Jul 7, 2010

ဟယ်ရီပေါ်တာ မှော်ကစားကွင်း ဖွင့်လှစ်

ဇွန်လ ၁၈ ရက်နေ့ က စပြီး ဟယ်ရီပေါ်တာကစားကွင်းကို အမေရိကန်နိုင်ငံ ဖလော်ရီဒါ တွင် ဖွင့်လှစ်ခဲ့ပါတယ်။
ထိုကစားကွင်းကြီးကို အချိန်၅နှစ်တာ အချိန်ယူပြီး တည်ဆောက်ခဲ့ရသည်။ လာရောက်လည်ပတ်သူများမှာ
ဟယ်ရီပေါ်တာ လောကထဲသို့  တကယ်ရောက်ရှိ နေသကဲ့သို့  ခံစားကြရမည်ဖြစ်သည်။
ဖွင့်ပွဲနေ့ တွင်ပင် လူ၅၀၀၀ကျော်မှာ ကစားကွင်းထဲသို့ ဝင်ရန် တန်းစီစောင့်မျော်နေကြသည်ဆို၏ ။








ဖွင့်ပွဲအခန်းအနားကို ဟယ်ရီပေါ်တာမင်းသား DANIEL RADCLIFFE နှင့် တွဲဖက်သရုပ်ဆောင်
 RUPERT  GRINT  နှင့် ဟယ်ရီပေါ်တာ ဇာတ်ကားတွင် ပါဝင်သူအချို့  တက်ရောက်ခဲ့ကြသည်။

(သူတို့ ပုံလေးတွေက ရုပ်ရှင်ထဲက အမြဲတွေ့ နေမြင်ကျ ၀တ်စားပုံမဟုတ်ပဲ  အပြင်ဝတ်စုံလေးတွေနဲ့ ဆိုတော့  မျက်လုံးထဲမှာ တမျိုးလေးဆန်းနေသလိုပါပဲ )


Grand Opening Kickoff Celebration




(ဟယ်ရီပေါ်တာ စာအုပ်ရေးသူ စာရေးဆရာမ J.K.ROWLING (အပြာရောင်ဝတ်စုံနှင့် )







အရမ်းမိုက်တယ်...ကြည့်ရင်းနဲ့တောင် ရောက်ဖူးချင်လာပြီ.. :P


 






ပုံတွေကြည့်ပြီးတော့အဲဒိနေရာကို အလည်တစ်ခေါက်လောက်တော့ ရောက်ဖူးချင်မိတယ်။
သူငယ်ချင်းတို့ စိတ်ဝင်စားမယ်ဆို၇င် ဒီနေရာလေးမှာ  သွားကြည့်နိုင်ပါတယ်။ အဲဒိပန်းခြံထဲကို
တကယ်ရောက်သွားသလို ခံစားစေနိုင်တဲ့ 3Dပုံရိပ်လေးတွေပါ။ တမျိုး ပျော်စရာတော့ကောင်းပါတယ်။
အပြင်မှာသွားမယ်ဆိုရင်တော့လက်မှတ်တွေက
လူကြီး >>>170 US
ကလေး (၃နှစ် -၉နှစ်)>>> 150 US

( p.s လက်မှတ်တွေဈေးကြီးလို့  ယွန်းတော့ မသွားနိုင်သေးဘူးးးးး ဒီပိုစ့်ကို ဖတ်မိတဲ့ သူငယ်ချင်းတို့ 
သွားကြမယ်ဆိုရင်တော့ ဒီပို့ စ်ကိုရေးမိတဲ့  ယွန်းအပြစ်ဟုတ်ကြောင်းပါ :D )

ချစ်ခင်လေးစားစွာဖြင့်
ယွန်း

12 comments:

ရေသန့်  said...

သွားချင်တယ်..ဒါပေမယ့် ....

မောင် လေး said...

ပုံတွေကြည့်ပြီး သွားရည်တောက်တောက်ယိုသွားပါကြောင်း...။

SHWE ZIN U said...

ညီမရေ မျှဝေမှု့တွေ အတွက် ကျေးဇူးပါနော်

သူကြီးမင်း (တုံးဖလား) said...

ရောက်ဖူးချင်လိုက်တာ။ တကယ့်ကို သားသားနားနားပါဘဲ။

သူကြီးမင်း (တုံးဖလား) said...

နောက်လဲ အလည်လာရအောင် လင့်ခ်ပါ တစ်ခါထဲ ယူသွားပါတယ်။

ယွန်း said...

kokomaung.uk >>> လင့်ခ်သွားတဲ့အတွက် ကျေးဇူးနော် ..

မြတ်မွန် said...

သွားချင်တယ် ယွန်းရေ..
ဓာတ်ပုံတွေ ရိုက်လို့ကောင်းမယ်နော်..။

ယွန်း said...

မြတ်မွန် >>> အကြံတူနေပြီ :p

မိုးခါး said...

အရမ်းမိုက်တာပဲ .. သွားချင်လိုက်တာ .. :D

မြစ်ကျိုးအင်း said...

ပုံတွေ ကြည့်ပြီး ရောက်ချင်လိုက်တာ
ဟယ်ရီပေါ်တာနဲ့ ပါတ်သတ်ပြီး စာအုပ်ရော ရုပ်ရှင်ရော အမှတ်တရပစ္စည်း အတွက်ရော လူတွေသုံးစွဲခဲ့တဲ့ ဝင်ငွေကအများကြီးပဲ ဖြစ်မှာနော်။

နေပြည်တော်မှာ ဖွင့်မှာပဲ သွားလိုက်တော့မယ်း)

ယွန်း said...

မြစ်ကျိုးအင်း>>> နေပြည်တော်မှာ ဖွင့်ရင် လက်တို့ လိုက်ဦး..
ယွန်း လည်းသွားချင်လို့ ...:p

Layyuu said...

Thanks .... I really love that place :D Universal Orlando !!!!

About me

Blogger templates