Jul 15, 2010

အသွင်တူ၏ မတူ၏


ဘုရားသခင်က လူယောကျာ်းရဲ့  နံရိုးတစ်ချောင်း နဲ့  လူမိန်းမကို ဖန်ဆင်းခဲ့သတဲ့။
လူယောကျာ်းရဲ့  နံရိုးနဲ့  လူမိန်းမဖြစ်လာရတဲ့အတွက် ထိုသူနှစ်ယောက်ပေါင်းမှ လူတစ်ယောက်ဖြစ်တယ်လို့ 
အဆိုရှိကြတယ် ။ လက်ထပ်ထိမ်းမြှားခြင်းဆိုတာ လူသားနှစ်ယောက်ကို တစ်ယောက်ထဲဖြစ်အောင်
ပေါင်းစည်းလိုက်ကြတာပါပဲ ။နှစ်ရွက်ပေါင်းမှတစ်ရွက်ဖြစ်တဲ့ စွယ်တော်ရွက်လိုပေါ့ ။




 အိမ်ထောင်ရေးတစ်ခုမှာ အသွင်တူတာ မတူတာကသိပ် အရေးမကြီးဘူးလို့ ထင်တာပါပဲ..။
ကိုယ့်မှာရှိတဲ့ လက်၅ချောင်းတောင်မှ အတိုအရှည်မတူညီကြသေးတာ ၊ အမေတစ်ယောက်တည်းက
မွေးကြတဲ့ မောင်နှမသားချင်းတွေတောင်မှ တစ်ယောက်နဲ့တစ်ယောက် စိတ်နေသဘောထား မတူညီကြသေးရင်
ဘာမှမတော်တဲ့ သူစိမ်းနှစ်ယောက် ပေါင်းဖက်ကြဖို့ အသွင်တူကြဖို့ ဆိုတာ
၅၀% ပါပဲ ။ ဒါပေမဲ့ ချစ်ခြင်းနဲ့ ချည်နှောင်ပြီး ထိုသူနှစ်ယောက်ဟာ တချို့ မတူတဲ့နေရာလေးတွေမှာ
တူညီလာတတ်ကြပါတယ် ။ဥပမာ အ၇င်က ကိုယ်မကြိုက်လို့ မစားတဲ့တတ်တဲ့ အ၇ာလေးတွေကို
သူနဲ့ လက်ထပ်ပြီးမှ သူစားလို့ ကိုယ်ကလိုက်စားကြည့်ရင်း စားတတ်သွားတာတို့  ကြိုက်သွားတာတို့
ရှိတတ်ပါတယ်။ ဒီလိုလေးတွေပေါ့ ။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခြင်းနဲ့ ပေါင်းစည်းရင်းက
တူညီသွားတာလေးတွေပါ ။သူနဲ့ကျမနဲ့ ကြားမှာလည်း  ညှိယူရင်း တူညီသွားတာလေးတွေ ရှိသလို
မတူညီ တာလေးတွေလည်း ရှိပါတယ်။


ရုပ်ရည်သွင်ပြင်
ကျမတို့ နှစ်ယောက်က တစက်မှရုပ်ခြင်းမဆင်ကြပါဘူး ။ကျမက တရုတ်လိုလို
မျက်နှာပေါက်မျိုးရှိပြီး သူကတော နှာတံချွန်ချွန်  တိုင်းရင်းသားမျက်နှာပိုင်ရှင်ပါ ။
(သူငယ်ချင်းတွေကတော့ သူကပိုချောတယ်လို့ ပြောကြတာပဲ :D )
တစ်ယောက်မှလည်း ရုပ်ခြင်းဆင်တယ်လို့ မပြောကြသလို ရုပ်ခြင်းဆင်တယ်လို့ တခါမှလည်းမထင်မိခဲ့ဘူး။


မိသားစု
သူကမောင်နှမများများရှိသူ၊ ကျမကတော့ တစ်ဦးတည်းသောသမီး ။
မောင်နှမတွေထဲမှာသူက ဒုတိယဆိုပေမဲ့ သူ့ ကိုယ်သူ အကြီးဆုံးတစ်ယောက်လို တာဝန်သိတတ်သူ ။
ကျမကတဦးတည်းသောသမီးပီပီ သူ့ အပေါ်အနိုင်ကျင့် ဗိုလ်ကျတတ်သူ ။


ဝါသနာ
သူက ဂီတကိုအသေအလဲ နှစ်သက်မြတ်နိုးသူ ။ အဆိုရော အတီးရော ကျွမ်းကျင်သူ။
ကျမက စာဖတ် ၀ါသနာပါသူ ။ ဘလော့ရေးရတာနှစ်သက်သူ ။
သူရောကျမရော ခရီးထွက်ရတာ ကိုနှစ်သက်သလို သီချင်းနားထောင်တာ ၊
သီချင်းဆိုတာတော့ နှစ်ယောက်လုံး ၀ါသနာပါကြပြန်ရော။


လူမှူရေး
သူက သူများကို ကူညီရလျှင် အိမ်ကမိသားစုကိုတောင်မေ့နေတတ်သူ ။
ပြီးတော့နှစ်ယောက်စလုံး လက်ဖွာတာခြင်းလည်း တူကြတယ်။
အပေါင်းအသင်းနဲ့ တွေ့ ရင် ကိုယ့်အိပ်ကပ်ထဲကအရင် ထုတ်ပြီးနေပြီ။
အပေးအကမ်း ရက်ရောတာ ခြင်းလည်းတူတယ် ။သနားတတ်တာခြင်းလည်း တူတယ် ။


စိတ်နေစိတ်ထား
သူက သူများကိုသိပ်အားနာတတ် ၊သနားတတ် တယ် ။အဲဒါကြောင့် ခဏခဏ ခံရတယ် ။
အားနာတာကိုအခွင့်ကောင်းယူပြီး တချို့ က သူ့ ကို အသုံးချသွားတတ်ကြတယ် ။
သိသိကြီးနဲ့ လည်းမသိချင်ယောင်ဆောင်ပေးတတ်တယ် ။ အားနာလို့ တဲ့ ။
ကျမကတော့ အားနာတာကို အတိုင်းအတာနဲ့ ပဲထားပါတယ် ။ပြောသင့်တယ်ထင်၇င်
ပြောစရာရှိတာကို ပြတ်ပြတ်သားသား ပြောတယ် ။ တခါတလေ ကျမအစား သူက ကြားထဲကနေ
ဝင်ပြီး အားနာနေတတ်ပါသေးတယ် ။ပြီးတော့ သူက စိတ်ရှည် တတ်ပါတယ်။
တော်ရုံ စိတ်မဆိုးတတ်သလို စစ နောက်နောက်နေတတ်ပါတယ် ။အဆိုးပဲ ကြုံကြုံ
အကောင်းပဲကြုံကြုံ မျက်နှာတချက်မပျက်တာ၊ ပျော်ပျော်နေတတ်တာ သူ့ သဘာဝ ။ကျမကတော့
ဝမ်းနည်းစရာတွေ့ ရင်  စိတ်ကိုတင်းမထားတတ်သလို ပျော်စရာတွေ့ ရင်လည်း ဟန်မဆောင်တတ်ခဲ့ဘူး။
ဒါပေမဲ့ သူရောကျမရော အလှူလှူတဲ့အခါ ဘယ်လက်ကလှူတာကို ညာလက်ကမသိစေနဲ့  ဆိုတဲ့ ခံယူချက်ခြင်းက တူနေကြပြန်ရော ။


အစားအသောက်
သူက တိုင်းရင်းသားပီပီ ပေါက်ကရအသားအစုံစားရဲပေမဲ့ ကျမကတော့ အသီးအရွက်ကို
ပိုကြိုက်နှစ်သက်သူ။သူက ဖားသား၊ တောကြောင်သား ၊ဒရယ်သား ၊ယုန်သား စတာတွေကို
ကြိုက်သလို ကျမကတော့ ကြောင်သားဆို အနံ့တောင်ခံလို့ မရသူပါ။ ကြောက်တာလည်းပါတာပေါ့  ။
ငါးကတော့ နှစ်ယောက်လုံး နှစ်သက်ကြပေမဲ့ ပင်လယ်စာဆိုရင် ကျမကပုဇွန်ကလွဲလို
တခြားဟာသိပ်မစားတတ်သူ၊ သူကတော့ ပင်လယ်စာကိုအမျိုးမျိုး လုပ်စားတတ်သူ ။
သူကကော်ဖီကြိုက်တတ်သူ ကျမကတော့ လဘ္ကက်ရည် ချိုချိုလေးမှကြိုက်တတ်သူ ။




အချက်အပြုတ်
ကျမကမြန်မာ ထမင်းဟင်းကလွဲလို့  ကျန်တာ မချက်တတ်ပေမဲ့ သူက မြန်မာအစားအစာ အပြင် မုန့် မျိုးစုံ၊
မုန့် ဟင်းခါး၊ ကြက်ဆီထမင်း ၊စသဖြင့် အကုန် လုပ်တတ်ပါတယ်၊ အဲဒါကြောင့် သူကပဲ ကျမကိုပြန်ချက်ကျွေး
လေ့ရှိတယ်။ ဟဲဟဲ..ဒါကလည်း ကုသိုလ်ကံတစ်မျိုးပေါ့နော် ။


အမူအကျင့်
သူက အပြင်ကပြန်လာရင် အကျီင်္ချွတ်ပြီး ဆိုဖာခုံတွေပေါ်မှာ တင်ထားတတ်တယ် ၊ ကျမက အကျီင်္ဆို ချိတ်နဲ့ 
ချိတ်ထားမှကြိုက်တယ်၊ သူက ကွန်ပြူတာဆို ရုပ်ရှင်ကြည်ဖို့ လောက်ကလွဲလို့ ကျန်တာစိတ်မ၀င်စားသူ ။
ကျမက ကွန်ပြူတာကြောင်းကို အစအဆုံးသိချင်သူ ။နှစ်ယောက်လုံးဈေးဝယ်ထွက်ရတာခြင်း ၀ါသနာတူသူ ။



အတွေးအခေါ်
ဒါကတော့နှစ်ယောက်စလုံး  တော်တော်များများတူတယ် ။ဘ၀အတွက်ရည်မှန်းထားတာတွေလည်းတူတယ် ။
ဒါပေမဲ့ သူက ကျမထက်ပိုတွေးတတ်တယ်။ ပိုပြီးဘ၀အတွေ့ အကြုံရှိတယ် ။ (ကိုယ့်ငါးးချဉ် ကိုယ်ချဉ်တာမဟုတ်ပါ):D ကျမမှားတဲ့ အခါတွေမှာလည်း အမှန်ပေါ်ရောက်အာင် ပြုပြင်ပေးတတ်လို့ 
တူညီလာတာလေးတွေလည်း ရှိပါတယ်။




အချစ်
ဒါကတော့ ပြောစရာတောင် မလိုတော့ဘူးထင်ပါတယ် ။ ချစ်ခြင်းမှာတူတာမှ ကျမကတောင်ပိုသေးလို့  ပြောရမလားပဲ...။
အဟိ။


အသွင်မတူပေမဲ့ အိမ်သူဖြစ်လာတဲ့ ကျမနဲ့ သူ့ အကြောင်းလေးကိုရေးဖို့  တဂ်လာတဲ့ မမချစ်ကြည်အေး
ကိုလည်းကျေးဇူးတင်ပါတယ် ။ နောက် ဒီပိုစ့်လေးကို ဆက်ပြီး တဂ်လို့ရအောင်  ချစ်သူရှိတဲ့ 
သူငယ်ချင်းများ ၂၀၁၂ အမီ အမြန် လှူပ်ရှား လိုက်ကြပါလို့  ဆော်သြလိုက်ရပါကြောင်းးးး




အားလုံးကို ချစ်ခင်လေးစားစွာဖြင့်
ယွန်း

23 comments:

သူကြီးမင်း (တုံးဖလား) said...

အားကျစရာကောင်းလိုက်တဲ့ စုံတွဲပါလား။ အကြံတူရင် ရန်သူ၊ အသွင်မတူ အိမ်သူမဖြစ်။ စကားပုံတွေကတော့ အမျိုးမျိုးပါဘဲ။ ဒါပေမဲ့ အားလုံးပြောဆိုနေကြသလို ချစ်တာတစ်ခုတူနေတာနဲ့တင် ၅၀ လောက်က ပြီးနေပြီ။

ပျော်ရွှင်ကြည်နူးနိုင်ပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

ညီမ ရေ

ဖတ်သွားပြီနော် ပျော်စရာကြီးပါ ရာသက်ပန် ချစ်ခင်ပျော်ရွှင်နိုင်ကြပါစေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ရေသန့်  said...

အချစ်တူနေတော့ တခြားဟာတူတူ မတူတူ မပူရဘူးပေါ့ နော်

နေ၀သန် said...

ဒီတဂ်ပို့စ်လေးတွေက သိပ်ဖတ်လို့ကောင်းတာပဲ...း))))).. တူတူမတူတူ သာယာချမ်းမြေ့နေရင် ပြီးတာပဲနော့ မယွန်း

ခင်မင်တဲ့
နေ၀သန်

သဒ္ဓါလှိုင်း said...

အချိန်ပေးပြီးလာတဲ့အတွက်ကျေးဇူးတင်ဝမ်းမြောက်မိပါတယ်..။
အသွင်တူတူမတူတူနားလည်မှုတွေနဲ့ချစ်ခြင်းတွေနဲ့ပြည့်နေမဲ့ဘဝ
လေးကသိပ်ကိုသာယာနေမှာပါ.။
လင့်ချိတ်ထားလိုက်ပါတယ်.
ခင်မင်စွာ
သဒ္ဓါ

ဇော်သိင်္ခ said...

နောက် ဒီပိုစ့်လေးကို ဆက်ပြီး တဂ်လို့ရအောင် ချစ်သူရှိတဲ့ 
သူငယ်ချင်းများ ၂၀၁၂ အမီ အမြန် လှူပ်ရှား လိုက်ကြပါလို့  ဆော်သြလိုက်ရပါကြောင်းးးး

ချစ်သူမရှိသေးတဲ့သူတွေလည်း.. 2012 အမှီတော့ လှုပ်ရှားထားမှ ဖြစ်မယ်ဗျ.. တော်ကြာ ကမ္ဘာပျက်တဲ့ အထဲပါသွားရင်... ဒီအကြောင်းတွေ မခံစားလိုက်ရဘဲ ဖြစ်သွားမယ်..
ခင်မင်စွာဖြင့် 
စာတွေ လာဖတ်သွားပါတယ်..

ခိုင်နုငယ် said...

ခုတလော..ဘယ်မှာကြည့်ကြည့်..
အသွင်တူ၏..မတူ၏...
ချစ်ခြင်းတွေသီထားပုံတွေက..
အားကျစရာပါပဲ။
ချစ်ခြင်းမှာပြီးပြည့်စုံစွာနဲ့လျှောက်လှမ်းနိုင်ကြပါစေနှော်.။
လာလည်သွားသည့်အတွက်လည်းကျေးဇူးပါ..
လင့်ခ်ချိတ်ပေးသည့်အတွက်လည်းကျေဇူးပါရှင်။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

မောင် လေး said...

တခြားဘာမှမတူရင်တောင် အချစ်တခုတည်း တူတာနဲ့တင်
ပြည့်စုံ သွားပြီ ဆိုပါတော့....

ငွေလမင်း said...

အချစ်တူတာတစ်ခုတည်းနဲ့ပြည့်စုံသွားပါပြီ

အင်ကြင်းသန့် said...

ယွန်းရေ....သဘောကျနှစ်ခြိုက်စွာ ဖတ်သွားပါတယ်။ ငါ့သူငယ်ချင်းလေးတို့စုံတွဲ ထာဝရပျော်ရွှင်စွာ ပေါင်းသင်းနေထိုင်သွားနိုင်ကြပါစေ....း)))

ချော(အစိမ်းရောင်လွင်ပြင်) said...

တူတာနဲ့မတူတာတွေကြားက ပျော်စရာ ဘ၀လေး၂ခုက အားကျစရာအတိပါဘဲ
ရာသက်ပန်ပျော်ရွှင်ချမ်းမြေ့ပါစေရှင်..

လသာည said...

အချစ်တူရင် ပြီးရော..သို့သော် ဒီဇာတ်လမ်းမှာ ယွန်းက ပိုသည်ပေါ့ ဟုတ်လားး))

ရေးထားတာ ပျော်စရာလေးနော်။ အသွင်တူတူ မတူတူ ချစ်ခြင်းတူစွာဖြင့် ဆက်လက်ပျော်ရွှင်စွာ သက်ထက်ဆုံး ချစ်ခရီးလျှောက်လှမ်းနိုင်ပါစေ.. လို့

မြစ်ကျိုးအင်း said...

အသွင်တူ မတူထက် အလိုက်တသိနဲ့ လေးစားမှုလေးတွေ ထားရှိဖို့ ပိုအရေးကြီးတယ် ထင်မိတယ်။ ဘယ်သူမှားမှား သီးခံ ခွင့်လွှတ် ရှေ့ဆက်နေသ၍ ဘဝလမ်းက သာယာ နေမှာပါပဲ။

ဒီလိုပို့စ် မျိုးတော့ ရေးခွင့်မရှိသေးပါဘူးကွယ်..။

blackroze said...

ဖတ်ရတာစိတ်ချမ်းသာစရာကောင်းလိုက်တာ

တကယ်တော့အချစ်တစ်ခုထဲကဘဲအရာရာကို

ပြည့်စုံစေပါတယ်လေ...

~ဏီလင်းညို~ said...

ယွန်းရေ......

တက်ဂ်ပို့စ်လေးလာဖတ်တယ်........။
“သူက သူများကိုသိပ်အားနာတတ် ၊သနားတတ်တယ် ။အဲဒါကြောင့် ခဏခဏ ခံရတယ် ။
အားနာတာကိုအခွင့်ကောင်းယူပြီး တချို့ က သူ့ ကို အသုံးချသွားတတ်ကြတယ် ။
သိသိကြီးနဲ့ လည်းမသိချင်ယောင်ဆောင်ပေးတတ်တယ် ။ အားနာလို့ တဲ့ ”........
ဆိုတာလေးကိုဖတ်ရင်း.......သဘောကျမိတယ်......။
ဟုတ်တယ်........။
ကျွန်တော်လည်း.......အဲ့သလိုပဲ.....။
အားသိပ်နာတာ.......။
ယောက်ျားလေးတချို့ရဲ့စရိုက်မှန်ပဲထင်ပါရဲ့လေ......။
(မျှစ်.....က ကြေငြာဝင်သွားသေးသည်။း))

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

ချိုကျ said...

၂၀၁၂ လားတော်တော်ဝေးသေးတယ်နော် ခုပဲလှုပ်ရှားလိုက်တော့မယ်လေ :) နောက်တာ ဟီး

ခင်တဲ့(ချိုကျ)

မြတ်မွန် said...

အင်း အားတွေ ကျတယ် ယွန်းရေ..
ဒီတက်ပိုစ့်လေးတွေ လိုက်ဖတ်ပြီး အားတွေ ကျကျနေလို့
ကောက်ကောက်တင်နေရတယ်..
အရမ်း ချစ်စရာကောင်းတဲ့စုံတွဲလေးပဲနော်..။

Anonymous said...

ပီတိအပြုံးနဲ့ ဖတ်မိပါတယ် ယွန်း၊
ခင်မင်လို့ စာတွေ လာဖတ်သွားတဲ့ အတွက်လည်း ကျေးဇူးနော်၊

ခင်မင်လျှက်

ယွန်း said...
This comment has been removed by the author.
ယွန်း said...
This comment has been removed by the author.
ယွန်း said...

လာဖတ်ကြတဲ့ သူငယ်ချင်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်နော်

ချစ်ကြည်အေး said...

ညီမယွန်းရေ...ချစ်စရာ စုံတွဲလေးပါပဲ...ညီမတို့က ငယ်ပေမဲ့ နားလည်မူနဲ့ ချစ်ခြင်းတွေ တူနေကြတာလေ ပြီးတော့ သားလေးရဲ့ ပေါင်းစပ်မှုနဲ့ သိတ်ပြည့်စုံသွားပြီ ပေါ့...

ပျော်ရွှင်စွာရေးပေးလို့ ကျေးဇူးပါ ညီမရေ...:)

Maung Myo said...

ချစ်သူရှိတဲ့ 
သူငယ်ချင်းများ ၂၀၁၂ အမီ အမြန် လှူပ်ရှား လိုက်ကြပါလို့  ဆော်သြလိုက်ရပါကြောင်းးးး

ချစ်သူ ခုချိန်ထိ မရသေးတော့ 2012 ကျရင် ကိုယ့်မှာတော့ တစ်ယောက်တည်း ဖြစ်ရမယ့် အဖြစ်ပေါ့ ။

ကြည်နူးစရာလေးဖတ်ရတာ ။

About me

Blogger templates