Jul 22, 2010
ကလိကလိ ပြုံးစိစိ
(၁)ကွန်ပြူတာ သမားဆိုတာ
အိုင်တီနည်းပညာတွင် က၀ိတဆူဖြစ်သူ ကွန်ပြူတာ သမားတစ်ယောက်သည် လမ်းဖြတ်ကူးနေစဉ်
စကားပြောတတ်သော ဖားပြုပ်တစ်ကောင်နှင့်တွေ့ သည်။ ဖားပြုပ်ကပြောသည်။
"ရှင်ကျမကို နမ်းလိုက်ရင်  ကျမဟာသိပ်လှတဲ့ မင်းသမီးလေးအဖြစ် ဘ၀ပြောင်းသွားလိမ့်မယ်
ရှင်နဲ့ တပတ်အတူနေပြီး လိုတာမှန်သမျှ အကုန်လုပ်ပေးမယ်"
အိုင်တီကျွမ်းကျင်သူက ပြုံးလိုက်ပြီး ဖားပြုပ်ကိုယူပြီး အိပ်ကပ်ထဲထည့်သည်။ ဖားပြုပ်က ပြန်ပြောသည်။
"ကျမပြောတာကြားရဲ့ လား ဘာမဆို တပတ်တိတိ လုပ်ပေးမယ်လေ"
အိုင်တီသမားက မသိသလိုနေ နေသည်။ ဖားပြုပ်က အော်ပြော လိုက်သည်။
"ဟေးး ရှင် ဘာနောက်တောက်တောက်လုပ်နေတာလဲ..ဒါ ငြင်းစရာမဟုတ် ဘူးရှင့်.."
အိုင်တီသမား ကပြန်ပြောသည်။
"ဒီမှာ ငါက ကွန်ပြူတာ အိပ်စပတ်ကွ၊ရည်းစားရှာဖို့ အချိန်မရှိဘူး ဒါပေမဲ့ အခု စကားပြောတတ်တဲ့ ဖားပြုပ်ကိုရပြီဆိုတော့ ဒါကမှ ဟန်ကျတာပဲဟေ့..."
(၂)ဒီလိုဆို တို့ လည်းလျှောက်မယ်
သူငယ်ချင်းတစ်ဦးနှင့် ကျတော် အစ္စရေးသို့ အလည်သွားကြသော်အခါ ဂါလိလဲရေအိုင်ကြီးတွင်
လှေငှားစီးရန် ဆုံးဖြတ်ကြသည်။ လှေသမားက မိုးထိမြင့်သော ဈေးကိုဆိုသည်။
ကျတော့ သူငယ်ချင်းက မယုံနိုင်စွာဖြင့် အော်မေးသည်။
"ခင်ဗျားနောက်နေတာလား"
လှေသမားက ကာကွယ်ပြောသည်။
"ဒီရေဟာ ခရစ်တော်ကိုယ်တိုင် ဖြတ်လျှောက်ခဲ့တဲ့ ရေဗျ"
"လှေငှားခ ဒီလောက်ဈေးကြီးမှတော့  ဖြတ်လျှောက်တာအံ့စ၇ာမရှိပါဘူးး"
(၃)အဘိုးဖြစ်သွားတဲ့ အဘွား
ကျမအဘွားသည် ယဉ်မောင်းဌာနတွင်  ယဉ်မောင်းလိုင်စင်ကို အသစ်တစ်ခုသွားလဲသည်။
 အမှားတစ်ခုကို သူမသတိပြုမိသည်။ မိန်းမနေရာတွင် အမှန်ခြစ်ရမည်ကို ယောက်ျားနေရာတွင်   ခြစ်ထားသည်ကိုတွေ့ ရသည်။ စိတ်ကသိကအာက်ဖြစ်ပြီး ခပ်ရှက်ရှက်ဖြင့် တန်းဝင်စီပြီး
စိတ်ရှည်ရှည်နှင့် စောင့်ကာ စာရေးအား ထိုအမှားကိုပြသည်။
"ဆောရီးဗျာ ကျတော်မှန်အောင်ပြင်ပေးပါ့မယ်"
စာရေးက ထိုသို့ပြောပြီး မိုင်ကရိုဖုန်းကိုကိုင်ပြီး ပရိသတ်အားလုံးကြားအောင် အော်ပြောသည်။
(၄)၀တ်ဆင်ပုံ အရေးကြီးတယ်
စက်ရုံများသည် အန္တာရယ်ရှိသော နေရာများဖြစ်ကြောင်းကို ကော်ရိုလာဒိုပြည်နယ် ဘိုလဒါမြို့ မှ
ကုန်ထုတ်လုပ်ရေး စက်ရုံတစ်ရုံ၏ သတိပေးဆိုင်းပုဒ်က သက်သေထူနေသည်။
"အမျိုးသမီးငယ်များသို့  သတိပေးချက်"
"ချောင်ချောင်ချိချိ အ၀တ်များဝတ်ဆင်လာပါက စက်များကို သတိထားပါ။"
"ကျပ်ကျပ်ထုပ်ထုပ် ၀တ်ဆင်လာပါက မက္ကင်းနစ်များက်ု သတိထားပါ။"
(၅)လိမ္မာပါတော့မယ်
ကျမစာသင်သော ကျောင်းတွင် ကျောင်းသားမိဘများက မေးခွန်း ပုံစံတစ်ခုကို ဖြည့်သွင်းရသည်။
မေးခွန်းများမှာ အခြေခံကျသော မေးခွန်းများဖြစ်၍ ၎င်းတို့ အထဲတွင်မေးခွန်းတစ်ခုပါသည်။
"အိမ်တွင်ပြောသော ဘာသာစကား"
၎င်းကို မိသားစုတစ်ခုက ဤသို့ ဖြေထားသည်။
"ကျိန်တွယ်သော စကားတချို့  တခါတရံသုံးပါသည် ။ သို့ သော် ကျမတို့ ရပ်ရန် ကြိုးစားနေပါသည် ။"
ချစ်ခင်လေးစားစွာဖြင့်
ယွန်း
13 comments:
thawzin said...
ရီတော့ မရီမိပါဘူး။ သိပ်နားမလည်ဘူး ဟာသတွေက။ တခုတလေးတော့ ပြုံးချင်စရာပါ။
ပြုံးရာကနေ ရီပြုံးနိုင်ကြပါစေ။
SHWE ZIN U said...
ညီမ ယွန်း ရေ
ဟာသ တွေက တွေးတွေး ပြီး ရီရတယ် ကောင်းတယ် ကျေးဇူးပါ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
သူကြီးမင်း (တုံးဖလား) said...
တစ်ခါတစ်လေတော့လဲ ပေါ့ပေါ့ပါးပါး ဟာသလေးတွေက စိတ်ကို လန်းဆန်းစေတယ်။
နေ၀သန် said...
သဘောကျစရာလေးတွေ...း))))
ခင်မင်တဲ့
နေ၀သန်
မောင် လေး said...
ယွန်း ရေ..ရီရတယ်..(ပထမဆုံး ဟာသကလွဲလို့ )
ဒုတိယ ဟာသကို အကြိုက်ဆုံပဲ..။
နွေဆူးလင်္ကာ said...
နံပါတ် ၃ အရီရဆုံးပဲ
ချိုကျ said...
နေကြပါဦးဗျ...ကျနော်လည်းရီပါရစေ ဟဟဟဟဟ :)
ခင်တဲ့(ချိုကျ)
blackroze said...
အမရေ..လာရီသွားတယ်နော်း)
ခိုင်နုငယ် said...
မယွန်းရေ..ဟာသလေးတွေတော့ကြိုက်ပါတယ်။
“ရှင်နဲ့ တပတ်အတူနေပြီး လိုတာမှန်သမျှ အကုန်လုပ်ပေးမယ်"
ကိုယ်ကပဲအိုင်ကျူမကောင်းတာပဲလား။
ဆက်မတွေးတက်တော့ပြုံးရုံပဲပြုံးသွားမိတယ်။
ခင်တဲ့
ခိုင်နုငယ်
Anonymous said...
၇ီစ၇ာလေးတွေ ဖတ်၇တော့ အသက်၇ှည်တာပေါ့ ကြိုက်ပါတယ် ၇ီစ၇ာလေးတွေကိုပေါ့ ဆက်လက်အားပေးနေပါ့မယ်
သူငယ်ချင်းအားလုံးကိုလဲ ခင်မင်လျှက်ပါ
:haha
ခင်တဲ့
လင်းမောင်
မြစ်ကျိုးအင်း said...
ပြုံးပြုံးရွှင်ရွှင်ဖတ်သွားပါတယ်ဗျာ..
ရယ်လိုက်ရတော့လဲ စိတ်ပေါ့ပါးသွားပါတယ်..
ကျေးဇူးပါ
ချော(အစိမ်းရောင်လွင်ပြင်) said...
ဖတ်ရင်းနဲ့ ကလိကလိဖြစ်ပြီး ပြုံးစိစိလေး ပြန်သွားပါတယ်..
အော် ကော်မန့်တော့ ရေးသွားလိုက်ဦးမှ..း)
ဝေလင်း said...
တစ်နဲ့ငါးကတော့ နားမလည်ဘူး..
နှစ်နဲ့လေးကတော့ ကြိုက်တယ်..
၃ကတော့ မရီရဘူးဗျ..
ဒါပေမယ့် ရယ်ဖြစ်တဲ့ အတွက် ကျေးဇူးပဲ.. :)
About me
Blogger templates