Jul 29, 2010

ရင်ဘတ်တံခါးဆီမှ





ရင်ဘတ်မှာ အသံတိတ်နဲ့

အံကြိတ် ငိုနေတဲ့ ငါ....




ဖြုန်းခနဲတော့ မဖွင့်လိုက်ပါနဲ့.................
  
ဝုန်းခနဲပွင့်သွားရင်

တစစီလိုက်ကောက်ရမှာ

မရိပါနဲ့ ............
မထိတထိ ကလိတာတောင်.........

ရင်ဘတ်ကိုထိတယ်
တကယ်..............

နင် မချစ်တော့ဘူးဆိုရင်လေ.......................

ရင်ခွင်တခါးကိုသော့ခတ်

ပျော့ဖတ်ဖတ်အပြုံးတွေနဲ့  ငါ..........

စကားလုံးမရှိအောင် အထီးကျန်နေတော့မယ်.......

 
(ခုတလော ဘလော့ဂါတွေအကုန်လုံး လွမ်းနေကြလို့   ကိုယ်လဲ လိုက်လွမ်းကြည့်တာ :P)

ချစ်ခင် လေးစားစွာဖြင့်
ယွန်း

21 comments:

thawzin said...

ကဗျာလေး အရမ်းကောင်းပါတယ်

ခိုင်နုငယ် said...

“ဖြုန်းခနဲတော့ မဖွင့်လိုက်ပါနဲ့

ဝုန်းခနဲပွင့်သွားရင်

တစစီလိုက်ကောက်ရမှာ”

အဲတာကြောင့်မို့..ခိုင်နုငယ်လည်း
သော့ခတ်ထားလိုက်ပြီ။နှော် :P):P)

ခင်မင်စွာဖြင့်
ခိုင်နုငယ်

ညိမ်းနိုင် said...

လာပြီး လွမ်းသွားပါတယ်...ယွန်းရေ..။

နေ၀သန် said...

အားပါး.. ကဗျာလေးက စကားလုံးတွေ လန်းတယ်ဗျာ.... ကဗျာရေးတတ်တဲ့သူတွေကို သိပ်အားကျတယ်..တိုတိုထိထိလေးနဲ့ ခံစားချက်တွေကို ပြနိုင်လို့လေ...


ခင်မင်တဲ့
နေ၀သန်

သူကြီးမင်း (တုံးဖလား) said...

မထိတထိ ကလိတာတောင်... ရင်ဘတ်ကို လာထိတယ် တဲ့။ မိုက်တယ်။ ကဗျာလေးက။

ချစ်ကြည်အေး said...

ယွန်း မျက်ရည်လာသုတ်ပေးတယ်....တိတ် တိတ်...

~ဏီလင်းညို~ said...

ယွန်းရေ့.......

ကဗျာလေးကို......ခပ်လွမ်းလွမ်းလေးဖတ်သွားတယ်......။

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

ခြေလှမ်းသစ် said...

တက်ညီလက်ညီ လွမ်းခွင့်ကြုံတုံး လွမ်းတာဘဲ လွမ်း ... လွမ်း... အားရပါးရ လွမ်း....

အင်ကြင်းသန့် said...

အဟင့် အဟင့်....နာနိုလိုက်တော့မှာနော် တူနယ်ဂျင်း။ :((

Unknown said...

ဟုတ်လား.. ဘလော့ဂါတွေ လွမ်းနေကြတယ်တဲ့လား။ သိပါဘူး။ ဒါပေမယ့် အစ်မကဗျာဖတ်ပြီးတော့ တော့ တကယ်လွမ်းသွားတယ်။

SHWE ZIN U said...

မလွမ်းကြပါဗျာ ပျင်းစရာကြီး

ချစ်တဲ့
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

ပျော့ဖတ်ဖတ် အပြုံးလေးကို မြင်ယောင်ကြည့်မိတယ်။။
ဘယ်လောက်များ နွမ်းခွေနေမှာပါလိမ့်..
ကဗျာဖတ်ရင်းကိုယ်ပါ လွမ်းသွားပြီ။

နွေဆူးလင်္ကာ said...

လွမ်းတတ်သူတိုင်း ကဗျာရေးတတ်ကြသည်။ ကဗျာရေးသူတိုင်း လွမ်းဖူးကြသည်။

blackroze said...

ဗြုန်းခနဲတော့မဖွင့်လိုက်နဲ့အမရေ...
ဖြည်းဖြည်းချင်းလေးတော့ဖွင့်ပါ...
တခါတခါအချစ်မရှိတော့လဲပျင်းစရာကြီး..

သူကြီးမင်း (တုံးဖလား) said...

ကဗျာလေးက မိုက်လှချည်လား။ ရင်ဘတ်မှာ အသံတိတ်နဲ့ အကြိတ် ငိုနေတဲ့ ငါ တဲ့။ တွေးတတ်ရေးတတ်တယ်နော်။ ကဗျာဥာဏ်ရှိတယ်။

မြစ်ကျိုးအင်း said...

ဝုန်းခနဲ မပွင့်ဖို့ ရင်ခွင်မှာ alarm တပ်ထားရင် ကောင်းမယ်။ ခင်လို့စတာ ။ ကဗျာကောင်းလေးကို ဖျက်စီးတာ မဟုတ်ဘူးနော်။ လောလောဆယ် မလွမ်းရသေးလို့ စသွားတာ။ လွမ်းနေချိန်ဆိုရင် တော့ ထိ နိင်တယ်။

ချိုကျ said...

အဲ....လွမ်းကြည့်လို့ရတယ်တဲ့ ကျနော်လည်း ဖတ်ကြည့်ပြီး လွမ်းကြည့်သွားပါတယ် :)

ခင်တဲ့(ချိုကျ)

sosegado said...

ကဗျာကို ခံစားသွားပါတယ်၊ မလွမ်းချင်ပါနဲ့

မြတ်မွန် said...

အမယ် ယွန်းက လွမ်းတတ်တယ်..
အလွမ်းဆိုတာ လူတိုင်းရင်မှာ ရှိကြတယ်ထင်တယ်နော်။
ခံစားလို့ကောင်းတဲ့ ခပ်ပြင်းပြင်း စိတ်အရသာ တစ်ခုပါပဲ ယွန်းရေ..။

လွမ်းလို့ကောင်းတဲ့ ကဗျာလေးပါပဲ။

ပန်းနုနှင်းဆီ said...

ကဗျာလေးက အရမ်းကောင်းပါတယ်...
ကိုယ်တိုင်လည်း ဖတ်ပြီး လွမ်းသွားတယ်..

MoeThwayNge said...

အလည်ရောက်ရှိရင်းက ကဗျာလေးကို ဝင်ရောက်ခံစားသွားပါတယ်ဗျာ။ ဘယ်နားမှာ ရောက်ကြောင်း ရေးရမှန်းမသိတာနဲ့ ကွန်းမန်းမှာ ဝင်ရေး သွားပါတယ်။ ကျွန်တော်က ကွန်မန့်ရေးခဲတယ်လေ။ ခုတော့ ရေးခဲ့ပါတယ် အဆင်ပြေ အေးချမ်းပါစေဗျာ။

ခင်မင်မှုဖြင့်-
အားလုံးကိုပျော်စေချင်တဲ့.............

About me

Blogger templates