Jun 12, 2010

အဲဒိနေ့ 




အဲဒိနေ့ က.....
ကျတော့်ခြေထောက်တွေ အဖြည်းဖြည်းနဲ့  အေးစက်ထုံကျဉ်လာတယ်။ ဖြေထောက်က ထုံကျဉ်မှူကို
သတိမပြုမိနိုင်လောက်အောင် ကျတော့်ရင်ထဲက နာကျဉ်နေတာတွေက ပိုမိုကြီးမားလွန်းနေတယ်။

အေးစက်စက် ဒီကွပ်ပစ်လေးပေါ် ကျတော် ထိုင်နေမိတာ တော်တော်ကို ကြာနေခဲ့ပြီ။ငိုစရာ မျက်ရည်
လဲမရှိတော့ဘူး။ ကျတော်ကိုယ်တိုင်ကိုက ငိုလို့ မရတော့တာ။ တော်တော်ကိုကြာခဲ့ပြီ ။

အဲဒိတုန်းက....
ကျတော်နဲ့ မနီးမဝေးနေရာလေးမှာ ကျတော့်မေမေက စာရွက်တစ်ချို့ ကို မီးရှို့ နေခဲ့တယ်
မေမေလဲ ငိုချင်နေတယ်ဆိုတာ ကျတော်သိပါတယ်။ ဒါပေမဲ့ မေမေ့ မျက်နှာမှာ မိန်းမသားတစ်ယောက်
ရဲ့ မာနအရောင်တွေနဲ့  တည်ငြိမ်နေသယောင် ထင်ရပေမဲ့ တကယ်တမ်း မေမေ့မျက်ဝန်းတွေမှာ
ဆုံးရှူံးအားငယ်မှူ အရိပ်အယောင်တွေ ရောယှက်နေခဲ့တယ်။ လက်ထဲကစာရွက်တွေကို တရွက်ခြင်း
မီးဖိုထဲကိုပစ်ထည့်နေတယ်။ ဒါတွေဟာ မေမေအမြတ်တနိုး သိမ်းထားခဲ့တဲ့ မေမေနဲ့  ဖေဖေရဲ့
ချစ်သက်သေ အမှတ်တရလေးတွေဆိုတာ ကျတော်သိနေခဲ့တယ်။

ဖေဖေနဲ့ မေမေ သိပ်ချစ်တာပဲလို့  ကျတော့်စိတ်ထဲ အမြဲ ဂုဏ်ယူခဲ့ဘူးတယ်။ တကယ်တော့ ဘ၀ဆိုတာ မထင်မှတ်တာတွေ ဖြစ်လာတတ်မှန်း ကျတော် ကြိုမတွေးထားခဲ့ပါဘူး။ အလုပ်ကိစနဲ့  ဖေဖေခရီးထွက်
ရတဲ့အခါ မေမေနဲ့ ကျတော် ဖေဖေမရှိတဲ့ အချိန်တွေကို ပျင်းတိပျင်းခြောက်နဲ့ ဖြတ်သန်းခဲ့ဘူးတယ်။
ဖေဖေခရီးထွက်ရာကပြန်ရောက်လာတဲ့နေ့ ဆို  ကျတော်တို့ မိသားစုလေး စုံစုံလင်လင်နဲ့ 
ပျော်စရာကောင်းတဲ့ နေ့ လေးတွေပါပဲ။

ဒါပေမဲ့ အလုပ်သိပ်များတဲ့ ဖေဖေဟာ တဖြည်းဖြည်းနဲ့  မိသားစုအပေါ် ဂရုစိုက်မှူတွေ လျော့နည်းလာခဲ့တယ်။
အိမ်ကိုပြန်မအိပ်တဲ့ရက်တွေ များလာတယ်။ ခရီးထွက်များလာသလို ကျတော်တို့ မိသားစု မျက်နှာခြင်းဆိုင်
ရတဲ့အချိန်တွေ သိပ်နည်းလာခဲ့တယ်။ ရန်တခါမှ မဖြစ်ဘူးတဲ့ ဖေဖေနဲ့ မေမေဟာ ခပ်ကျိတ်ကျိတ် ရန်ဖြစ်
တတ်လာတယ်။ အဲလိုနေ့ မျိုးဆိုရင် မေမေ့မျက်နှာမကောင်းဘူး။ မေမေ့ကိုကြည့်ရင်း ကျတော် ၀မ်းနည်း
နေမိသလို ရန်ဖြစ်ပြီးတိုင်း အိမ်ပြန်မအိပ်တဲ့ ကျတော့်ဖေဖေကိုလည်း ကျတော် ထူးဆန်းအံ့သြလာမိတယ်။

 ဖေဖေအိမ်ပြန်မအိပ်တဲ့ညတွေဆို မေမေဟာ အိမ်ရှေ့ဝရန်တာလေးမှာ အတော်ကြာအောင်
ခေါက်တုံ့ခေါက်ပြန် လျောက်နေလေ့ရှိတယ်။တခါတရံ ပက်လက်ကုလားထိုင်ပေါ် မှာစာဖတ်ရင်း
ဖေဖေပြန်အလာကို စောင့်နေခဲ့တယ်။ မေမေ့မျက်ဝန်းတွေက နီရဲ ပြီး အစ်မို့ နေတယ်။
မေမေဟာ တခုခုကို လက်လွတ်ဆုံးရှူံးလိုက်ရသလိုမျိုး တုန်လှူပ်ခြောက်ခြားနေသလိုပဲ။ တခါတလေ အပြင်ဘက်ကိုငေးပြီး မသိမသာ မေမေမျက်ရည်ဝဲနေတတ်တယ်။
ဒါပေမဲ့ အခုချိန်မှာတော့ မေမေမျက်ဝန်းမှာ ခြောက်ကပ်ကပ်အရိပ်အယောင်ကလွဲလို့ 
ကျန်တာရှာမတွေ့ ခဲ့ပါဘူး။

ကျတော့်ရင်ထဲမှာ တဆစ်ဆစ်နာနေသလို ဘယ်သူ့ ကိုဘယ်လို အပြစ်တင်ရမှန်း မသိအောင်
ေ၀၀ါးပျောက်ဆုံးနေခဲ့တယ်။ ကျတော့်တကိုယ်လုံး စိုစွတ်အေးစက်နေတယ်။ မိုးရေစက်တွေက
ကျတော့်ပုခုံးပေါ် ခုန်ဆင်းကြွေကျလာကြတယ်။မေမေကကျတော့်ကိုထွေးပွေ့  နှစ်သိမ့်တယ်။
မေမေ့ရင်ခွင်ဟာ အရင်တုန်းကထက်ပို နွေးထွေးနေသလိုပဲ။ မေမေ့၇င်ခွင်ထဲခေါင်းတိုးပြီး
ကျတော်တိတ်ဆိတ်နေခဲ့တယ်။ ကျတော့်မှာ ဖေဖေနဲ့ပတ်သတ်ပြီး ငိုစရာ အင်အား မရှိတော့လို့ပါပဲ။

အဲဒိနေ့ ဟာ
ကျန်ခဲ့တဲ့ မေမေနဲ့ ကျတော်အတွက် မိုးပြိုတဲ့နေ့ လို့ ဆိုရလေမလား။ ဖေဖေဟာ မေမေမဟုတ်တဲ့
တခြားသူစိမ်းမိန်းမတစ်ယောက်နဲ့  လက်ထပ်လိုက်တဲ့နေ့ ။ကျတော်နဲ့ မေမေကို အပြီးအပိုင် စွန့်ခွာ
ခဲ့တဲ့နေ့ ။ ကျတော့်အတွက် မိုးကောင်းကင်ပျောက်ဆုံးခဲ့ရတဲ့နေ့ပါပဲ။

ချစ်ခင်လေးစားစွာဖြင့်
ယွန်း

6 comments:

ပူးတေ said...

သနားစရာနော်... လောကမှာ အဲလိုအဖေမျိုးတွေ မရှိသင့်တော့ဘူး။ တပင်လဲလို့ တပင်ထူတယ်ဆိုတာတောင်မှ ကျန်ခဲ့တဲ့ သားသမီးအတွက် စဉ်းစားပေးသင့်တယ်လို့ထင်တယ်....

အရေးအသားလေးကောင်းတယ်... ဆက်ရေးဦးနော်။ အားပေးနေပါတယ်

said...

မိသားစုအပေါ်သစ္စာမရှိတဲ့အဖေမျိုးတွေရှိသလို ခင်ပွန်းနဲ.သားသမီးတွေရဲ.မျက်နှာကိုမထောက်ထားတဲ့မိန်းမတွေလည်းရှိပါသေးတယ်။ အဓိက ကတော့လူပါပဲ ယောက်ျား၊မိန်းမ ရယ်မှမဟုတ်ပါဘူး သစ္စာမရှိတဲ့သူတွေကတော့ရှိနေအုံးမှာပါပဲ။
မိသားစုပြိုကွဲခြင်း မှကင်းဝေးကြပါစေ။

mg lay said...

ဖတ်ရတာ မွန်းကြပ်သလိုခံစားလိုက်ရတယ်....
သနားစရာကောင်းလို့ပါ
ဆက်အားပေးနေမယ်ခင်ဗျ

ရွှေရတုမှတ်တမ်း said...

မုန့်ပဲဝေစားချင်တာကိုး...အချစ်ကို ဝေမယူနိုင်တော့...
အင်း.....ပြဿနာတခုကို စောစောကထဲက ညှိယူအဖြေရှာခဲ့ရင်...
ဒီလောက်ထိ ကြီးထွားလာမယ်မထင်ဘူး

မြတ်မွန် said...

ဟင့် ငိုချင်လိုက်တာ..
ဒီလိုအဖြစ်တွေ မကြုံပါရစေနဲ့..
လူတိုင်း သစ္စာတစ်ရားကို ရင်ဝယ်ပိုက်နိုင်ပါစေ..။

ရေးတဲ့လူ သိပ်တော်လို့..မျက်ရည်ဝဲရပီ..။

Anonymous said...

ငိုမိပါသည်ကျမနဲ့သားလေးလဲအဲ့လိုဖြစ်ခါနီးနေပါပီ

There was an error in this gadget

About me

Blogger templates