ကို
လှောင်ရယ်နေဆဲလေ..

ခပ်ဆွေးဆွေး ဒီသံယောဇဉ်ကြိုးတွေဆီက
 စိတ်ရှိလက်ရှိ ရုန်းထွက်မယ်ကြံတိုင်း
အိမ်မက်ဟောင်းက အထပ်ထပ်ချည်တယ်..

လာနိုးနိုးနဲ့  စောင့်ဆိုင်း
မနက်ဖြန်ဆိုတာတွေကို
ရင်ဆိုင်ဖို့  ကြိုးစားရင်းနဲ့ 
လှောင်ရယ်သံတွေကြားမှာ
ယုံကြည်ချက်တွေလည်း
တဖြည်းဖြည်း......အေး .....စက်...... ခဲ့..... ရ..... ပြီ....

2 comments:

မြတ်မွန် said...

မနက်ဖြန်ဆိုတာတွေကို
ရင်ဆိုင်ဖို့  ကြိုးစားရင်းနဲ့ 
ဆိုတဲ့ စကားလုံးလေးတွေ အရမ်းမိုက်တယ်။
ဘယ်ပျောက်နေလဲ ယွန်းရေ......

sosegado said...

ဒီကဗျာလေးဖတ်ပြီး သွားသတိရလိုက်တယ်၊
ကောင်မလေးတစ်ယောက်ကပြောဘူးတယ်၊
ငါ ဘယ်သူကိုမှ ကဖေးဆိုင်က မစောင့်ဘူးတဲ့၊
အထူးသဖြင့် နင့်လို ကောင်တွေကို….

About me

Blogger templates